cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မဟာ စိုက်ပျိုးရေးတောင်သူများအတွက် မိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးရွာသွန်းရင် တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ စိုထိုင်းစ မြင့်တက်လာပြီး စိုက်ခင်းကိုဖျက်ဆီးမဲ့ မှိုရောဂါများကို ပေါက်ပွားလာစေ/ပြင်းထန်လာစေပါတယ်။
  • ညောင်မြို့နယ် နဲ့ ဟဲဟိုးမြို့နယ်တို့မှာ အခုတလောမိုးများ ရွာသွန်းလျက်ရှိပါတယ်။

    မိုးရွာသွန်းမှုဟာ နောက်တစ်ပတ်ခန့်ထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။

    မိုးရွာသွန်းရင် တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ စိုထိုင်းစ မြင့်တက်လာပြီး

    စိုက်ခင်းကိုဖျက်ဆီးမဲ့ မှိုရောဂါများကို ပေါက်ပွားလာစေ/ပြင်းထန်လာစေပါတယ်။

    ဒါကြောင့် ကျနော်တို့ ထွက်တိုးအဖွဲ့တော်သားများမှ

    ဦးကြီးတို့ရဲ့ ဆိုင်ရာဆိုင်ရာ စိုက်ခင်းအသီးသီးမှာ ကျရောက်လာနိုင်တဲ့ မှိုရောဂါများကို ကြိုတင်သတိပြုမိ ကာကွယ်နိုင်အောင် နှိုးဆော်စာတစ်စောင် ရေးပို့ပေးပါရစေခင်ဗျာ။

    #ခရမ်းချဉ်

    ခရမ်းချဉ်စိုက်ခင်းများမှာ အခုလို မိုးရွာလိုက် နေပူလိုက်ဖြစ်တဲ့ရာသီမှာ

    အော်တာနေးရီးယားရွက်ပြောက်နဲ့ လောင်မဲ(နှောင်းပင်နာကျ)ရောဂါ ပူးတွဲကျရောက်တတ်ပါတယ်။ ဒီရောဂါများဟာ မဖြစ်သေးတဲ့ အခင်းတွေလည်း အခုချိန်ကတည်းက ကြိုတင်ပက်ဖျန်းကာကွယ်ပါ။

    ဖြစ်စပြုနေတဲ့အခင်းများလည်း မဖြစ်မနေ စတင်ပက်ဖျန်းပေးပါ။

    အသုံးပြုရမယ့်မှိုသတ်ဆေးများကတော့-

    အော်တာနေးရီးယားရွက်ပြောက်အတွက် ကလိုရိုသာလိုနေး(မန်ကိုဇက်)+ထရိုင်ရာဇိုးအုပ်စုဝင်ဆေးများ(ပရိုပီကိုနာဇိုး၊ဒိုင်ဖီနိုကိုနာဇိုး) သို့မဟုတ် အဇိုဇီစရိုဘင်။

    လောင်မဲ(နှောင်းပင်နာကျ)အတွက် မန်ကိုဇက်+ဆိုင်မောက်ဇနေး၊ မန်ကိုဇက်+ပရိုပါမိုကပ်၊ မန်ကိုဇက်+ဒိုင်မီသိုမော့၊ ဖီမောက်ဇာဒုန်း+အောက်ဇာသိုင်ရာပီပရိုလင် ဆေးများဖြစ်ပါတယ်။

    မိုးရွာနေတာမို့ မိုးခေတ္တရပ်ချိန်မှာ စွဲကပ်ပျံ့နှံ့ဆေးများနှင့် အထက်ဖော်ပြပါ မှိုသတ်ဆေးများကို တွဲဖက် အသုံးပြုပါ။

    မှိုသတ်ဆေးများကို ငါးရက်ခြားနဲ့ ၂ ကြိမ် ဆက်တိုက်ဖျန်းပေးပါ။

    #အာလူး

    အာလူးစိုက်ခင်းများမှာတော့ ဒီလိုမိုးရာသီကာလမှာ ဦးကြီးတို့အတွက် နာမည်ကျော် လောင်မဲကျဖို့က သေချာသလောက်ပါပဲ။

    မိုးတွေကလည်း ရွာနေတာမို့ ဆေးမဖျန်းဖြစ်လိုက်ရဘူးဆိုတာတော့ မဖြစ်ပါစေနဲ့နော်။

    ကော်ရည်နဲ့ ဖျန်းမဲ့မှိုသတ်ဆေးများကိုရောပြီး ဖျန်းပေးပါ။

    မိုးရပ်တဲ့ အတောအတွင်း ဖျန်းပေးနိုင်အောင် ဆောင်ရွက်စေချင်ပါတယ်။

    ဘာဆေးတွေဖျန်းရမှာလဲဆိုတော့-

    ၁။ ကလိုရိုသာလိုနေး+ဆိုင်မောက်ဇနေး၊ မန်ကိုဇက်+ဒိုင်မီသိုမော့၊ မန်ကိုဇက်+ပရိုပါမိုကပ်၊ ဖီမောက်ဇာဒုန်း+အောက်ဇာသိုင်ရာပီပရိုလင် ဆေးများဖြစ်ပါတယ်။ ဦးကြီးတို့ကြိုက်နှစ်သတ်ရာ ဆေးအတွဲ ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

    ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ဆေးတစ်ကြိမ်ဖျန်းရုံနဲ့ အဆင်မပြေတာမျိုးဖြစ်နေရင်လည်း စိတ်ဓာတ်မကျလိုက်ပါနဲ့ဦးနော်၊ ၄-၅ ရက်ခြား နဲ့ ထပ်ဖျန်းပေးစေချင်ပါတယ်ခင်ဗျာ။

    #ပြောင်း

    ပြောင်းစိုက်ခင်းတွေမှာတော့ ပြောင်းပင်စည်ပုပ်နဲ့ ရွက်ခြောက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ မိုးတွေက ရွာနေပြီဆိုတော့လေ။ ဒါ့ကြောင့် မှိုသတ်ဆေးတစ်ကြိမ်၊ နှစ်ကြိမ်ခန့်တော့ ဝင်ပေးစေချင်ပါတယ်။ ဒါမှသာ အဖူးလှမှာပါ။

    ဘာမှိုဆေး ဖျန်းရမလဲဆိုရင် ၊ ထရိုင်ရာဇိုး အုပ်စုဝင် ဆေးတစ်မျိုးမျိုး သို့မဟုတ် အဇိုဇီစထရိုဘင်ဆေးအဆိပ် ဖျန်းပေးပါ၊ ကော်ရည်ထည့်ဖို့တော့ မမေ့ပါနဲ့နော်။ မိုးတွေရွာနေလို့ မဖျန်းလိုက်ရဘူးဆို အဖူးတွေမလှပဲနေပါလိမ့်မယ်။ မိုးကြားကပဲ ဖျန်းဖြစ်အောင် ဖျန်းဖို့ မိုးတိတ်ချိန်လေးခဏမှာ ပြောင်းပင်လေးတွေကြား ဝင်ရောက်ဖျန်းပေးပါအုံးခင်ဗျာ။

    နောက်ပြီးတာ့ ပေါင်းတွေရော နိုင်ကြရဲ့လားခင်ဗျာ။ ပေါင်းတွေက အစာလုစားကြတာမို့....ပါရာကွက်ကို ပင်ကြားတန်းကြားမှာ ဖျန်းပေးဖို့ (ဦးကြီးများသိပြီးသားဖြစ်နေရင်လည်း ) မမေ့အောင် သတိပေးပါရစေနော်။

    ကဲ...ဒီတစ်ခါမှာတော့ တောင်သူဦးကြီးများကို ထွက်တိုးအဖွဲ့တော်သားတွေနဲ့ ရင်းနှီးသွားအောင်၊ အခြားမြန်မာပြည်အနှံ့က တောင်သူဦးကြီးများတို့နဲ့လည်း ချိတ်ဆက်မိအောင် ဒီဆောင်းပါးလေးရဲ့အောက်ပါ မိမိစပါးခင်းမှာကြုံတွေ့နေတဲ့ ပြဿနာလေးတွေကို အတူတူမျှဝေကြရအောင်လားခင်ဗျာ။

    ----

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
  • article
  • article
  • article
  • article
likes1comments0
views1796