ပဲခူးတိုင်းဒေသကြီး အတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် စပါးမှိုသီးရောဂါအတွက် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့မှ သြဂုတ်လ (၁၉) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ သြဂုတ်လ (၁၃) ရက်နေ့မှ သြဂုတ်လ (၁၉) ရက်နေ့အထိ မိုးရွာရန် ရာနှုန်း ၄၂ မှ ၁၀၀ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၆ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၁၇၊ ၁၈ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၄၂ တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ ၆၂-၇၅ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၁°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ သြဂုတ်လ (၁၃) ရက်နေ့မှ သြဂုတ်လ (၁၉) ရက်အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၅ မှ ၁၀၀ အတွင်းရှိနိုင်ပါတယ်။ သြဂုတ်လ ၁၆ ရက်များတွင် မိုးရွာရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၆၅ မှ ၇၇ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၈°C မှ အမြင့်ဆုံးအပူချိန် ၃၃ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ သြဂုတ်လ (၁၃) ရက်နေ့မှ သြဂုတ်လ (၁၉) ရက် အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၉ မှ ၁၀၀ အတွင်း ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၈ ရက်တွင် မိုးရွာရန် ရာနှုန်း ပြည့် ရှိပြီး ကျန်သောရက်မှာ မိုးရွာရန် ၆၄ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၈°C မှ အမြင့်ဆုံးအပူချိန် ၃၃ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
စပါးအထွက်သေချာဖို့ စပါးမှိုသီးရောဂါကြိုတင်ကာကွယ်စို့
-အခုကာလမှာ ရေကြီးမှုနဲ့မကြုံခဲ့ရတဲ့ ပဲခူးအတိုင်းအတွင်းက စပါးခင်းများဟာ မကြာတော့တဲ့ကာလအတွင်း ဖုံးလုံးချိန်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
စပါးဖုံလုံးချိန် နဲ့ အနှံပြစပြုတဲ့အချိန်မှာ မိုးရာသီဖြစ်တဲ့အတွက် မိုးမိတတ်ပါတယ်။
စပါးအနှံတွေထွက်လာပြီး နို့ရည်ခဲချိန်မှာတော့ မိုးမိခဲ့တာကြောင့် စပါးစေ့တွေဟာ မှိုသီးစွဲကပ်ပြီး အဖျင်းအမှော်များဖြစ်ကာ အထွက်လျော့ကျပါတယ်။ရာချီထွက်ရမှာ ထက်ဝက်ပဲ ထွက်တဲ့အထိ ဆိုးရွားစွာရင်ဆိုင်ရပါတယ်။အင်မတန်နှမြောဖို့ ကောင်းလှပါတယ်ခင်ဗျာ။
ဒါကြောင့် စပါးခင်းတွေကို အခုလိုကာလမှာကတည်းက
အဇိုဇီစထရိုဘင်+ဒိုင်ဖီနိုကိုနာဇိုး၊ထရိုင်ဆိုင်ကလာဇိုး+ပရိုပီကိုနာဇိုး မှိုသတ်ဆေးအတွဲများ ကြိုတင်ပက်ဖျန်းကာကွယ်ပါ
အချိုးညီ မြေဩဇာများ ကျွေးပါ။
ပိုတက်စီယမ် အချိုးကို ပိုမိုကျွေးပေးနိုင်ရင်ပိုကောင်းပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ငါးကန်များ ရေကြီးနစ်မြှပ် ကြုံတွေ့နေရကြောင်း ကြားသိရတဲ့အတွက် ယခုတစ်ပတ်မှာ မဖြစ်မနေ လုပ်ဆောင်ရန် အချက်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ ငါးကန် ပတ်ပတ်လည်တွင် တာဘောင်မြှင့်ခြင်း၊ ပိုက်ကာခြင်းများ မဖြစ်မနေလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက အနိမ့်ပိုင်း ကန်များရှိ ငါးများကို အမြင့်ပိုင်းရှိ ကန်များသို့ ပြောင်းရွေ့ထားစေလိုပါတယ်။ ယခုတစ်ပတ်အတွင်း မိုးနည်း နိုင်သဖြင့် ယခုအချိန်တွင် မိမိကန်သန့်ရှင်းရေးဆောင်ရွက်ထားဖို့ ပြောကြားလိုပါတယ်။ အသားစားငါးနဲ့ ငါးရိုင်း သန့်ရှင်းရေး ဆောင်ရွက်စေပြီး အစာကိုလည်း သတ်မှတ်နှုန်းတားထက် လျော့၍ ကျွေးစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Weather Source: CIAT