ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် စပါးပင်စည်ပုပ် ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ ၁၇၊ ၁၈၊ ၂၀ ရက်နေ့ တွေမှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းအထက်မှာရှိနိုင်ပြီး သြဂုတ်လ ၂၁၊ ၂၂ ရက်နေ့မှာ မိုးရွာရန် ၆၂-၆၆ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၇၅ မှ ၈၀ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၁.၉°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၁၈၊၂၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက် မှာ ရှိနိုင်ပြီး သြဂုတ်လ (၂၂) ရက်မှာ မိုးရွာရန် ၆၉ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၁ မှ ၈၇ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ (၂၂) ရက်နေ့တွင် မိုးရွာရန်ရာနှုန်း (၉၉) ရှိနိုင်ပြီး သြဂုတ်လ ၂၀ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၆၀ သာရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၆ မှ ၈၇ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၁၉ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၁.၉ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၁၆၊ ၁၉၊ ၂၀ မိုးရွာရန် ရာနှုန်း ၉၀ တွင်ရှိနိုင်ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ ရွာရန်ရာနှုန်း ၆၈ သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၈၀ မှ ၈၇) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၇၊ ၁၈ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၀-၉၂ တွင် ရှိနိုင်ပြီး သြဂုတ်လ ၁၆၊ ၂၂ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၆၀ မှ ၆၇ ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၇၇ မှ ၈၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၆၊ ၁၉ ရက်အထိ မိုးရွာရန်ရာနှုန်း ၉၀-၉၂ ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၃.၅ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၅.၁ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၈ နေ့တွင် မိုးရွာရန် ရာနှုန်း ၈၆ ရှိနိုင်ပြီး သြဂုတ်လ ၁၇၊ ၁၉ ရက်နေ့တွင် မိုးရွာရန်ရာခိုင်နှုန်း ၄၄ သာရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် ၅၅ မှ ၈၆ ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၆ ရက်နေ့မှာ မိုးရွာရွန်ရာနှုန်း ရာနှုန်းပြည့် ဖြစ်ပါတယ်။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၂ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၃°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၆)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၀၊ ၂၁၊ ၂၂ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက်မှာရှိနိုင်ပြီး ကျန်ရက်များမှာ (၆၉ မှ ၈၀) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၈၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၈ ရက်နေ့တွင် ရာနှုန်း ၈၆ ဖြစ်ပြီး သြဂုတ်လ ၁၆၊ ၁၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၄၊ သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၆၄-၆၇ ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ သြဂုတ်လ ၁၆၊ ၁၈ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ နှင့် အထက်တွင်ရှိနိုင်ပြီး ကျန်ရက်များတွင် (၈၇)ရာခိုင်နှုန်း နှင့် အောက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် မှ (၂၂) ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၁၄ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ကျန်ရက်တွေမှာတော့မိုးရွာရန် ၇၄ ရာခိုင်နှုန်း အောက် တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။
တောင်သူများသို့ အကြံပြုချက်
ဒီတစ်ပါတ်မှာတော့ ဦးကြီးတို့ကို ရိုသေစွာ လက်တို့ပြောပြလိုတာကတော့ အခုတလောအကျများနေတဲ့ စပါးခင်းထဲက စပါးပင်စည်ပုပ်ပါခင်ဗျာ။
လက္ခဏာပုံစံကတော့ -
- ပင်စည်ပတ်လည် ပုပ်ရိပြီး စပါးရွက်များနီပါတယ်၊ခြောက်ပါတယ်။
- ရေနဲ့ထိစပ်တဲ့ပင်စည်ပတ်လည်မှာပိုအဖြစ်များပါတယ်။
- စပါးခင်းက အတက်နှေးနေပါလိမ့်မယ်။
- အချို့ခင်းများ အကြည့်ရဆိုးပါမယ်။
- ပုလဲကျွေးဖို့မေ့ထားပါ(ပိုဆိုးသွားမှာမို့ပါခင်ဗျာ) ။
- အပင်ကိုနှုတ်ပြီး အမြစ်နဲ့ပင်စည်ပတ်လည်ကနေ အပုပ်နံ့ရလား စစ်ဆေးပေးပါ။
ကာကွယ်ဖို့အတွက်ဆိုရင် -
- အပုပ်နံ့ရရင် ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ကော့ပါးဆေးများ၊ဘစ်(စ)မာသိုင်ရာဇော ဆေးပက်ဖျန်းပါ။
- အပုပ်နံ့မရပါက Triazole အုပ်စုဝင် မှိုသတ်ဆေးများပက်ဖျန်းပါ။
- ဆေးဖျန်းချိန် ရေစပ်စပ်လေးပဲရှိရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။
- စွဲကပ်ပျံ့နှံ့ဆေး ထည့်ဖျန်းပေးပါ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ငါးကန်များ ရေကြီးနစ်မြှပ် ကြုံတွေ့နေရကြောင်း ကြားသိရတဲ့အတွက် ယခုတစ်ပတ်မှာ မဖြစ်မနေ လုပ်ဆောင်ရန် အချက်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ ငါးကန် ပတ်ပတ်လည်တွင် တာဘောင် မြှင့်ခြင်း၊ ပိုက်ကာခြင်းများ မဖြစ်မနေလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက အနိမ့်ပိုင်း ကန်များရှိ ငါးများကို အမြင့်ပိုင်းရှိ ကန်များသို့ ပြောင်းရွေ့ထားစေလိုပါတယ်။ ရေအပူချိန် ရုတ်တရက် ပြောင်းလဲနိုင်သဖြင့် ပျော်ဝင်အောက်ဆီရရှိနိုင်ရန် ရေလှည့်ပေးစေလိုပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
Weather Source: CIAT
-----
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။