cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လှောင်အိမ်ဖြင့် ငါးမွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

. ငါးမွေးမြူရေးဆောင်းပါးများ
လှောင်အိမ်နဲ့မွေးတဲ့စနစ်မှာဆိုရင် မွေးမြူသင့်တဲ့ ငါးအမျိုးအစားများကတော့ တီလားဗီးယား၊ ငါးခူ၊ ငါးကြင်း အစရှိတဲ့ ငါးတွေဖြစ်ပါတယ်။ လှောင်အိမ်ကို ရေထဲမျောနေတဲ့ ပိုက်ကွက်တွေ သုံးရင် ပိုအဆင် ပြေပါတယ်။
  • လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း ဆိုတာကတော့ သဘာဝအတိုင်းရှိနေတဲ့ မြစ်ချောင်း၊ အင်းအိုင်တွေမှာ စီးပွားဖြစ် မွေးမြူခြင်းကို ဆိုလိုပါတယ်။ သဘာဝအတိုင်းစီးနေတဲ့ရေထဲမှာ လှောင်အိမ်နဲ့မွေးတာဟာ အလေအလွင့်တွေကို ဖယ်ရှားပေးသလို ရေအရည်အသွေးကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်။  

    လှောင်အိမ်နဲ့မွေးတဲ့စနစ်မှာဆိုရင် မွေးမြူသင့်တဲ့ ငါးအမျိုးအစားများကတော့ တီလားဗီးယား၊ ငါးခူ၊ ငါးကြင်း အစရှိတဲ့ ငါးတွေဖြစ်ပါတယ်။ လှောင်အိမ်ကို ရေထဲမျောနေတဲ့ ပိုက်ကွက်တွေ သုံးရင် ပိုအဆင် ပြေပါတယ်။ ဒါပေမယ့် တာရှယ်ခံ၊ သန်မာပြီး အဆိပ်မဖြစ်တဲ့ အရာတွေနဲ့ တည်ဆောက် သင့်ပါတယ်။ ပြီးတော့ စီမံခန့်ခွဲရလွယ်တဲ့ နေရာဖြစ်ဖို့လည်း လိုပါတယ်။  

    ဒါကြောင့် လှောင်အိမ်နဲ့မွေးတဲ့ ငါးမွေးမြူခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဖော်ပြပေး လိုက်ပါတယ် ခင်ဗျာ။ 

    (က) ကောင်းကျိုး 

    (၁) ကန်ဖော်ရလွယ်ကူခြင်း 

    လှောင်အိမ်နဲ့မွေးတဲ့စနစ်ဟာ ကန်ဖော်ရမှာ အရမ်းအဆင်ပြေပါတယ်။ ကန်ဖော်ချိန်မှာ လှောင် အိမ်ကို မယူနိုင်သလို ရေတိမ်နဲ့နေရာမှာ ရွေးပြီး ကန်ဖော်လို့ရပါတယ်။ 

    (၂) သဘာဝအရင်းအမြစ်မှ အခြားအသုံးချမှုများကို မထိခိုက်စေခြင်း 

    လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းဟာ အခြား ရည်ရွယ်ချက်တွေကို မထိခိုက်စေပါဘူး။ ဥပမာ အဆိုပါရေတွင် ရေကူးနိုင်ခြင်း၊ ရေကို စုပ်ယူသုံးစွဲနိုင်ခြင်းစတဲ့ အချက်တွေဖြစ်ပါတယ်။ 

    (၃) စတင်ဆောင်ရွက်ချိန်တွင် ကုန်ကျစရိတ်နည်းခြင်း 

    လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်းဟာ ကုန်ကျစရိတ်နည်းပြီး အတွေ့အကြုံလည်း သိပ်မလိုတာကိုတွေ့ရပါတယ်။ 

    (ခ) ဆိုးကျိုး 

    (၁) အစာကိုရှာဖွေ မစားသောက်နိုင်ခြင်း 

    လှောင်အိမ်စနစ်နဲ့ မွေးမယ်ဆိုရင် လှောင်ကန်ထဲရှိတဲ့ ငါးတွေဟာ သဘာဝက အစာတွေ လုံလုံ လောက်မရရှိတဲ့အခါ အစာကောင်းကောင်းကျွေးကြရပါတယ်။ 

    (၂) အထွက်နှုန်းကန့်သတ်ချက်ရှိခြင်း 

    လှောင်အိမ်စနစ်နဲ့မွေးတဲ့ ငါးအထွက်နှုန်းဟာ ကန်ထဲမွေးထဲငါးအထွက်နှုန်းနဲ့ယှဉ်ရင် အထွက်နှုန်း နည်းနေတာကို တွေ့ရတတ်ပါတယ်။ ပြွတ်ကျပ်နေခြင်း၊ ရောဂါကျရောက်မှုများခြင်းနဲ့ ရေအရည်အသွေး ညံ့တာတွေဟာ အထွက်လျော့စေပါတယ်။ 

    (၃) အလွယ်တကူခိုးယူနိုင်ခြင်း၊ ဖျက်ဆီးခံရနိုင်ခြင်း 

    လှောင်အိမ်နဲ့ မွေးတဲ့စနစ်ဖြစ်တာကြောင့် ငါးခိုဖမ်းတဲ့သူတွေအတွက် မျက်စိကျစရာဖြစ်ပါတယ်။ လက်သရမ်းပြီး ဖျက်ဆီးတဲ့သူနဲ့တွေရင်လည်း ဆုံးရှုံးမှုတွေရှိနိုင်ပါတယ်။ ကျူးကျော်ဝင်ရောက် ဖမ်းဆီး တာတွေလည်း ခံရနိုင်ပါတယ်။ ဒါကြောင့် စောင့်ကြည့်လို့ရတဲ့နေရာတွေမှာ တည်ဆောက် သင့်ပါတယ်။ 

     

    Source: https:// krishijagran.com/animal-husbandry/advantages-and-disadvantages-of-cage-fish-culture-in-aquaculture/ 


  • article
likes3comments0
views3506