cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ် ပျှမ်းမျှဈေးနှုန်းများကို လေ့လာသော် ဒုတိယ ပတ်တွင် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ၃,၄၂၂,၀၀ဝိ/-ကျပ် ဖြစ်ပြီး တတိယပတ်တွင် ၃,၇၁၀,၅၀ဝိ/-ကျပ်ရှိသဖြင့် ယခင်ပတ်နှင့်နှိုင်းယှဉ်သော် ၂၈၈,၅၀ဝိ/-ကျပ်မြင့်တက်လာပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)၊ ပဲစဉ်းငုံနီ (အာစီ) တစ်တန် ပျှမ်းမျှဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဈေးနှုန်းမှာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် ၃,၇၈၄,၀၀ဝိ/-ကျပ်၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၄,၁၇၄,၀၀ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၄,၇၉၀,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ် ပျှမ်းမျှဈေးနှုန်းများကို လေ့လာသော် ဒုတိယ ပတ်တွင် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ၃,၄၂၂,၀၀ဝိ/-ကျပ် ဖြစ်ပြီး တတိယပတ်တွင် ၃,၇၁၀,၅၀ဝိ/-ကျပ်ရှိသဖြင့် ယခင်ပတ်နှင့်နှိုင်းယှဉ်သော် ၂၈၈,၅၀ဝိ/-ကျပ်မြင့်တက်လာပါတယ်။ 

    မတ်ပဲ(အက်စ်ကျူ၊ အာစီ) ဈေးနှုန်းမှာ ဒုတိယပတ်တွင် ၃,၇၄၃,၅၀ဝိ/-ကျပ် ဖြစ်ပြီး တတိယပတ်တွင် ၃,၀၆၃,၀၀ဝိ/-ကျပ်ရှိသဖြင့် ယခင်ပတ်နှင့်နှိုင်းယှဉ်သော် ၃၁၉,၅၀ဝိ/-ကျပ်မြင့်တက်လာပါတယ်။  

    ပဲစဉ်းငုံနီ (အာစီ)ဈေးနှုန်းလေ့လာသော် ဒုတိယပတ်တွင် ၄,၃၀၃,၅၀ဝိ/-ကျပ် ဖြစ်ပြီး တတိယ ပတ်တွင် ၄,၆၆၂,၅၀ဝိ/-ကျပ်ရှိသဖြင့် ယခင်ပတ်နှင့်နှိုင်းယှဉ်သော် ၃၅၉,၀၀ဝိ/-ကျပ်မြင့်တက်လာပါတယ်။ 

     

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဩဂုတ်လ တတိယပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျှမ်းမျှ ဈေးနှုန်းမှာ ၃,၁၆၆,၅၆၃ိ/- ကျပ်၊ မတ်လတွင် ၃,၁၄၀,၅၄၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၁၅၄,၄၂၅ိ/- ကျပ်၊ မေလတွင် ၃,၂၂၅,၄၁၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၄၀၄,၄၆၃ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၃၄၃,၈၉၀ိ/- ကျပ်၊ ဩဂုတ်လ (တတိယပတ်အထိ)တွင် ၃,၅၀၉,၁၆၇ိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။  

    မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျှမ်းမျှဈေးနှုန်းမှာ ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလတွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ်လ (တတိယပတ်အထိ)တွင် ၃,၈၃၈,၀၀၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ 

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျှမ်းမျှဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလတွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ်လ (တတိယပတ်အထိ)တွင် ၄,၄၅၂,၃၃၃/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ 

     

     

    သုံးသပ်ချက် 

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ မြင့်တက်လာပါတယ်။ အဲ့လိုမြင့်တက်ရတာဟာ စိုက်ပျိုးရာသီဖြစ်နေခြင်း၊ အသစ်များမပေါ်သေးခြင်း၊ အဟောင်းလက်ကျန်နည်းနေခြင်းတို့ကြောင့် ဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာပါတယ်။ မတ်ပဲ၊ ပဲစဉ်းငုံများကို တရုတ်နဲ့ အိန္ဒိယနိုင်ငံများသို့ အများဆုံး တင်ပို့ ကြောင်း သိရှိရပါတယ်။ 

    ဈေးကွက် ခန့်မှန်းချက် 

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနိုင်ပါကြောင်း ခန့်မှန်း ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 


  • article
likes1comments0
views2755