ရန်ကုန်တိုင်းဒေသကြီး မိုးလေဝသခန့်မှန်းချက်နှင့် နှံစုပ်ဂျပိုး အန္တရာယ်အကြံပြုချက်
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၅) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၃)ရက် နေ့အထိ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၇၂ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိရှိ ပါတယ်။ (၂၄)ရက်နေ့နဲ့ (၂၅)ရက်နေ့များမှာတော့ ရွာနိုင်ခြေနည်းပါကြောင်း ခန့်မှန်းရေးသား လိုက်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၂ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၅) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၃)ရက် နေ့အထိ မိုးဆက်လက်ရွာသွန်း မည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၈၉ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအထိရှိ ပါတယ်။ (၂၄)ရက်နေ့နဲ့ (၂၅)ရက်နေ့များ မှာတော့ ရွာနိုင်ခြေနည်းပါကြောင်း ခန့်မှန်းရေးသား လိုက်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၈ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၅) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၃)ရက် နေ့အထိ မိုးဆက်လက်ရွာသွန်း မည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၇၂ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိ ပါတယ်။ (၂၄)ရက်နေ့နဲ့ (၂၅)ရက်နေ့ များမှာ တော့ ရွာနိုင်ခြေနည်းပါကြောင်း ခန့်မှန်းရေးသား လိုက်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၇ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၅) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ဩဂုတ်လ (၁၉)ရက်နေ့မှ (၂၃)ရက် နေ့အထိ မိုးဆက်လက် ရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိရှိ ပါတယ်။ (၂၄)ရက်နေ့နဲ့ (၂၅)ရက် နေ့များမှာတော့ ရွာနိုင်ခြေနည်းပါကြောင်း ခန့်မှန်းရေးသား လိုက်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၃ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရေမနစ်မြုပ်ခဲ့တဲ့စပါးခင်းများဟာ မကြာမီ ဖုံးလုံးစပြုပြီး အနှံစပြူ ချိန် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီလိုအချိန်မှာ နှံစုပ်ဂျပိုး အန္တရာယ်ကို သတိပြုကြဖို့ အထူး တိုက်တွန်းလိုပါတယ်ခင်ဗျာ။
စပါးစေ့တွေကို အစိမ်းရောင်၊ စိမ်းညိုရောင် နှံစုပ်ဂျပိုးများ ကျရောက်ပြီး စပါးအစေ့အချို့ ဖျင်း ခြင်း၊ အညိုရောင် စွန်းထင်းခြင်းများဖြစ်ကာ အထွက်နှုန်းထိခိုက်ကျဆင်းစေပါတယ်။ ထူးခြားချက် ကတော့ နှံစုပ်ဂျပိုးတွေဟာ နံနက်စောစောနဲ့ ညနေပိုင်းတွေမှာ စပါးစေ့နို့ရည်များ စုပ်စားလေ့ရှိပါတယ်။
ဒါကြောင့် ဒီတစ်ပါတ်မှာတော့ နှံစုပ်ဂျပိုးကာကွယ်နှိမ်နင်းနည်းကိုဖော်ပြပေးပါရစေခင်ဗျာ။
၁။ ပေါင်းမြက်များကို ရှင်းလင်းပါ။
၂။ ပိုးကျတာနှင့် ဆေးဖျန်းနိုင်အောင် ကွင်းဆင်းစစ်ဆေးမှုမပြတ်ပါနှင့်။
၃။ လန်ဘဒါဆိုင်ဟေလိုသရင်+အီမာမက်တင်ဘန်ဇိုအိတ်၊လန်ဘဒါဆိုင်ဟေလိုသရင်+ပရိ ဖီနိုဖော့စ်ဆေးအဆိပ်များ ပက်ဖျန်းပါ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မိုးဆက်လက်ရွာသွန်းမည်ဖြစ်သဖြင့် ငါး/ပုစွန်တောင်သူဦးကြီးများအနေဖြင့် အောက်ပါအချက်များကို ဆောင်ရွက်ထားဖို့ မဖြစ်မနေတိုက်တွန်းအပ်ပါတယ် ခင်ဗျာ-
- ကန်ပတ်ပတ်လည် ပိုက်ကွက်များ မဖြစ်မနေ ကာရံထားရန်
- ပုစွန်န်ကန်များအနေဖြင့် ပြင်ပမှ ဝင်ရောက်လာသော ရေများကို စုပ်ထုတ်ပြီး အနီးနားရှိ သဘာဝ မြစ်ချောင်းများမှ ရေကို စုပ်ယူထည့်ပေးရန်၊
- ကန်ရေလှယ်ပေးရန်၊
- အစာဖိုးသက်သာစေရန၊် သဘာဝ ရေဩဇာမြင့်တက်ရေးဆောင်ရွက်ရန်၊
- ငါးကန်များအနေဖြင့် ငါးရိုင်းသတ်ဆေးများ ထည့်ပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။