ဆူးပုပ်စိုက်ပျိုးနည်း
. စိုက်ပျိုးနည်းစနစ်များ
နိဒါန်း
မြန်မာပြည်အနှံ့တွင် တွေ့ရပြီး၊ ကြော်ချက် စားသုံးနိုင်သည်။ ဟင်းရည်အဖြစ်လည်း ဖန်တီးစားသုံးနိုင်သည်။ ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍နှစ်မျိုးခွဲခြားထားသည်။
မြန်မာပြည်အနှံ့တွင် တွေ့ရပြီး၊ ကြော်ချက် စားသုံးနိုင်သည်။ ဟင်းရည်အဖြစ်လည်း ဖန်တီးစားသုံးနိုင်သည်။ ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍နှစ်မျိုးခွဲခြားထားသည်။
မြေပြုပြင်ခြင်း
- တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းပါသည်။ ရေနုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။ စိုက်ခင်းသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း ပြုလုပ်ရပါမည်။ မိုးကျပြီးလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၍ မြေညှိထားရမည်။ စိုက်မြောင်းများကို ပေ ၄၀ အရှည် မြောင်းများ ဆွဲလေ့ရှိသည်။
စိုက်ပျိုးခြင်း
- စိုက်မြောင်းများတွင် အနက် ရှစ်လက်မခန့်နှင့် အကျယ် လေးလက်မမှ ခြောက်လက်မခန့် ကျင်းကလေးများ တူးရမည်။ ကျင်းတစ်ခုနှင့် တစ်ခုခြောက်ပေစီ ခြားရမည်။ မြေထုတ်စီးပင်ဖြစ်က ကျင်းထဲတွင် လေးလက်မခန့် မြုပ်စိုက်ပါ။ အပင်ကို ထောင်မတ်အောင် စိုက်ပြီး မြေပြန်ဖုံးပေးရမည်။ အပင်ခြေရေမဝပ်စေရန် ခြောက်လက်မခန့် အမြင့်ထိ မြေပုံ၍ ဖိနင်းပေးရမည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ လများတွင် မြေဆွေးကျွေးသင့်သည်။
အပင်ပြုစုခြင်း
- မြေထုပ်စီးပင်စိုက်ပြီး ခြောက်လအကြာတွင် အပင်မှအတက်ကြီးများ ထွက်လာမည်။ ယင်းအတက်ကြီးများ တစ်ပေခန့် မြင့်လာလျှင်ဖြတ်ပေးရမည်။ ထိုအတက်များမှ အညွှန့်သစ်များ လိုက်လာလျှင် အောက်ဆုံးအတက်ကို ချန်၍ ခူးယူစားသုံးနိုင်သည်။ ကိုင်းချိုင်ခြင်းကို မနှစ်သက်ပါ။ ကိုင်းခြောက်များကိုသာဖယ်ရှားပေးသင့်သည်။
ခူးဆွတ်ခြင်း
- ကိုင်းမကြီးများ ထွက်လာသော အညွှန့်များကို အောက်ဆုံးအခက်တစ်ခုချန်၍ ခူးနိုင်သည်။ အညွှန့်ခူးခြင်းကို တစ်ရက်ခူး သုံးရက်နားပေးခြင်းဖြင့် ဆောင်ရွက်နိုင်သည်။ အပင်သက် ၂၅ နှစ်ခန့်တွင် အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များလဲလှယ်စိုက်ပျိုးသင့်ပါသည်။
- Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း (စားနှပ်ရိုက္ခာဖူလှုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
- သီးနှံပင် စိုက်ပျိုးနည်းများ၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများ၊ စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe
140
1885