cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲတီစိမ်းပင်အတွက်လိုအပ်သောအာဟာရများနှင့် အာဟာရချို့တဲ့မှု

. အပင်အာဟာရ
စိုက်ခင်းထဲမှာ ရှိတဲ့ ပေါင်းမြက်တွေကိုသာ နှိမ်နင်းလိုက်မယ်ဆိုရင် သီးနှံပင်ဟာ စိုက်ခင်းထဲမှာရှိတဲ့ အာဟာရဓါတ်တွေကို ပြည့်ပြည့် ဝဝ ရရှိနိုင်မှာ ဖြစ်ပါတယ်။
  • • အပင်အတွက် အဓိက လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ နိုင်ထရိုဂျင် (N) ၊ ဖော့စဖရပ်ဓါတ် (P) ၊ ပိုတက်ဆီယမ်ဓါတ်(K) တို့ဖြစ်ကြပါတယ်

    • စိုက်ခင်းထဲမှာ သီးနှံပင်နှင့် အပြိုင် ပေါင်းပင်တွေ ပေါက်နေမယ်ခဲ့မယ်ဆိုရင် မြေကြီးထဲက အာဟာရဓါတ်ကို ရယူ စားသုံးတာကြောင့် သီးနှံပင်အတွက် လိုအပ်တဲ့ အာဟာရ ရရှိမှုကို လျော့နည်းစေပါတယ်။

    • ပေါင်းပင်များသည် သီးနှံပင်ထက် ပိုပြီးတော့ မြေကြီးထဲက အာဟာရဓါတ်ကို ရယူ စားသုံးနိုင်ပါတယ်။

    • ဒါကြောင့် စိုက်ခင်းထဲမှာ ရှိတဲ့ ပေါင်းမြက်တွေကိုသာ နှိမ်နင်းလိုက်မယ်ဆိုရင် သီးနှံပင်ဟာ စိုက်ခင်းထဲမှာရှိတဲ့ အာဟာရဓါတ်တွေကို ပြည့်ပြည့် ဝဝ ရရှိနိုင်မှာ ဖြစ်ပါတယ်။

    နိုက်ထရိုဂျင်ဓါတ် ချို့တဲ့ခြင်း

    • ပင်စည်သည် ခရမ်းရောင်ပြောင်း၍ အရွက်များဝါပြီး ကြွေကျသည်။

    • အရွက်ရင့်တွေဝါလာပြီး နောက်ပိုင်းတဖြည်းဖြည်းနဲ့ အပင်ရဲ့ ထိပ်ပိုင်းတွေပါ အဝါရောင် ပြောင်းသွား တာကို တွေ့ရပါတယ်။

    • အပင်တစ်ပင်လုံး အစိမ်းရောင်ဖျော့ပြီး အဝါရောင်သန်းသွားသည်။

    • အပင်ရဲ့အောက်ပိုင်းအရွက်တွေ စတင်ဝါလာပြီး ပင်စည်မှာ ဒေါင်လိုက် ခရမ်းရောင် အစင်းကြောင်း များကို တွေ့ရသည်။

    • အောက်ပိုင်းအရွက်တွေ အဝါရောင်ပြောင်းကာ အညွှန့်သည် ဖြည်းဖြည်းနဲ့ အဖြူရောင် ပြောင်းသွား သည်။ အဝါရောင်အရွက်များသည် နောက်ပိုင်းအချိန်တွင် အပင်မှ ကြွေကျသည်။

    • သီးနှံပင် ကြီးထွားမှုနှေးခြင်း၊ အပင်ပုခြင်း၊ အရွက် နှင့် ပင်စည်များသေးခြင်းကို တွေ့ရသည်။

    • ချို့တဲ့မှု ဆိုးဝါးပါက အပင်၏ ထိပ်ပိုင်းအညွှန့်များ အဖြူရောင်ပြောင်းပြီး ကျန်သည့် အစိတ် အပိုင်း များဝါသွားသည်။

    • နောက်ထပ် အသစ်ထွက်လာသော အသစ်ထွက်လာသည့် အရွက်သစ်များသာ စိမ်း၍ ကျန်သည့် အရွက်များမှာ ဝါနေသည်။

    • နိုင်ထရိုဂျင် ချို့တဲ့ခြင်းသည် အရွက်ကြွေခြင်းကို ဖြစ်စေပြီး၊ အရွယ်မတိုင်ခင် ပန်းပွင့်ခြင်းကို အားပေးတဲ့ အတွက်ကြောင့် အထွက်နှုန်းကို လျှော့ကျစေပါသည်။

    ဘာကြောင့် နိုင်ထရိုဂျင် ချို့တဲ့ရတာလဲ (Reasons for a deficiency)

    • အပင်တွေမှာ အာဟာရဓါတ်ချို့တဲ့ခြင်းသည် စိုက်ခင်းကို မြေသြဇာ ထည့်သွင်းတဲ့အခါမှာ အပင်အတွက် လိုအပ်တဲ့ အာဟာရဓါတ်လုံလောက်စွာ မပါရှိခြင်း၊ မြေသြဇာ ကျွေးသည့်နည်းလမ်း လွဲမှားနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။ စိုက်ခင်းမြေထဲမှာ သဘာဝစွန့်ပစ် ပစ္စည်းတွေ အရမ်းများခဲ့ရင် သဘာဝ စွန့်ပစ်ပစ္စည်းမှာ ပါဝင်တဲ့ အကျိုးပြုသက်ရှိ တွေက နိုက်ထရိုဂျင်ကို ဖမ်းယူထားတဲ့ အတွက် အပင်က မရရှိတာ ဖြစ်ပါတယ်။ အကျိုးပြုသက်ရှိ ဘတ်တီးရီးယားတွေက ပြန်လည်ထုတ်ပေးတဲ့ အချိန်က နောက်ကျသွားတဲ့ အတွက်ကြောင့် အပင်မှ အချိန်မှီမရရှိနိုင်ခြင်ဖြစ်ပါတယ်။

    ဖော့စဖရပ်ဓါတ်ချို့တဲ့ခြင်း

    • ဖော့စဖရပ်ဓါတ်ချိုတဲ့ နေတဲ့ မြေကြီးမှာသာ အပင်ကို စိုက်ပျိုးမယ်ဆိုရင် အပင်က ဝါသည့် လက္ခဏာကို မပြပါဘူး။

    • ဖော့စဖရပ်ဓါတ်ချိုတဲ့ နေတဲ့ အပင်ဟာ ပုံမှန်အပင်ကဲ့သို့ အစိမ်းရောင်သန်းနေပါသည်။

    • အပင် အရွက်များက အချိန်မတိုင်ခင် စောပြီး ကြွေကျတာကို သိသာတဲ့ အချက်ကတော့ ရွက်လယ်ကြောတွေမှာ အနီရောင် အစက်အပြောက်လေးတွေကို တွေ့ရပါတယ်။

    • အပင်ကြီးထွားမှုကို နောက်ကျစေပါတယ်။

    ဘာကြောင့် ဖော့စဖရပ်ဓါတ်ချို့တဲ့ ရတာလဲ

    • အမြစ်ဖွံ့ဖြိုးမှုနဲ့ အပင်ကြီးထွားသန်မာဖို့အတွက် အပင်အစောပိုင်းကာလမှာ ဖော့စဖရပ်ဓါတ်ကို လိုအပ်ပါတယ်။

    • အပင်မှာ ဖော့စဖရပ်ဓါတ်ချို့တဲ့ခြင်းက ဖြစ်ခဲသော်လည်း မိုးများတဲ့ ဒေသတွေနှင့် ရွှံ့စေးမြေတွေမှာဆိုရင် ဖော့စဖရပ်ဓါတ်ချို့တဲ့မှုကို တွေ့ရနိုင်ပါတယ်။

    ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ခြင်း (K)

    • ပိုတက်ဆီယမ် ချို့တဲ့ မှုလက္ခဏာကို အောက်ဆုံးအရွက်တွေမှာ အရင်ဆုံးတွေ့ရပြီး နောက်ပိုင်းမှသာ အရွက်နုတွင် ချို့တဲ့ မှုလက္ခဏာကို တွေ့ရပါတယ်။

    • ချို့တဲ့မှု စဖြစ်တဲ့ အချိန်မှာ ဆိုရင် အရွက်ရဲ့ ရွက်ကြောတွေမှာ ဆဲလ်သေကွက်တွေဖြစ်နေတာကို တွေ့ရပါတယ်။

    • နောက်ပိုင်းမှာ ဆဲလ်သေကွက် တွေကနေတစ်ဆင့် အရွက်၏ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ ရိုးတံအထိ ပျံ့နှံ့သွာပါတယ်။

    • အပင်မှာပိုတက်ဆီယမ်ဓါတ် ချို့တဲ့ ပါကပင်ငွေ့ပျံမှုနှုန်းကိုလျှော့ကျစေပါတယ်။ အရွက် ထဲမှာရှိတဲ့ အပူချိန်က အရမ်းများနေမယ်ဆိုရင်ဆဲလ်တွေကိုလောင်ကျွမ်းစေပါတယ်။

    • ဆဲလ်လောင်ကျွမ်းခြင်းကိုအရွက် အနားပိုင်း တွေမှာ တွေ့ရပြီးတော့ပင်ငွေ့ပျံနှုန်းအမြင့်ဆုံးအချိန်မှာ ဖြစ်တက်သည်။

    • အရွက်နု၏ ထိပ်ပိုင်းသည် မီးခိုးရောင် ပြောင်းသွားပါသည်။

    • ရွက်ကြောတစ်လျှောက် အဝါရောင် ပြောင်းနေပြီးနောက်ပိုင်းမှာသံချေးရောင် အစက် အပြောက် တွေကို အရွက်ပေါ်မှာတွေ့ရပါတယ်။

    • အရွက်ထိပ်ဖျားများသည် တွန့်လိမ်နေပြီးနောက်ပိုင်းတွင် အရွက်တစ်ခုလုံး ပုပ်ပြီး ကြွေကျသွားသည်။ အရွက်ထိပ်ဖျားများသည် တွန့်လိမ်နေပြီးနောက်ပိုင်းတွင် အရွက်တစ်ခုလုံး ပုပ်ပြီး ကြွေကျသွားသည်။

    • ပိုတက်ဆီယမ် ချို့တဲ့သည့် အရွက်အဖျားပိုင်းတွေမှာဆိုရင် အညိုရောင်ပြောင်းပြီး နောက်ပိုင်းမှာ မီးလောင်ထားသလို ပုံစံဖြစ်လာတာကို တွေ့ရပါတယ်။

    • သီးနှံကြီးထွားမှုနှေးခြင်း၊ အမြစ်အထွက်နည်းခြင်း၊ ပင်စည်ပျော့ခြင်း၊ အသီး နှင့် အစေ့များရှုံ့တွ၍ သေးခြင်း၊ အပင်ယိုင်လဲခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်နည်းခြင်းတို့ကိုတွေ့ရသည်။

    • ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ပါကအပင်တွင် မသန်စွမ်းသည့်ပုံစံဖြစ်ပြီးပန်းပွင့်သည့် နှုန်းကို လျှော့ကျ စေပါတယ်။

    ဘာကြောင့် (K) ချို့တဲ့ရတာလဲ ဘာကြောင့် (K) ချို့တဲ့ရတာလဲ

    • ဓါတ်မြေသြဇာအသုံးပြုမှု လွဲမှားနေခြင်း။

    • မြေကြီးထဲမှာရှိနေတဲ့ ပိုတက်ဆီယမ်ကိုအပင်မှ မရယူနိုင်သည့် အခြေအနေကြုံတွေ့ရခြင်း။

    • ရေသွင်းရေထုတ် မမှန်တာတွေ၊ မြေသြဇာအသုံးပြုမှု မမှန်ကန်တွေတာကြောင့် ဆိုဒီယမ်ဓါတ် ဟာ အလွယ်တကူပဲအပင်ရဲ့ အမြစ်ပတ်ဝန်းကျင်မှာစုပုံနေတက်ပါတယ်။ ထိုအခြေအနေမှာ မြေကြီးထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓါတ်သည် ဖြည်းဖြည်းချင်း အပင်ကို ထုတ်ပေးတာကြောင့် သက်တမ်းတိုသည့် အပင်တွေက လိုအပ်တဲ့ ( K ) ဓါတ်ကိုမရနိုင်ဘဲချို့တဲ့သည့် လက္ခဏာကိုတွေ့ရပါတယ်။

    မဂ္ဂနီဆီယမ်ချို့တဲ့မှု လက္ခဏာ

    • ပန်းပွင့်သည့် ထိပ်ပိုင်း၏ အောက်နားက အရွက်တွေဆီကို အပင်ရဲ့ အောက်ဆုံးပိုင်းမှာရှိတဲ့ အရွက်ရင့်တွေက လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကို ပံ့ပိုးပေးရတဲ့ အတွက်ကြောင့် ချို့တဲ့သည့် လက္ခဏာကို အောက်ဆုံးအရွက်တွေမှာ တွေ့ရပါတယ်။

    • မဂ္ဂနီဆီယမ် ချို့တဲ့သည့်အခါ ကြေးနီရောင် အစက်အပြောက်၊အဝါရောင်အစက်အပြောက်များကို ရွက်ကြောတွေရဲ့ ကြားမှာ တွေ့ရပါတယ်။

    • ရွက်ကြောများစိမ်းနေခြင်း၊ အရွက်များသေးခြင်း တို့ကိုလည်း ဖြစ်စေပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ပါက ပန်းပွင့်နှုန်းကို ထိခိုက်စေသောကြောင့် အထွက်ကိုပါ လျှော့နည်းစေသည်။

    • အပင်သက်တမ်း (၄-၆) ပတ်မှာ မဂ္ဂနီဆီယမ်ချို့တဲ့သည့် လက္ခဏာကို တွေ့နိုင်ရနိုင်သည်။

    • နီညိုရောင် အစက်အပြောက် နှင့် အဝါရောင် အစက်အပြောက် များကိုလည်း အရွက်ရင့်များတွင် တွေ့ရသည်။ နောက်ထပ် ထွက်လာတဲ့ အရွက်အသစ်တွေရဲ့ အရောင်နှင့် အသီးကြီးထွားမှုကိုတော့ ထိခိုက်မှု မရှိပါ။

    • မဂ္ဂနီဆီယမ်ချို့တဲ့မှု ပြင်းထန်မယ်ဆိုရင် နီညိုရောင် အစက် အပြောက်တွေကို များပြားစွာ တွေ့ရပြီး နောက်ပိုင်းမှာ တစ်ပင်လုံးကို ပျံ့နှံ့သွားသည်။

    သီးနှံပင်မှာ မဂ္ဂနီဆီယမ် ဘာကြောင့်ချို့တဲ့ တာလဲ

    • အမြစ်ပတ်ဝန်းကျင်မှာ ချဉ်လွန်းခြင်း၊ အစိုဓါတ်လွန်ကဲခြင်း၊ အေးလွန်းခြင်းကြောင့် ဖြစ်ပါတယ်။

    • အပင်မှ အမြစ်ထွက်တာနည်းတဲ့အတွက်ကြောင့် အပင်မှ လိုအပ်တဲ့ အာဟာကို ကောင်းစွာ မထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

    • အပင်က အစာချက်လုပ်တဲ့ အခါ စွမ်းအင်ရရှိအောင် မဂ္ဂနီဆီယမ်ဓါတ်က ကူညီပေးတာကြောင့် အပင်မှာ ချို့တဲ့ခဲ့မယ်ဆိုရင် အပင်ရဲ့ အစာချက်လုပ်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

    • သဲနှုန်းဆန်တဲ့ မြေတွေမှာဆိုရင် မဂ္ဂနီဆီယမ်ချို့တဲ့မှုကို အများဆုံးတွေပရပါတယ်။

    • စိုက်ခင်းမြေထဲမှာ ပိုတက်ဆီယမ်၊ အမိုနီးယား နှင့်ကယ်ဆီယမ်တို့ ပါဝင်မှုသည် မဂ္ဂနီဆီယမ်ထက်ပိုပြီးများနေတဲ့ အတွက်ကြောင့် အပင်မှ လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကို မစုပ်ယူနိုင်တဲ့ အတွက်ကြောင့် ချို့တဲ့ခြင်း ဖြစ်ပါတယ်။

    မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်း

    • သီးနှံပင်ဟာ မဂ္ဂနိစ်ဓာတ် ကို လိုအပ်တာထက် ပိုမိုစားသုံးခဲ့မယ်ဆိုရင် မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်းကို ဖြစ်စေပြီးတော့ အရွက်မှာ အနက်ရောင် အစက်အပြောက်တွေကို တွေ့ရပါတယ်။

    • ပြင်းထန်ခဲ့မယ်ဆိုရင် အရွက်အနားတွေမှာဆိုရင် ဆဲလ်သေပြီး ခြောက်လာပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အရွက်တစ်ခုလုံး ခြောက်လာပြီး ကြွေကျသွားပါတယ်။

    မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်းကို ဘယ်လို အခြေအနေတွေကြောင့် ဖြစ်ရတာလဲ

    • အပင်အတွက် လိုအပ်တဲ့ မဂ္ဂနိစ်ဓာတ်သည် မြေကြီးထဲမှာ ဆိုရင် လုံလောက်စွာရှိသော်လည်း ပုံမှန်မြေချဉ်ငံဓါတ်(၇) ရှိတဲ့မြေနှင့် ငန်တဲ့ မြေတွေမှာဆိုရင် ပျော်ဝင်နိုင်မှု နည်းသောကြောင့် အပင်မှ မရယူနိုင်ပါ။

    • မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်းကို ချဉ်တဲ့မြေတွေမှာ တွေ့ရပါတယ်။

    • စိုက်ခင်းကို ရေဝပ်ခြင်းသည် သီးနှံပင်မှာ မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်းကို အားပေးပါသည်။

    • ရေဝပ်တဲ့ စိုက်ခင်းတွေမှာဆိုရင် မဂ္ဂနိစ်ဓာတ် အဆိပ်သင့်ခြင်းကို တွေ့ရလေ့ ရှိပါတယ်။ ပြန်လည် ကုစားဖို့ ဆိုရင်တော့ စိုက်ခင်းကို ရေထုတ်ထားပေးရပါမယ်။

    • တချို့သော မှိုသတ်ဆေးတွေမှာဆိုရင် မဂ္ဂနိစ်ဓာတ်ပါဝင်လေ့ရှိပါတယ်။ မှိုသတ်ဆေးကို အကြိမ်များစွာ အသုံးပြုခြင်းကြောင့် မဂ္ဂနိစ်ဓာတ် တွေစုလာပြီး အပင်မှာ အဆိပ်သင့်ခြင်းကို တွေ့ရပါတယ်။ အထူးသဖြင့် သဲဆန်တဲ့မြေတွေမှာ စိုက်တဲ့ သီးနှံပင်တွေမှာဆို အဖြစ်များတာကို တွေ့ရပါတယ်။

    ဆာလဖာဓါတ်ချို့တဲ့ခြင်း

    • ဆာလဖာဓါတ်ချို့တဲ့ခြင်းကို အပေါ်ပိုင်းအရွက်တွေမှာ တွေ့ရပါတယ်။

    • ချို့တဲ့သည့် အရွက်တွေမှာဆိုရင် ရောင်မညီကွက်ကြားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

    • အောက်ပိုင်းအရွက်တွေမှာတော့ ဆာလဖာချို့တဲ့မှု လက္ခဏာတွေကို မတွေ့ရပါဘူး။

    ဘာကြောင့် ဆာလဖာဓါတ်ချို့တဲ့ရတာလဲ

    • စိုက်ခင်းတွေမှာ ဆိုရင် ဆာလဖာဓါတ်ချို့တဲ့မှုက တွေ့ရခဲပါတယ်။ ဒါပေမဲ့ စိုက်ခင်းမြေဟာ ငံလွန်းနေမယ်၊ ကယ်ဆီယမ်ပါဝင်မှု အရမ်းများနေမယ်ဆိုရင်တော့ ဆာလဖာ ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

    သံဓါတ်ချို့တဲ့မှု လက္ခဏာ

    • သံဓါတ်ချို့တဲ့ ခြင်းကို အပင်ကြီးထွားမှု အမြင့်ဆုံးအချိန်မှာ အညွှန့်လေးများနှင့် အနုလေးများစတင် ဝါလာပြီး ရွက်ကြောများသာ စိမ်း၍ ကျန်ခဲ့သည်။ အပင်အတွက် လိုအပ်သည့် သံဓါတ်အာဟာရကို အပင်မှ မစားသုံး နိုင်တဲ့ အတွက်ကြောင့် အရွက်ရင့်များတွင်ရှိသော သံဓါတ်သည် အရွက်နုလေးများ ဆီသို့ မရွေ့လျားနိုင်ပါ။ သံဓါတ်ချို့တဲ့မှု ပြင်းထန်ခဲ့ရင် အရွက် အရင့်၏ ရွက်ကြောများ စိမ်းနေပြီး ကျန်သည့် အစိတ်အပိုင်းများအဝါရောင် ပြောင်းသွားသည်။

    • အရွက်များ ဝါလာပြီး နောက်ပိုင်းတွင် တစ်ပင်လုံးဖြူကျန်ခဲ့တာကြောင့် အပင်ကြီးထွားမှုကို ထိခိုက်စေသည်။

    • သံဓါတ်ချို့တဲ့ခြင်းကြောင့် နောက်ပိုင်းတွင် အရွက်များသည် ဆဲလ်သေသွားသောကြောင့် ပန်းပွင့်မှုနှင့် အပင်ကြီးထွားမှုကို နှောင့်နေးစေသည်။

    ဘာကြောင့် သံဓါတ်ချို့တဲ့ရတာလဲ

    • အမြစ်ပတ်ဝန်းကျင်မှာရှိတဲ့ မြေချဉ်ငံဓါတ်သည် ၆.၅ အထက်ဖြစ်နေခြင်း။

    • အမြစ်ပတ်ဝန်းကျင်မှာ ဇင့်(သို့မဟုတ်) မဂ္ဂနိစ်ဓာတ် အလွန်အကဲ စုပြုံနေတဲ့ အတွက်ကြောင့် အပင်အတွက် လိုအပ်တဲ့ သံဓါတ်ကို မရရှိနိုင်တာဖြစ်ပါတယ်။• အမြစ်ပတ်ဝန်းကျင်မှာ အပင်အတွက် လိုအပ်တဲ့ သံဓါတ်မရှိလို့ဖြစ်ပါတယ်။

    • အမြစ်ပတ်ဝန်းကျင်မှာ အပူချိန် မြင့်နေခြင်းကြောင့်လည်း ဖြစ်ပါတယ်။

    • အမြစ်ပတ်ဝန်းကျင်မှာ အစိုဓါတ်လွန်ကဲနေတဲ့ အတွက်ကြောင့် အပင်အတွက် အောက်ဆီဂျင်ကို မထောက်နိုင်သော ကြောင့်လည်းဖြစ်နိုင်ပါတယ်။

    • အပင်ရဲ့ အမြစ်သည် ရောဂါနှင့် ပိုးမွှားကြောင့် ထိခိုက်ပျက်စီးနေမယ်ဆိုရင် အပင်ရဲ့ အပေါ်ပိုင်းကို လိုအပ်တဲ့ သံဓါတ်ကို မထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

    • ရေညှိပင်တွေဟာ သံဓါတ်စားသုံးမှုကောင်းသောကြောင့် စိုက်ခင်းထဲမှာ ရေညှိတွေ ရှိနေမယ်ဆိုရင် သီးနှံပင်အတွက် အာဟာရ ချို့တဲ့မှုကို ဖြစ်စေပါတယ်။


  • article
likes7comments0
views1565