cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဩဂုတ်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် မိုးရွာနိုင် ခြေရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းရှိပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဩဂုတ်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် မိုးရွာနိုင် ခြေရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းရှိပါတယ်။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှအပူချိန် ၂၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဩဂုတ်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဩဂုတ်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ဩဂုတ်လ (၂၄)ရက်နေ့နဲ့ (၂၅)ရက်တွေမှာ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းမှ ၈၇ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၂၄)ရက်နေ့နဲ့ (၂၅)ရက်တွေမှာ မိုးရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေး လိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃ဝ.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။   

    စိုက်ပျိုးရေး အကြံပြုချက်  

    မိုးလယ်ကာလ ရောက်လာပြီဆိုတော့ မတ်ပဲ/ပဲတီစိမ်းခင်းတွေမှာ ဆာကိုစပိုးရား ရွက်ပြောက် ရောဂါကို သတိပြုဖို့နဲ့ ကာကွယ်၊ နှိမ်နင်းနည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။  

    • အရွက်မှာ အညိုရောင်၊ သံချေးရောင်ကွက်ပြောက်များဖြစ်ပေါ်ပါတယ် 
    • ရောဂါကွက်များအလယ်ဟာ မီးခိုးရောင်ရှိပြီး နီညိုရောင် အနားရစ်ပါရှိပါတယ် 
    • အပင်ငယ်စဉ်ကတည်းက ကျတတ်ပြီး၊ အသီးအပွင့်ဝင်ချိန်မှာ ကျရောက်ပါက အပွင့်နဲ့ သီးကင်း များကြွေပါတယ်။ 
    • အထွက်နှုန်းကို ၆၀ ရာခိုင်နှုန်းထိ ဆုံးရှုံးစေပါတယ် 
    • စိုတစ်ခါ ခြောက်တစ်လှည့် အခုလိုအခါမျိုးမှာ အထူးသတိထားပါ 
    • မိုးရွာပြီး အခင်းတွင်းရေမကျန်အောင် ရေခါမြောင်းများ ပြင်ဆင်ထားပါ 
    • ပုလဲမြေဩဇာသီးသန့်ကျွေးခြင်းမျိုးရှောင်ကြဉ်ပါ 
    • ရောဂါမကျခင် Chlorothalonil ၊ ရောဂါစတင်ကျရောက်ချိန် Hexaconazole သို့မဟုတ် Propiconazole မှိုသတ်ဆေး အဆိပ်တစ်မျိုးမျိုး ပက်ဖျန်းပါ 
    • စွဲကပ်ပျံ့နှံ့ဆေးများကို အထက်ပါ မှိုသတ်ဆေးများနဲ့ ရောဖျန်းပေးပါ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    မိုးရွာနိုင်ခြေရှိတဲ့အတွက် ငါးကန် တောင်သူကြီးများအနေနဲ့ အောက်ပါတွေကို ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်ခင်ဗျာ- 

    -ပျော်ဝင်အောက်ဆီဂျင်ကောင်းကောင်းရရှိစေရန် ရေလှယ်ပေးရန်၊ 

    -လိုအပ်ပါက အနီးနားရှိ မြစ်ချောင်းများမှ ရေကို စုပ်ယူထည့်ပေးရန်၊ 

    -ရေဝင်တဲ့ ကန်တွေမှာ ငါးရိုင်းသတ်ဆေးထည့်ပေးရန်၊ 

    -အရံ မျိုးငါးကန်များထားရှိရန်၊ 

    -ရေကြည်နှုန်းတိုင်းပေးရန်နဲ့ ရေဩဇာတိုင်းတာပေးရန်၊ 

     

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes3comments0
views1763