cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဩဂုတ်လ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့များတွင် မိုးရွာနိုင် ခြေရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းရှိပါတယ်။
  • အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှအပူချိန် ၂၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    -မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဩဂုတ်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဩဂုတ်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ဩဂုတ်လ (၂၄)ရက်နေ့နဲ့ (၂၅)ရက်တွေမှာ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းမှ ၈၇ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၂၄)ရက်နေ့နဲ့ (၂၅)ရက်တွေမှာ မိုးရွာသွန်းနိုင်ပါကြောင်း ခန့်မှန်းသုံး သပ်ပေး လိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃ဝ.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    မိုးရွာနိုင်ခြေရှိတဲ့အတွက် ငါးကန် တောင်သူကြီးများအနေနဲ့ အောက်ပါတွေကို ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်ခင်ဗျာ-

    ပျော်ဝင်အောက်ဆီဂျင်ကောင်းကောင်းရရှိစေရန် ရေလှယ်ပေးရန်၊

    လိုအပ်ပါက အနီးနားရှိ မြစ်ချောင်းများမှ ရေကို စုပ်ယူထည့်ပေးရန်၊

    ရေဝင်တဲ့ ကန်တွေမှာ ငါးရိုင်းသတ်ဆေးထည့်ပေးရန်၊

    အရံ မျိုးငါးကန်များထားရှိရန်၊

    ရေကြည်နှုန်းတိုင်းပေးရန်နဲ့ ရေဩဇာတိုင်းတာပေးရန်၊

    Weather Source: CIAT

    --

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့်ကို နှိပ်ပါ။


  • article
likes6comments0
views2377