cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေကြီးရေလျှံ မှုနဲ့အတူ ဂရုပြုရမယ့် အရေပြားရောဂါအန္တရာယ်

. ကျန်းမာရေး
ရေကြီးနစ်မြုပ်မှုဖြစ်ပွားတဲ့အခါ ရေထဲမှာ အရေပြားရောဂါဖြစ်ပွားစေနိုင်တဲ့ ပိုးမွှားတွေအများအပြားပေါက်ဖွားကာ ဝဲရောဂါအပါအဝင်စတဲ့အရေပြားရောကို ဖြစ်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုအပ်ကြောင်း ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။
  • မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ဒေသတွေများပြားလာမှုနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဂရုစိုက်ရမယ့်ကျန်းမာရေးပြဿနာတွေထဲမှာ အရေပြားရောဂါလည်းဖြစ်ပွားနိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့သိရပါတယ်။

    ရေကြီးနစ်မြုပ်မှုဖြစ်ပွားတဲ့အခါ ရေထဲမှာ အရေပြားရောဂါဖြစ်ပွားစေနိုင်တဲ့ ပိုးမွှားတွေအများအပြားပေါက်ဖွားကာ ဝဲရောဂါအပါအဝင်စတဲ့အရေပြားရောကို ဖြစ်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုအပ်ကြောင်း ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

    “မသန့်ရှင်းတဲ့ရေတွေကြောင့် အရေပြားရောဂါရောဂါဖြစ်နိုင်တယ်။ မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့လိုအပ်တယ်။ ရောဂါဖြစ်လာရင်လည်း ချက်ခြင်းကုသမှုလုပ်ရမယ်။ ပစ်ထားလို့မရဘူး။ကူးစက်နိုင်တဲ့အရေပြားရောဂါဟုတ်မဟုတ်ကိုသေချာစစ်ဆေးဖို့လိုတယ်။မဟုတ်ရင် ကူးစက်ပြန့်နိုင်တယ်။အရေပြားလိမ်းဆေးတွေလိုမယ်။” လို့ အထွေထွေရောဂါကူဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

    အရေပြားရောဂါဖြစ်ပွားပါက သေချာစနစ်တကျကုသမှုမပေးနိုင်ရင်နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါအနာပိုးဝင်ပြီး ဝဲရောဂါဖြစ်ပွားကာ ကူးစက်နိုင်တယ်လို့သိရပါတယ်။

    ဝဲ ကြောင့် အရေပြားမှာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုအနေနဲ့ ကျောက်ကပ်ထိခိုက်တာမျိုးအထိလည်းဖြစ်နိုင်တဲ့အပြင် အခန့်မသင့်ပါက ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်တယ်လို့သိရပါတယ်။

    ဒါကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်အပြင် သောက်ရေသန့်၊အရေပြားရောဂါမဖြစ်အောင် လိုအပ်တဲ့ဆေးဝါးနဲ့ဖြစ်ပွားပါက ထိရောက်တဲ့ကုသမှုအပြင် လိမ်းဆေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လိုအပ်နေပါတယ်။

    လတ်တလောမှာဆိုရင် ရခိုင်ပြည်နယ် ၊သံတွဲနဲ့ငပလီ ဒေသမှာ ကလေးသူငယ်အပါအဝင် လူကြီးအချို့မှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ထိရောက်တဲ့ဆေးကုသမှုတွေမလုပ်နိုင်တဲ့အခြေအနေတွေရှိနေတယ် လို့သိရပါတယ်။

    အရေပြားရောဂါဖြစ်ပွားသူအများစုမှာ ဒေသခံတိုင်းရင်းသားတွေဖြစ်ပြီး လက်ရှိမှာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရပြီး ဆေးဝါးဝယ်ယူရခက်တဲ့ အခြေအနေတွေနဲ့ ဆရာဝန်တွေမရှိတာကြောင့် ထိရောက်တဲ့ကုသမှုတွေ မလုပ်နိုင်တာဖြစ်တယ်လို့သိရပါတယ်။

    ” ကလေးတွေမှာရော လူကြီးတွေရောဖြစ်နေတာပါ။လက်တွေနဲ့ခြေထောက်တွေမှာအဓိကဖြစ်တာတွေ့ရတယ်။ဆေးကတော့ လိမ်းဆေးအဓိကလိမ်းရမှာကို ဆေးကမရဘူးဖြစ်နေတာ။အလှူရှင်တွေကူညီပို့ပေးတာလည်းရှိတယ်။ ဒီဘက်မှာကတော့ ဆေးကိုဝယ်မရဘဲခက်နေတာ။ဆေးဆိုင်တွေမှာတော့ရသလောက်ဝယ်တာပဲ။ ” လို့ အရေပြားရောဂါခံစားနေရသူတွေကို ကူညီပေးနေတဲ့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

    ဒါကြောင့် သံတွဲနဲ့ငပလီကမ်းခြေ ဒေသမှာလည်း အရေပြားရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးတွေဝယ်ယူမရတဲ့အခြေအနေတွေဖြစ်နေပြီး ဆရာဝန်ပြသဖို့အတွက်လည်း ဆရာဝန်တွေမရှိတဲ့အတွက် ဒေသခံတွေမှာဒုက္ခရောက်နေကြရ ပါတယ်။

    Source: https://myanhealth.org/news/10549/

    ---------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes6comments0
views1694