မြေပဲစိုက်ပျိုးနည်းစနစ်
- စိုက်ပျိုးနည်းစနစ် - - မျိုးစေ့နှုန်းမှာတစ်ဧကလျှင်မြေပဲတောင့် (၆-၈တင်း)လိုအပ်ပြီး ပင်ထောင်မြေပဲကို တန်းကြား၊ ပင်ကြား (၁၅" x ၄") နှင့် တစ်ဧက အပင်ဦးရေ တစ်သိန်းခန့်၊ ပင်ပြန့်မြေပဲ တန်းကြား၊ ပင်ကြား - - (၁၈" x ၄") နှင့် အပင်ဦးရေ တစ်ဧက (၈၅၀၀၀) ခန့်ရှိရမည်။ - - တစ်ဧကလျှင် နွားချေး/မြေဆွေးလှည်း(၅-၁၀) စီး နှုန်း၊ ယူရီးယား (၂၈-၅၆) ပေါင်၊ တီစူပါ(၈၄ - ၁၁၂) ပေါင်နှင့် ပိုတက်ရှ် (၂၈) ပေါင်နှုန်းကို စိုက်ထယ်ရေး ပြင်ချိန်ထည့်ပေးပါ။ လချေးမှုန့်မြေဩဇာ (၂၀၀-၂၅၀)ပေါင်နှုန်းကို မြေခံ(သို့) နောက်ဆုံးကြားလိုက်ချိန်(မြေတွင်းအစိုဓါတ်ရှိချိန်)၌ အပင်ခြေ တွင်ထည့်ပေးပါ။ ပဲမြစ်ဖုဇီဝမြေဩဇာကို တစ်ဧကလျှင်(၁) ထုပ်နှုန်းဖြင့် မျိုးစေ့နှင့်လူးနယ်စိုက်ပျိုး သင့်သည်။ - - အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျပါကပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြများကျ ရောက်ပါကပင်လုံးပြန့် ထိတွေ့ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်းထည့်ပေးပါ။ - - မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက် ပျိုးပါ။ ရွက်ပြောက်ရောဂါကျရောက်သောဒေသများတွင် သင့်တော်သည့်မှိုသတ်ဆေးဖြင့်ကာကွယ် နှိမ်နင်းပါ။ - မြေအမျိုးအစား - - နုံးမြေနှင့်သဲမြေတို့သည် မြေပဲစိုက်ပျိုးရန်အသင့်တော်ဆုံးမြေအမျိုးအစားများဖြစ်ပါသည်။ - - မြေပဲသီးနှံဖြစ်ထွန်းရန် မြေအချဉ်ငံဓာတ် (၅.၅) ထက် နိမ့်သောမြေနှင့် ဆားပေါက်မြေများတွင် မစိုက် သင့်ပါ။ ရေသွင်း/ရေထုတ်လွယ်ကူသည့်မြေဖြစ်ရမည်။ - စိုက်ပျိုးချိန် - - မြေပဲသီးနှံကို မိုးဦး၌ မေနှင့်ဇွန်၊ မိုးလယ်၌သြဂုတ် ၊ မိုးနှောင်းတွင်အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်စိုက်ပျိုးသင့်သည်။ - မျိုးရွေးချယ်ခြင်း - - ရေမြေဒေသနှင့်ကိုက်ညီသောမျိုး၊အပင်ပေါက်(၈၀)% အထက်ရှိသောမျိုးစေ့ကိုတစ်ဧကလျှင် မျိုးစေ့ (၁.၅ -၂)တင်းနှုန်းအသုံးပြုစိုက်ပျိုးပါ။ - - မျိုးစေ့ဆောင်ရောဂါများကင်းစင်ပြီးရာသီဥတုဒါဏ်၊ ပိုးမွှား/ရောဂါဒါဏ်ခံနိုင်သောမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ မိုးခေါင်ဒေသများအတွက် (ဥပမာ ဆင်းပဒေသာ-၆၊ ၁၂၊ မကွေး-၁၁) မြေပဲမျိုး များကိုရွေးချယ်စိုက်ပျိုးသင့်သည်။ - သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း - - စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။ - ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ - - မြေပဲတောင့် ၇၀%ရင့်မည့်ချိန် ရိတ်သိမ်းသင့်သည်။ - - မျိုးအဖြစ်အသုံးပြုမည့် စိုက်ခင်းကိုရေသွင်း၍ နှုတ် သိမ်းခြင်းမပြုလုပ်ရ။ - - မြေပဲတောင့်များ အခြောက်ခံရာတွင် မြေကြီးနှင့် တိုက်ရိုက်မထိစေရန်မိုးကာ၊ဖျာ၊ ကွန်ကရစ်တလင်း များပေါ်တွင် လှမ်းသင့်သည်။ - - မြေပဲပင်များကိုနှုတ်ပြီး ချက်ချင်းဆွတ်ကာနေပြင်း ပြင်းတွင်ပါးပါး(၃-၄)ရက် အခြောက်ခံရန်နှင့် အစိုဓါတ်(၆-၇%) ထိရှိရန်လိုအပ်သည်။ လုံးပိန်၊ လုံးညှက်၊ ဖုံ၊ သဲ၊ ခဲများကို လူ/စက်ကိရိယာများ အသုံးပြု၍ဖယ်ရှားသန့်စင်သင့်သည်။ - တန်ဖိုးမြှင့်ထုတ်ကုန်များ - - မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်ပါသည်။ - စိုက်ပျိုးရေးဦးစီးဌာန 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
