တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ (၁)ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးဆက်လက် ရွာသွန်း မည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၆ဝ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိ ပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၃ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ (၁)ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးဆက်လက် ရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၆ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ (၁)ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးဆက်လက် ရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင် နှုန်းမှာ ၆၈ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိ ပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃ဝ.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၃ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ (၁)ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် မိုးဆက်လက် ရွာသွန်းမည်ဖြစ်ပြီး ရွာရန် ရာခိုင် နှုန်းမှာ ၆ဝ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိ ပါတယ်။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃ဝ.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၉ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ် ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
ယခုတစ်ပတ်မှာတော့ ဘက်တီးရီးယား (ရွက်ခြောက်၊ ရွက်စင်း) ရောဂါကို ဂရုစိုက်ဖို့ သတင်းပါးလိုက် ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ ကျရောက်ရင် သိနိုင်တဲ့ လက္ခဏာ၊ ဖြစ်စေတဲ့အကြောင်းအရင်းနဲ့ ကုသနည်းတို့ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
စပါးခင်းများထဲမှာ ဘက်တီးရီးယား(ရွက်ခြောက်၊ရွက်စင်း)ဖြစ်ပြီ ဆိုရင်တော့-
- အဖျားတွေနီ၊ကောက်ရိုးလိုခြောက်သွားပါတယ်
- ပင်ပွားချိန်နောက်ပိုင်းအကျများပါတယ်
- ပုလဲအသုံးများခြင်းက ရောဂါကိုပိုအားပေးပါတယ်
- မြေဩဇာချို့တဲ့ခြင်းကလည်း ရောဂါဖြစ်စေပါတယ်
- ရေသွင်းရေထွက်ခြင်း၊စပါးပင်များထိခိုက်ဒါဏ်ရာရခြင်းတို့မှ ကူးစက်ပါတယ်
- ကော့ပါးဆေးများ သို့မဟုတ် ဘစ်စမာသီရာဇော ဖျန်းပက်ကာကွယ်ပါ
- နောက်ရာသီမှာ ရောဂါဒါဏ်ခံမျိုးပြောင်းစိုက်ပါ
- ရောဂါကျဖူးတဲ့အခင်းကိုသီးလှည့်စိုက်ပါ၊ပေါင်းရှင်းပါ
- ထယ်ရေးပြင်ချိန်မှာ ပိုတက်၊တီစူပါ၊စက်ဖွဲပြာများထည့်ပါ
- ကောက်ကွက်လိုအပ်သည်ထက် မစိပ်ပါစေနှင့်။
- ကြဲခင်းများလည်း မျိုးစေ့နှုန်းထားလိုသည်ထက်မပိုပါစေနှင့်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မိုးဆက်လက်ရွာသွန်းမည်ဖြစ်သဖြင့် ငါး/ပုဇွန် တောင်သူဦးကြီးများအနေဖြင့် ယခုလို မိုးဆက်လက် ရွာသွန်းချိန်တွင် ရေချဉ်ဖန်နှုန်းကျတက်သဖြင့် ရေချဉ်ဖန်နှုန်းကို အထူးဂရုစိုက်စေလိုပါတယ်။ သားပေါက်ထည့် ထားတဲ့ ကန်တွေမှာ ပို၍ ဂရုစိုက်ရပါမယ်။ အကယ်၍ ရေချဉ်နှုန်းဟာ ၆ အောက်ရောက်နေလျှင် တစ်ဧကလျှင် ထုံး ၁၅ ပိဿာထည့်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆည်တည်းမှာဘဲ မိုးအုံ့၊ မိုးရွာနေလျှင် အစာကျွေး ခြင်းကို ရှောင်ရှားဖို့ အထူးအသိပေးလိုပါတယ် ခင်ဗျာ။
Weather Source: CIAT
------
မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။
လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့်ကို နှိပ်ပါ။