ပဲခူးတိုင်းဒေသကြီး အတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ဖြုတ်အန္တရာယ်အတွက် သတိပေးအကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာလ (၂) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ သြဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာနှုန်း ၅၈ မှ ၉၃ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၃ထိ ရှိနိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၅၈တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ ၆၅-၇၈ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၁°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ သြဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာလ (၂) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၆ မှ ၉၆ အတွင်းရှိနိုင်ပါတယ်။ သြဂုတ်လ ၃၀ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၆ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၆ မှ ၈၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှ ၂၅°C အမြင့်ဆုံးအပူချိန် ၃၂.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ သြဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာလ (၂) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၆ မှ ၉၆ အတွင်း ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၆ မှာရှိနိုင်ပြီး သြဂုတ်လ ၃၀ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၆၆ ရှိနိုင်ပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၇၀ မှ ၈၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၅°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
စပါးဖြုတ်အန္တရာယ် ကြိုတင်ကာကွယ်ကြမယ်
-ကန်သင်းပေါ်ကနေကြည့်ရင် ဟိုတစ်ကွက်၊ဒီတစ်ကွက် စဝါလာပါတယ်၊အကွက်လိုက်ခြောက်ပါတယ်။
-ဖြုတ်စကျနေပါပြီ။အပင်ခြေမှာ ဖြုတ်များတွေ့ရပါမယ်။
-ထိုအကွက်တွေ ကြီးကြီးလာရင်း နောက်ဆုံးမှာ တစ်ခင်းလုံး ခြောက်သွားတဲ့အထိ ဆိုးဝါးပါမယ်။
-အခန့်မသင့်ရင် တံစဥ်လွတ်သွားနိုင်ပါတယ်။
-လောလောဆယ်မှာ အင်မတန်ဆိုးရွားလျက်ရှိတဲ့ပိုးပါ။
-အပင်သေတဲ့အထိဖြစ်ပါတယ်
ကာကွယ်နှိမ်နင်းနည်း
-ကွင်းအမြဲဆင်းစစ်ဆေးပါ
-မီးထောင်ချောက်များတပ်ဆင်ပါ
-ဖြုတ်စကျကျခြင်း စပါးခင်းကို ရေတစ်ရက်လွှမ်းပေးပါ ၊ ဖြုတ်ကောင်ရေလျော့နည်းသွားပါမယ်
-ဆိုးရွားလာလျှင် ရေထုတ်လေကြောင်းခွဲပေးပြီး အောက်ဖော်ပြပါဆေးများပက်ဖျန်းပါ-
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီထရိုဇင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း ( ၂ )ဇွန်း
၂။ တစ်ဧကလျှင် ဒိုင်နိုတီဖျူရမ် ၂၀% စားပွဲတင်ဇွန်း ၄-၅ ဇွန်းအသုံးပြုနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မိုးဆက်လက်ရွာသွန်းမည်ဖြစ်သဖြင့် ငါး/ပုဇွန် တောင်သူဦးကြီးများအနေဖြင့် ယခုလို မိုးဆက်လက် ရွာသွန်းချိန်တွင် ရေချဉ်ဖန်နှုန်းကျတက်သဖြင့် ရေချဉ်ဖန်နှုန်းကို အထူးဂရုစိုက်စေလိုပါတယ်။ သားပေါက်ထည့် ထားတဲ့ ကန်တွေမှာ ပို၍ ဂရုစိုက်ရပါမယ်။ အကယ်၍ ရေချဉ်နှုန်းဟာ ၆ အောက်ရောက်နေလျှင် တစ်ဧကလျှင် ထုံး ၁၅ ပိဿာထည့်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆည်တည်းမှာဘဲ မိုးအုံ့၊ မိုးရွာနေလျှင် အစာကျွေး ခြင်းကို ရှောင်ရှားဖို့ အထူးအသိပေးလိုပါတယ် ခင်ဗျာ။
Weather Source: CIAT
------
မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။
လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့်ကို နှိပ်ပါ။