ရုံးပတီစိုက်ပျိုးနည်း
- မြန်မာအမည် - ရုံးပတီ - အင်္ဂလိပ်အမည် - Okra, Lady's Fingure, - ရုက္ခဗေဒအမည် - Abelmoschusesculentus - မျိုးရင်းအမည် - Malvaceae - ရုံးပတီမျိုးများ - အသီးအရောင်အစိမ်းနှင့်အနီမျိုးဟူ၍ရှိပြီးအနံ့အရသာအဟာရကွဲပြားမှုမရှိပဲအရောင်အားဖြင့်သာကွဲပြားသည်။ဟင်းချက်သည့်အခါအနီရောင်သည်အစိမ်းရောင်သီးတောင့်အဖြစ်အရောင်ပြောင်းသွားသည်။ - ရေမြေရာသီဥတု - ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပြီးဆောင်းရာသီတွင်အပင်ဖြစ်ထွန်းမှုမကောင်းပါ။မြေမျိုးမရွေးစိုက်ပျိုးနိုင်သော်လည်းရေစိမ့်ဆင်းမှုကောင်းသောမြေမျိုးဖြစ်ရမည်။မြေချဉ်ငန်ဓါတ်(၅.၈)မှ(၇.၀၀) သည်ရုံးပတီနှင့်သင့်တော်သော(Soil pH) ဖြစ်ပါသည်။ - မျိုးစေ့နှုန်းထား - တစ်ဧကလျှင်မျိုးစေ့နှုန်း( ၆)ကီလိုဂရမ်အသုံးပြုပါ။ - မြေဩဇာနှုန်းထား - နွားချေး (၁၀)တန် - ယူရီးယား (၅၀)ကီလို (၂) အိတ် - တီစူပါ (၅၀)ကီလို (၁) အိတ် - ပိုတက်ရှ် (၅၀)ကီလို (၁)အိတ် - မြေပြင်စဉ်ယူရီးယားမြေသြဇာတဝက်၊တီစူပါမြေသြဇာနှင့်ပိုတက်ရှ်မြေသြဇာများကိုစိုက်ခင်းအတွင်းထည့်သွင်းပါ။စိုက်ပြီး(၃၀)ရက်သားဘောင်ထပ်ချိန်တွင်ကျန်ယူရီးယားမြေသြဇာတဝက်ကိုထည့်သွင်းပါ။မြေပြုပြင်ခြင်းမြေပြင်ချိန်တွင်နွားချေးချပြီးထယ်ထိုးထွန်မွှေပေးရမည်။၎င်းနောက်စိုက်ကြောင်းဖော်ပေးပါ။ - စိုက်ပျိုးခြင်း - နွေရာသီတွင်စိုက်ပျိုးပါကရုံးပတီမျိုးစေ့အား(၄)နာရီရေစိမ်ပေးပါ။ထို့နောက်မျိုးစေ့ကိုရေသန့်ဖြင့်ဆေး၍တစ်ကျင်းလျှင်(၃)စေ့ခန့်ချ၍တိုက်ရိုက်စိုက်ပျိုးပါ။မိုးရာသီတွင်ရေစိမ်ရန်မလိုအပ်ပါ။အစေ့မှအပင်ပေါက်ရန်အတွက်စိုက်ဘောင်၏ အပူဓာတ်သည် အရေးကြီးပါသည်။ တန်းကြား (၃)ပေ၊ပင်ကြား(၁-၁.၅)ပေထား၍စိုက်ပျိုးနိုင်သည်။ - ပိုးမွှားရောဂါကာကွယ်ခြင်း - ရုံးပတီတွင်အဓိကကျရောက်သောပိုးမွှားရောဂါများမှာVercillium wilt, Yellow Mosaic Virus,Fusarium Wilt, ယင်ဖြူ, ပျ, သီးလုံးဖောက်ပိုး တို့ဖြစ်ပါသည်။ Virus ရောဂါကာကွယ်ရန်အတွက်ယင်ဖြူ၊ပျတို့ကိုနှိမ်နင်းပါ။ ပိုးမွှားရောဂါကျရောက်လျှင် ဘက်စုံပိုး မွှားရောဂါကာကွယ်နည်းစနစ်(IPM)ဖြင့်ကာကွယ်နှိမ်နင်းပါ။ကျရောက်ပျက်စီးမှုများပါကစိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသည့်ဆေးများကိုညွှန်ကြားချက်အတိုင်းအသုံးပြုပါ။ မိတ်ဖက်အပင်များ(Campan.ion-planting)စိုက်ပျိုးခြင်းကို ဆောင်ရွက်ပါ။အကျိုးပြု အင်းဆက်များကိုစိုက်ခင်းသို့ဆွဲဆောင်နိုင်ရန် (Farm- scaping) အဖြစ်အကျိုးပြု အင်းဆက်များ နှစ်သက်သော အပင်များစိုက်ပျိုးထားရှိပါ။ - ခူးဆွတ်ခြင်း - စိုက်ပျိုးပြီး(၂)လခန့်အကြာတွင်ပထမဦးဆုံးအကြိမ်စတင်ခူးဆွတ်နိုင်ပါသည်။အဟာရဓာတ်အပြည့်ရရှိရန်အသီးတောင့်(၂‒၄)လက်မအရွယ်တွင်ခူးဆွတ်ရမည်။ရုံးပတီသီးကို(၁)ရက်ခြားခူးဆွတ်ပါ။ပထမဆုံးအသီးတောင့်ခူးဆွတ်ပြီးချိန်တွင်အောက်ခြေရှိအရွက်များအားဖယ်ရှား ပေးရမည်။ - မျိုးစေ့ထုတ်လုပ်ခြင်း - ရုံးပတီမျိုးစေ့ထုတ်လုပ်ရန် တန်းကြား (၃)ပေ၊ ပင်ကြား(၁.၅)ပေ ထားရန်လိုအပ်ပါသည်။တစ် ကျင်းလျှင်တစ်ပင်ထားစနစ်ကို အသုံးပြုရမည်။ မျိုးစေ့ အရည်အသွေးကောင်းရန်အတွက် ပိုတက်ဆီယမ် မြေသြဇာကိုပိုမိုထည့်ပေးရန်လိုအပ်ပါသည်။မျိုးစေ့ထုတ်ရာတွင်အစေ့၊အဆံအောင်မြင်ရန်အတွက်အောက်သီးမှစသီးသော အောက်ခြေ အတောင့်(၂)တောင့်အားခူးဆွတ် ပေးရမည်။အောက်ခြေအတောင့်နံပါတ်(၃) မှစ၍(၁၀) တောင့် အားမျိုးသီးအ ဖြစ်ယူပါ။(၁၀)တောင့်အထက်မှ စ၍ထိပ်ပိုင်းဖြတ်ပေးမည်။ အသီးတောင့် အခြောက်ခူး ပြီး တိုင်း သီးတောင့်နှင့်ကပ်လျှက်အရွက်အားဖယ်ရှားပေးပါ။အသီးတောင့်များအားလုံးမကွဲအက်မီခူးဆွတ်သင့်သည်။ မျိုးစေ့များအားသိုလှောင် မီအနည်းဆုံးအစိုဓာတ်(၈)%အထိအခြောက်ခံသင့်ပါသည်။ - ရုံးပတီသီး(၁၀၀)ဂရမ်တွင် ပါဝင်သောအာဟာရဓါတ်များ - ကယ်လိုရီ - ၃၃ ဂရမ် - အဆီဓာတ် - ၀.၂ ဂရမ် - ဆိုဒီယမ် - ၇ မီလီဂရမ် - ပိုတက်ဆီယမ် - ၂၉၉ မီလီဂရမ် - ကာဘိုဟိုက်ဒရိတ် - ၇ဂ ရမ် - အမျှင်ဓာတ် - ၃.၂ ဂရမ် - ပရိုတိန်း - ၁.၉ ဂရမ် - ဗီတာမင်-စီ - ၂၃ မီလီဂရမ် - ကယ်လဆီယမ် - ၈၂ မီလီဂရမ် - သံ - ၀.၆ မီလီဂရမ် - ဗီတာမင်ဘီ -၆ - ၀.၂ မီလီဂရမ် - မဂ္ဂနီစီယမ် - ၅၇ မီလီဂရမ် - Source:DOA - ---- - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
