cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပုသိမ်ဈေးကွက်ရှိ စပါးဈေးနှုန်းနဲ့ ဈေးကွက်သုံးသပ်ခန့်မှန်းချက်

. ဈေးကွက်သုံးသပ်ချက်
ခန့်မှန်းချက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်မိုးနှစ်သီးဖြင့်စိုက်ပျိုးနေသည့် သက်တမ်းတို စပါးများထွက်ရှိနေခြင်းကြောင့် ပုသိမ်ဈေးကွက်အတွင်း သက်တမ်းတိုစပါးဈေးများ ဈေးကျဆင်းနိုင်ပါ တယ်။
  • ပုသိမ်ဈေးကွက်ရှိ ပျမ်းမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၈၈၆,၀၀ဝိ/-ကျပ်၊ ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၆၁၀,၀၀ဝိ/-ကျပ်၊ ပေါ်ဆန်းမွှေး(နွေ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၂,၆၀၉,၀၀ဝိ/-ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ အဆိုပါဈေးနှုန်းတွေဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ အရောင်အဝယ်ဖြစ်တဲ့ဈေးနှုန်းများဖြစ်ပါတယ်။

    ယခင်လ (ဇူလိုင်လ)နှင့် ယခုလ (ဩဂုတ်လ)နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လပျမ်းမျှဈေးနှုန်းအား ယခင် ဇူလိုင်လ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ပုသိမ်ဈေးကွက်တွင် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ယခင်လထက် စပါးတင်း ၁၀၀ လျှင် ၉၁,၂၀၀ိ/-ကျပ်မြင့်တက်လာတာကို တွေ့ရပါတယ်။ ယခင် ဇူလိုင်လတွင် ၁,၇၉၄,၈၀ဝိ/-ကျပ်ရှိရာမှ ဩဂုတ်လတွင် ၁,၈၈၆,၀၀ဝိ/-ကျပ်အထိမြင့်တက်လာပါတယ်။

    ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ ယခင်လအောက် စပါးတင်း ၁၀၀ လျှင် ၆၈,၄၀၀ိ/-ကျပ် အထိ ဈေးကျသွားတာကို တွေ့ရပါတယ်။ ယခင် ဇူလိုင်လတွင် ၁,၆၇၈,၄၀ဝိ/-ကျပ်ရှိရာမှ ဩဂုတ်လတွင် ၁,၆၁၀,၀၀ဝိ/-ကျပ်သို့ နိမ့်ဆင်းသွားပါတယ်။

    ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ယခင်လထက် စပါးတင်း ၁၀၀ လျှင် ၄၃၇,ဝ၀၀ိ/-ကျပ်မြင့်တက်လာတာကို တွေ့ရပါတယ်။ ယခင် ဇူလိုင်လတွင် ၂,၁၇၂,ဝ၀ဝိ/-ကျပ်ရှိရာမှ ဩဂုတ်လတွင် ၂,၆၀၉,၀၀ဝိ/-ကျပ်အထိမြင့် တက်လာပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဩဂုတ်လ နောက်ဆုံးပတ်အထိ ပျှမ်းမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၃၄၉,၈၇၅ ကျပ်၊ မတ်၊ဧပြီ၊မေ၊ဇွန်လများ တွင် ၁,၇၆၆,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၁,၇၉၄,၈၀၀ ကျပ်နဲ့ ဩဂုတ်လတွင် ၁,၈၈၆,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၂၉၅,၅၀၀ ကျပ်၊ မတ်၊ဧပြီ၊မေ၊ ဇွန်လများတွင် ၁,၇၀၀,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၁,၆၇၈,၄၀၀ ကျပ်နဲ့ ဩဂုတ်လတွင် ၁,၆၁၀,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၅၄၃,၂၅၀ ကျပ်၊ မတ်၊ဧပြီ၊မေ၊ ဇွန်လ များတွင် ၂,၀၃၄,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၂,၁၇၂,၀၀၀ ကျပ်နဲ့ ဩဂုတ်လတွင် ၂,၆၀၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    သုံးသပ် ခန့်မှန်းချက်

    သုံးသပ်ချက်အနေဖြင့် ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ ဩဂုတ်လတွင် ဈေးကျသွားတာကို တွေ့ရ ပါတယ်။ မအူပင်ဘက်မှ ရက် ၁၀၀ စပါးများစတင်ထွက်ရှိလာပြီး ဈေးကွက်အတွင်း ဝင်ရောက် လာသော ကြောင့် ဈေးကျရခြင်းဖြစ်ပါတယ်။ ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဒေးဒရဲဘက်မှ အသစ်များ ဈေးကွက် အတွင်း ဝင်ရောက်မှုမရှိသေးသောကြောင့် ဈေးမြင့်နေဆဲဖြစ်ပါတယ်။ ပေါ်ဆန်းဈေးနှုန်းမှာ ဖျာပုံအဟောင်း လက်ကျန်နည်းလာခြင်း၊ စပါးအသစ်များမထွက်ရှိသေးခြင်းတို့ကြောင့် ဈေးမြင့်နေဆဲဖြစ်ပါ တယ်။

    ခန့်မှန်းချက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်မိုးနှစ်သီးဖြင့်စိုက်ပျိုးနေသည့် သက်တမ်းတို စပါးများထွက်ရှိနေခြင်းကြောင့် ပုသိမ်ဈေးကွက်အတွင်း သက်တမ်းတိုစပါးဈေးများ ဈေးကျဆင်းနိုင်ပါ တယ်။ သို့သော်ပေါ်ဆန်းမွှေးစပါးဈေးကတော့ ဈေးဆက်မြင့် နေပါမည်ဖြစ်ကြောင်း သုံးသပ်မိပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    -----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
  • article
  • article
likes9comments2
views2008