cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၂၆.၈.၂၀၂၄ မှ ၃၀.၈.၂၀၂၄)

. ဈေးကွက်သတင်းများ
ငွေကြေးလဲလှယ်ဈေးနှုန်း ကျဆင်းသွားတဲ့အတွက် ပြီးခဲ့တဲ့ အပတ်တွေကလိုတော့ အတက်မကြမ်းတော့တာကို တွေ့ရပါတယ်။ ဗ
  • မတ်ပဲ

    မတ်ပဲကတော့ ဈေးက မြင့်တက်နေဆဲ အခြေအနေဖြစ်ပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်း ကျဆင်းသွားတဲ့အတွက် ပြီးခဲ့တဲ့ အပတ်တွေကလိုတော့ အတက်မကြမ်းတော့တာကို တွေ့ရပါတယ်။ ဗဟိုဘဏ်ကလည်း ဒေါ်လာ အများအပြား ထုတ်ရောင်းပေးခဲ့သလို ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲပေး လိုက်တဲ့အတွက် ဈေးကွက်အတွင်း ပို့ကုန်ပဲတွေအတွက် တင်ပို့မှု အဆင်ပြေတဲ့အခြေအနေလို့ ကုန်သည်အချို့ကတော့ ဆိုပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ ရှိ‌နေတာ ဖြစ်ပါတယ်။ ပဲအသစ်တွေက ဈေးကွက်အတွင်း အဝင်ရှိနေပြီး အရောင်းအဝယ်ကလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲဈေးတွေ အနည်းငယ် ပြန်မြင့်တက်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက် မြင့်မားနေဆဲ အခြေအနေဖြစ်ပြီး အကျဈေးနဲ့ ဝယ်ယူမှုတွေ များလာတာကြောင့် ဈေးပြန်မြင့်တက်လာတာလို့ သိရပါတယ်။

    အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၃၇၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၂၂၅ ရူပီး ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့  တစ်တန်ကို ၈၆၀ မှ ၈၇၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အပြောင်းအလဲ မရှိ ငြိမ်ပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၇၅၈၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၈၃၁၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၃၉၂၅၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၉၀၄၀၀၀၊ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၈၈၅၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၂၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

     (SQ/RC) ကတော့ တစ်တန်ကို   ၄၃၀၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၇၀၀၀ ကျပ် ဈေးမြင့်ပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၄၅၅ မှ ၆၄၉၅ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၂၁၀ ကျပ်ဈေး မြင့်တက်ပါတယ်။

     မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်က တစ်အိတ်ကို ၃၂၀၀၀၀ မှ ၃၃၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ 

    လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေးက ငွေကျပ် ၆၀၀၀ အောက်ထိ ပြန်ကျ ဆင်းနေပါတယ်။ 

    ပဲတီစိမ်း 

    ဈေးဆက်တိုက် မြင့်တက်ခဲ့တဲ့ ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာတော့ ဈေးကျ/ ဈေးအေးသွား ပါတယ်။ ငွေလဲလှယ်ဈေးနှုန်းတွေ ကျဆင်းသွားတဲ့အမျှ ပဲဈေးက ကျဆင်းသွားတာ လို့သိရပါတယ်။ ဈေးကွက် အတွင်းမှာတော့ ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ ပခုက္ကူတို့က တစ် ပိဿာကို ၃၂၅၀ ကနေ ၅၅၈၅ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

     မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

     နှမ်းမျိုးစုံ 

    ဆက်တိုက်ဈေးမြင့်တက်လာခဲ့တဲ့ နှမ်းမျိုးစုံက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းပါတယ်။ အမြင့်ဈေးကြောင့် ဝယ်လိုအားလျော့နည်းသွားပြီး ငွေဈေးအခြေအနေတွေကြောင့် တင်ပို့မှုလည်း နည်းသွားတဲ့အခြေအနေပါ။ ဒီတစ်ပတ်မှာတော့ ငွေကြေးဈေး ပြန်ကျဆင်းတာကြောင့် နှမ်းဈေးတွေ လည်း ဈေးပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။

     မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၅၁၀၀၀၀ မှ ၆၃၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ၁၃၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ နှမ်းညိုကတော့ တစ်အိတ်ကို ၃၃၀၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀၀ ကျပ်၊ ပန်းနှမ်းကတော့ တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်အသီးသီးဈေးကျဆင်းပါတယ်။ 

    နှမ်းဖြူကတော့ တစ်အိတ်ကို ၄၁၅၀၀၀ မှ ၄၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေး တက်ပါတယ်။

     နယ်ဈေးကွက်တွေမှာလည်း နှမ်း တစ်အိတ်ကို အနိမ့်ဆုံး ၂၀၀၀၀ ကနေ ၄၀၀၀၀ ခန့် ဈေးတွေ ပြန်ကျဆင်းပါတယ်။

    ကြက်သွန်နီ 

    ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များလာပေမယ့် ဈေးကတော့ အမြင့်ဈေး နဲ့ ရှိနေပါတယ်။ နေ့စဉ် ပိဿာချိန် တစ်သိန်းနဲ့အထက် အဝင်ရှိနေပါတယ်။

     ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊တောင်သာတို့)က တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၄၀၀ မှ အမြင့်ဆုံးဈေး ၂၃၀၀ ကြား ရှိပြီး ပြီးခဲ့တဲ့အပတ်ကအတိုင်း ဈေးအပြောင်းအလဲ မရှိပါဘူး။

    AMIA

    ----


  • article
likes
3
comments
0
views
2300