cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ဘက်တီးရီယားရောဂါအကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးစပါးခင်းများထဲက ဘက်တီးရီယားရောဂါဟာ လေပြင်းတိုက်လို့စပါးရွက်အချင်းချင်းပွတ်တိုက်မိရာကနေဒါဏ်ရာဖြစ်ပြီးရောဂါရနိုင်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့မှ (၉) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ စက်တင်ဘာလ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ မိုးရွာရန် ရာနှုန်း ၆၇ မှ ၉၃ အထိ ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၇၊ ၈ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၀_၉၃ထိ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၆၇-၈၄ ရာခိုင်နှုန်းအတွင်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ စက်တင်ဘာလ (၃) ရက်နေ့မှ (၉) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၅ မှ ၉၀ အတွင်းရှိနိုင်ပါတယ်။ စက်တင်ဘာလ ရ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၀ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၅ မှ ၈၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှ ၂၄.°C အမြင့်ဆုံးအပူချိန် ၃၂.၅ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ စက်တင်ဘာလ (၃) ရက်နေ့မှ (၉) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၅ မှ ၉၅ အတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၅ မှာရှိနိုင်ပြီး ကျန်သောရက်မှာ မိုးရွာရန် ၆၅ မှ ၈၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၈°C မှ အမြင့်ဆုံးအပူချိန် ၃၂.၅ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    မိုးစပါးခင်းများထဲက ဘက်တီးရီယား

    -လေပြင်းတိုက်လို့စပါးရွက်အချင်းချင်းပွတ်တိုက်မိရာကနေဒါဏ်ရာဖြစ်ပြီးရောဂါရနိုင်

    -ရေကြီးရေလျှံ၊ရေလွှမ်းမိုးခံရခြင်း နောက်ဆက်တွဲအနေနဲ့လည်းကျနိုင်

    -အရွက်ဖျားများ တစ်ခင်းလုံးနီးပါးခြောက်

    -အထွက်ဆုတ်ပါမယ်

    -ပုလဲကျွေးတာရပ်ထားပါ

    -ပိုတက်များများကျွေးပါ

    ဓါတုမှို သတ် ဆေး အသုံးပြုလိုပါက

    (၁) ကော့ပါးအောက်ဆီဂလိုရိုဒ် (Copper oxychloride)

    (၂) ကော့ပါး ဟိုက်ဒရောဆိုဒ် (Copper hydroxide)

    (၃) ကာစူဂါမိုင်စင် (Kasugamycin)

    (၄) ဗစ်မာသီယာဇိုး (Bismerthiazol) စတဲ့ ဆေးအဆိပ်ပါတဲ့ ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးပါ

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုလအတွင်း ရုတ်တရက်မိုးရွာခြင်း၊ ရုတ်တရက် နေပူခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ရေအပူချိန် ရုတ်တရက်ပြောင်းလဲနိုင်ပါတယ်။ အဲလိုအချိန်မှာ ဇီဝကမ္မဖြစ်စဉ် ရုတ်တရက်ပြောင်းလဲတဲ့ဒဏ်ကို ကန်အတွင်းရှိ ငါးများခံကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ၄ လက်မအောက်ငါးလေးများ အပူချိန်ရုတ်တရက်ပြောင်းတဲ့ ဖိအား ဒဏ် Shock ဖြစ်ပြီး သေနိုင်တဲ့အတွက် အထူးသတိထားဖို့ ပြောကြားလိုပါတယ် ခင်ဗျာ။ ရုတ်တရက် မိုးရွာသွန်းမှု ကြောင့် ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် သဲအိတ်များ၊ ပိုက်များ ကန်ဘောင်တွင် ကာထားဖို့လည်း တိုက်တွန်း လိုပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes7comments0
views1856