ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ငရုတ်နဲ့ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်
ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ငရုတ်နဲ့ ခရမ်းချဉ်သီးနှံများ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဈေးနှုန်း များကို လေ့လာသော် ငရုတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃,၀၀ဝိ/-ကျပ်မှ ၅,၀၀ဝိ/-ကျပ်၊ ခရမ်းချဉ် ဈေးနှုန်းမှာ တစ်သေတ္တာလျှင် ၃၈,၀၀ဝိ/-ကျပ်မှ ၄၆,၀၀ဝိ/-ကျပ်၊ အသီးသီးဈေးဖြစ်နေပါတယ်။
ယခင်လ (ဇူလိုင်လ)နှင့် ယခုလ (ဩဂုတ်လ)နှိုင်းယှဉ်ခြင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ပျမ်းမျှဈေးနှုန်းအား ယခင် ဩဂုတ်လ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ငရုတ်အစို ဈေးနှုန်းမှာ တစ်ပိဿာလျှင် ယခင်လထက် ၄၄ ကျပ်မြင့်တက် လာတာကို တွေ့ရပါတယ်။ ယခင် ဩဂုတ်လတွင် ၄,၅၂ဝိ/-ကျပ်ရှိရာမှ စက်တင်ဘာလတွင် ၄,၅၆၄ ကျပ် အထိမြင့်တက်လာပါတယ်။
ယခုလ ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် ဩဂုတ်လထက် တစ်သေတ္တာလျှင် ၂၂၄၀ိ/-ကျပ် ဈေးမြင့် နေတာကို တွေ့ရပါတယ်။ ယခင် ဩဂုတ်လတွင် ၃၉,၇၆ဝိ/-ကျပ်ရှိရာမှ စက်တင်ဘာလတွင် ၄၂,၀၀ဝိ/-ကျပ်အထိ မြင့်တက်နေပါတယ်။
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ စက်တင်ဘာလ ပထမပတ်အထိ ပျမ်းမျှ ငရုတ်အစို တစ်ပိဿာ ဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၃,၉၇၄ ကျပ်၊ မတ်လတွင် ၅,၂၇၀ ကျပ်၊ ဧပြီလတွင် ၄,၈၁၃ ကျပ်၊ မေလတွင် ၅,၁၃၅ ကျပ်၊ ဇွန်လတွင် ၄,၇၉၀ ကျပ်၊ ဇူလိုင်လတွင် ၄,၆၀၅ ကျပ်၊ ဩဂုတ်လတွင် ၄,၅၂၀ ကျပ်၊ စက်တင်ဘာလတွင် ၄,၅၆၄ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
ပျမ်းမျှ ခရမ်းချဉ် တစ်သေတ္တာ ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉ ကျပ်၊ မတ်လတွင် ၂၂,၄၂၀ ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅ ကျပ်၊ မေလတွင် ၃၆,၈၅၀ ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃ ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၄၂,ဝဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
သုံးသပ် ခန့်မှန်းချက်
သုံးသပ်ချက်အနေဖြင့် ငရုတ်စို ဈေးနှုန်းမှာ အထွက်နည်းလာခြင်း၊ ဈေးကွက်သို့ အဝင်နည်းလာခြင်း တို့ကြောင့် ဈေးတက်ရခြင်းဖြစ်ပါတယ်။ ခရမ်းချဉ်ဈေးနှုန်းမှာ အင်းလေးခရမ်းချဉ် တစ်မျိုးတည်းသာ အဓိကဝင်ရောက်နေခြင်း၊ မြေပြန်ခရမ်းချဉ် စိုက်ပျိုးနေချိန်ဖြစ်ခြင်း၊ ဈေးကွက်သို့ အဝင်နည်းခြင်းတို့ကြောင့် ဈေးတက်ရခြင်းဖြစ်ပါတယ်။
ခန့်မှန်းချက်အနေဖြင့် ငရုတ်အစိုနဲ့ ခရမ်းချဉ်ဈေးနှုန်းများ ယခု စက်တင်ဘာလအတွင်း ဆက်လက် မြင့်တက်နေမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
----
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download