cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂.၉.၂၀၂၄ မှ ၆.၉.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ် မြင့်တက်ပါတယ်။ ပြည်တွင်း ငွေလဲလှယ် ဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပေမယ့် FOB ဈေးတွေ ပြန်မြင့်တက်လာခဲ့တဲ့အတွက် ပဲဈေးက မြင့် တက်နေတာ ဖြစ်ပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ် မြင့်တက်ပါတယ်။ ပြည်တွင်း ငွေလဲလှယ် ဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပေမယ့် FOB ဈေးတွေ ပြန်မြင့်တက်လာခဲ့တဲ့အတွက် ပဲဈေးက မြင့် တက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ လက်ရှိ ပဲဈေးအကျကိုစောင့်ပြီး အရောင်းအဝယ် ရှိနေတာ ဖြစ်တဲ့အတွက် အနည်းငယ်တော့ အေးတယ်လို့ သိရပါတယ်။

    အိန္ဒိယနိုင်ငံမှာတော့ ပဲ အသစ်တွေ အဝင်ရှိနေပေမယ့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းတဲ့အပြင် ပွဲတော်ကြို ကာလအတွက် အဝယ်သွက်နေပါတယ်။ ဒါ့အပြင် အကျဈေး နဲ့ ဝယ်ယူမှု ပြန်မြင့်တက်လာ တဲ့အတွက် ဈေးက ပြန်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

    မတ်ပဲ FOB ဈေးနှုန်းကတော့  တစ်တန်ကို ၉၀၀ မှ ၉၁၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဒေါ်လာ ၄၀ ဈေးမြင့်တက်လာပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၉၉၃၀၀၀ ရှိ ခဲ့ပါတယ်။တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၀၁၈၀၀၀ ၊ အင်္ဂါနေ့မှာ တော့ တစ်တန်ကို ၄၁၂၁၀၀၀ ကျပ် ၊ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၀၉၀၀၀၀ ၊ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၄၀၁၉၀၀၀ ပေါက်ဈေးရှိ နေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၀၀၀၀ ကျပ် ဈေးတက်ပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို ၄၄၃၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၃၄၀၀၀ ကျပ်ဈေးမြင့်ပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၇၁၅ မှ ၆၇၅၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်က တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၆၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေးက ၅၅၀၀ မှ ၅၆၀၀ ကြား ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

    ကုလားပဲ

    ပို့ကုန်ပဲ အများစု ဈေးမြင့်တက်နေပေမယ့် ကုလားပဲကတော့ ဈေးကျဆင်းသွားပါတယ်။ ဈေးမြင့် တက်နေတာ ဖြစ်တဲ့အတွက် အရောင်းအဝယ်အေးပါတယ်။

     ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲ ခြမ်းကဈေးပြန်ကျပြီး တစ်ပိဿာကို ၆၆၇၅ မှ ၇၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်ဈေးကျဆင်းပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၉၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ၊ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၇၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ် ၊ကုလားပဲလုံးv2 က တစ်အိတ်ကို ၃၀၀၀၀၀ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ် ဈေးအသီးသီးဈေး ကျဆင်းပါတယ်။

     နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်အိတ်ကို ငွေကျပ် ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေး ပြန်ကျဆင်းသွားပါတယ်။ 

    ပဲပုပ် 

    ဆက်တိုက်ဈေးမြင့်တက်နေတဲ့ ပဲပုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးပြန်အေးသွားပါတယ်။ ဆီ အတွက်အဝယ်တွေ ရှိနေတာဖြစ်လို့ အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။

     ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(ဆီတိုး) တစ်ပိဿာကို ၆၃၃၀ မှ ၇၁၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ (အထွက်တိုး)ကတော့ တစ်ပိဿာကို ၆၁၆၅ မှ ၆၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေး မြင့်တက်လာပါတယ်။ 

    မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း) က သုံးတင်းဝင် တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၃၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။ 

    စီပီပြောင်း 

    ပြောင်းဈေးကတော့ ဈေးထပ်ပြီး မြင့်တက်ပါတယ်။ ငွေလဲလှယ်ဈေးနှုန်းအပါအဝင် ပြည်တွင်း သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတာ၊ လက်ကျန်လျော့နည်းလာတာ၊ ထိုင်းနိုင်ငံတင်ပို့မှုအတွက် ဝယ်ယူမှု များပြားတာတွေကြောင့် ဈေးက မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

    ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ရှိပြီး အတက်ဈေး နဲ့ ဈေးငြိမ်ပါတယ်။ 

    မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက သုံးတင်းဝင် တစ်အိတ်ကို ၈၇၀၀၀ မှ ၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်ပါတယ်။ ရှမ်းပြောင်းကလည်း တစ်အိတ်ကို ၈၇၀၀ မှ ၈၈၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်ပါတယ်။ 

    တရုတ်အာလူး

    တရုတ်အာလူးကတော့ ပြန်ပြီး ဈေးမြင့်တက်ပါတယ်။ ပိဿာချိန် ၁ သောင်းကျော် နေ့စဉ် အဝင်ရှိနေပါ တယ်။ ရှမ်းအာလူးတွေကတော့ ဈေးကွက်ထဲ အဝင်နည်းပါတယ်။

     ရန်ကုန်ဈေးကွက်ထဲမှာတော့ တရုတ်အာလူးက တစ်ပိဿာကို ၆၀၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

    AMIA


  • article
likes2comments0
views2170