ညောင်ရွှေနှင့်ဟဲဟိုးမြို့နယ်တို့အတွက် မိုးလေဝသ ခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်
တနင်္လာ-မိုးရွာရန် ၉၀ ရာခိုင်နှုန်း
အင်္ဂါ - မိုးရွာရန် ၈၆ ရာခိုင်နှုန်း
ဗုဒ္ဓဟူး - မိုးရွာရန် ၉၁ ရာခိုင်နှုန်း
ကြာသပတေး-မိုးရွာရန် ၉၅ ရာခိုင်နှုန်း
သောကြာ-မိုးရွာရန် ၄၆ ရာခိုင်နှုန်း
စနေ - မိုးရွာရန် ၆၅ ရာခိုင်နှုန်း
တနင်္ဂနွေ-မိုးရွာရန် ၈၀ ရာခိုင်နှုန်း အသီးသီးရှိနိုင်ပါတယ်။
အာလူး
အာလူးဘက်တီးရီးယားပင်ညှိုးရောဂါကို သတိပြုပါ။ မိုးရွာပြီး နေပြင်းရင် ရောဂါကျတတ်ပါတယ်။ အရွက်များ အစိမ်းရောင်မပျက်ညှိုးသွားခြင်း၊ ပင်စည်နှင့်အမြစ်များ အညိုရောင်ပြောင်းသွားခြင်း၊ပင်စည်အားဖြတ်ကြည့်ပါက ပင်စည်ပုံစံပျက်နေတာကိုတွေ့ရပါမယ်။ အသုံးပြုပြီးသော လယ်ယာသုံးပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ပါ။ ရောဂါရအပင်သို့မဟုတ် ပေါင်းမြက်ပင် ကို စတွေ့တာနဲ့နှုတ်ယူဖယ်ရှားပါ။မှိုသတ်ဆေးအသုံးပြုလို့မရပါ။ ဒိုလိုမိုက်(ထုံး) ထည့်သွင်းပေးပါ။ ဘစ်စမာသီယာဇိုး ၊ ကာဆူဂါမိုင်စင်ဆေးများ အလှည့်ကျ ကြိုတင်ပက်ဖျန်းပါ။
ခရမ်းချဉ်
အခုလိုမိုးများနေစဉ်မှာ ပုလဲ မြေဩဇာအလွန်အကျွံမကျွေးပါနှင့်။ ပန်းပွင့်စချိန်မှာ ပုလဲကျွေးမိရင်အသီးမတင်ဖြစ်တတ်ပါတယ်။ အသီးတင်မှသာ ပိုတက်နှင့်ပုလဲရောကျွေးပေးပါ။ အသီးတင်ပြီး ဖင်ပုပ်မဖြစ်အောင် လည်း ထုံးသို့မဟုတ်ဂျစ်ပ်ဆမ်ကျောက်မှုန့်များ ကြိုတင်ထည့်သွင်းပါ။ ဖျန်းဆေးရည် အနေနဲ့ ကယ်လ်ဆီယမ် ဓါတ်ပါဝင်သောရွက်ဖျန်းမြေဩဇာများပက်ဖျန်းပေးပါ။
ပြောင်း
ပင်စည်ပုပ်၊အမြစ်ပုပ်တို့ အခုလိုကာလမှ ဖြစ်ပွားတတ်ပါတယ်။ ထိရောက်တဲ့မှိုသတ်ဆေးများ အသုံးပြုပါ။ အဇီုဇီစထရိုဘင်ဆေးအဆိပ်ကို အကြံပြုလိုပါတယ်။
စပါး
ရိတ်သိမ်းချိန်မလွန်စေချင်ပါ။
-အချိန်မီ ရိတ်ပါ ၊
-စပါးနှံရှိ စပါးစေ့ ၈၀-၈၅% ခန့် ကောက်ရိုးအရောင်ပြောင်းလာချိန်တွင် ရိတ်ပါ။
-မိုးလွတ်ချိန်ရိတ်ပါ။