cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် နှံစုပ်ပိုးနှင့် စပါးမှိုသီးရောဂါအကြံပြုချက်

. စိုက်ပျိုးနည်းစနစ်များ
ပိုးကျမှ ဆေးဖျန်းပါ၊ ပိုးမကျပဲ ကြိုတင်မဖျန်းပါနှင့်။ မဖြစ်မနေသုံးရပြီဆို ကာတက်ဟိုက်ထရိုကလိုရိုဒ် ဖျန်းပါ။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၆) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၆) ရက်နေ့အထိ မိုးရွာရန် ရာနှုန်း ၆၄ မှ ၁၀၀ အထိ ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်တွင် မိုးရွာရန် ရာနှုန်း ပြည့်ဖြစ်ပြီး စက်တင်ဘာလ ၁၀၊ ၁၂ ရက်နေ့တွေမှာ မိုးရွာရန် ၉၄_၉၆ အထိ ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ ၆၄-၇၀ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၁°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၆) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၁ မှ ၉၇ အတွင်းရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၄ မှ ၉၇ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၄၁ မှ ၈၄ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှ ၂၄.၁°C အမြင့်ဆုံးအပူချိန် ၃၃.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၆) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၁ မှ ၉၇ အတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၄_၉၇ မှာရှိနိုင်ပြီး စက်တင်ဘာလ ၁၅ ရက်တွင် မိုးရွာရန် ၄၁ ရာခိုင်နှုန်းသာရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၆၇ မှ ၈၄ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၁°C မှ အမြင့်ဆုံးအပူချိန် ၃၃.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    သာယာဝတီ၊မိုးညိုနဲ့လက်ပန်တန်း မြို့နယ်တွေမှာ စပါးခင်းများ အနှံစပြူနေကြပါပြီ။

    မိုးတွေကဆက်ရွာဖို့ရှိနေတာကြောင့် နှံစုပ်ပိုးနဲ့ စပါးမှိုသီးရောဂါသတိပြုပါ။

    ပိုးသတ်ဆေး၊ မှိုသတ်ဆေးစရိတ်များကြီးမားနေတာကြောင့်လိုအပ်မှ ဆေးသုံးပါ။ တစ်ကြိမ်တည်းနဲ့ ထိရောက်အောင်သုံးပါ။ ကွင်းဆင်းမပြတ်ပါစေနှင့်။ မနက်စောစောတစ်ကြိမ်နှင့် ‌ညနေခင်းတစ်ကြိမ် နေ့စဉ်နှံစုပ်စစ်ဆေးပါ၊ ပိုးကျမှ ဆေးဖျန်းပါ၊ ပိုးမကျပဲ ကြိုတင်မဖျန်းပါနှင့်။ မဖြစ်မနေသုံးရပြီဆို ကာတက်ဟိုက်ထရိုကလိုရိုဒ် ဖျန်းပါ။စပါးမှိုသီးအတွက် ပန်းပွင့်ချိန်မှာ မိုးရွာရင် မှိုသတ်ဆေး သုံးပေးပါ၊ ထရိုင်ရာဇိုးအုပ်စုဝင် မှိုဆေးများကြိုတင်ဖျန်းပေးပါ။ ပုလဲကိုလိုတာထက်ပိုမကျွေးပါနှင့်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုတစ်ပတ်အတွင်း မိုးများနိုင်တဲ့အတွက် ငါးမွေး တောင်သူဦးကြီးများအနေဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-

    ရေနစ်မြုပ်ပြီးကန်များ ထပ်မံမွေးမြူလိုပါက ကန်သန့်ရှင်းရေးကို အပြောင်ဆောင်ရွက်ပြီးမှသာ ထပ်မံ မွေးမြူရန်၊ စုပ်ခွက်ငါးများ ဝင်ရောက်နိုင်သဖြင့် ဖယ်ရှားသန့်စင်ပြီးမှသာ ငါးသားပေါက်ထည့်ခြင်းကို ထပ်မံဆောင် ရွက်ရန်၊ မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံခြင်း ထပ်မံဖြစ်ပေါ်နိုင်တဲ့အတွက် မနစ်မြုပ်သေးသော ကန်များ အနေဖြင့် ကန်ဘောင်တွင် မြေဖို့ခြင်း၊ ဇာပိုက်များကာခြင်း၊ သဲအိတ်များထပ်ထားခြင်းများ ဆောင်ရွက် ထားရန်၊

    စက်ရုံ၊ အလုပ်ရုံများမှ ရေဆိုးများ ဝင်ရောက်လာနိုင်သဖြင့် ကန်အတွင်း အမိုးနီးယားဓါတ်ကို စစ်ဆေး ပေးရန်နဲ့ ကန်သန့်ရှင်းရေးကို ဆောင်ရွက်ရန် တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

    Weather Source: CIAT

    --------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes6comments0
views1977