cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၉.၉.၂၀၂၄ မှ ၁၃.၉.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
ပြည်ပတင်သွင်းမှု မလုံလောက်တာ၊ ပွဲတော် ကာလအတွင်း ဝယ်ယူမှု များပြားတာတွေကြောင့် လာမယ့် ကာလအတွင်း ပဲစင်းငုံနီက ဈေးက ဆက်ပြီး မြင့်တက်နိုင်ဦးမယ်လို့
  • ပဲစင်းငုံနီ 

    ပဲစင်းငုံနီကတော့ တစ်တန်ကို ၅၂ သိန်းကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ရာမှာ ဒီတစ်ပတ်မှာတော့ သိန်း ၅၀ အောက်ဈေးပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန် မရှိတာ FOB ဈေးနှုန်းကျ ဆင်းသွားတာ၊ လက်ရှိ ပေါက်ဈေးအခြေအနေကို စောင့်ကြည့်ရောင်းဝယ်တာတွေကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ်အေး ဈေးကျဆင်းသွားတာဖြစ်တယ်လို့ ကုန်သည်အချို့ကဆိုပါတယ်။

     အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ စားသုံးမှု မြင့်မားတာ၊ ‌ပြည်ပတင်သွင်းမှု မလုံလောက်တာ၊ ပွဲတော် ကာလအတွင်း ဝယ်ယူမှု များပြားတာတွေကြောင့် လာမယ့် ကာလအတွင်း ပဲစင်းငုံနီက ဈေးက ဆက်ပြီး မြင့်တက်နိုင်ဦးမယ်လို့ အိန္ဒိယပဲကုန်သည်တွေနဲ့ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့တွေက ခန့်မှန်း ထားကြပါတယ်။ ပဲဝယ်ယူမှုအများဆုံး ဖြစ်သည့် ယခုကာလသည် ပဲ တန်ချိန် ၉ သိန်းခန့် လိုအပ်လျက် ရှိနေပြီး ပြည်ပတင်သွင်းမှုကတော့ လျော့ကျနေတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းကလည်း လက်ရှိ ပဲကုန်ချိန် ဖြစ်နေတဲ့အတွက် တင်သွင်းမှု အနည်းငယ်သာ ရှိတော့တယ်လို့ အိန္ဒိယ ပဲ သတင်းတွေမှာ ဖော်ပြထားပါတယ်။

     ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၅၀၀၅၀၀၀ ကျပ်၊ တနင်္လာနေ့မှာတော့  တစ်တန်ကို ၄၉၀၀၀၀၀ ကျပ်၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၈၉၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၄၈၄၅၀၀၀၊ ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၇၅၀၀၀၀၊ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၃ သိန်းကျပ်ဈေးကျ ဆင်းသွားပါတယ်။

    ပြည်တွင်း FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၂၀ မှ ၁၁၃၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၂၀ ဈေးကျဆင်းသွားပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်း ပြန်ကျဆင်းသွားတဲ့အတွက် ပဲဈေးလည်း ပြန်ကျဆင်းသွားသလို အရောင်းအဝယ် မရှိတဲ့အတွက် ဈေးအေးသွားတာလို့လည်း ကုန်သည်တွေက ဆိုပါတယ်။

    ပဲတီစိမ်း

    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ဈေးငြိမ်ပါတယ်။ နယ် ဈေးကွက်တွေမှာတော့ နေ့စဉ် ပဲအဝင် အပေါ် မူတည်ပြီး အတက်အကျ အနည်းငယ်သာ ရှိပါတယ်။ အဆက်မပြတ်မိုးရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အရောင်းအဝယ်အေးဈေးအေးနေတဲ့ အခြေအနေလို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ အညာတို့က တစ် ပိဿာ ကို ၄၃၃၀ ကနေ ၅၆၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀ မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀လောက် ဈေးကျဆင်းပါတယ်။

    နယ်ဈေးကွက်တွေမှာတော့ ပဲတီစိမ်း တစ်တင်းကို ၄၀၀၀၀ မှ ၆၂၀၀၀ ကြားရှိနေပြီး ဈေးငြိမ်ပါတယ်။

    ပဲထောပတ်

    ဆက်တိုက်ဈေးငြိမ်နေခဲ့တဲ့ ထောပတ်ပဲက ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်မြင့်တက်လာပါတယ်။ ဒေသတွင်း ဝယ်ယူမှုများလာတဲ့အတွက်ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ထောပတ်ပဲက တစ်ပိဿာကို ၆၃၁၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅ ကျပ်ဈေး တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲထောပတ်အကြီးက တစ်အိတ်ကို ၄၀၀၀၀၀ မှ ၄၂၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ထောပတ်ပဲ အလတ်ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကျပ်၊ ပဲထောပတ် အသေးကတော့ တစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ကျပ် အသီးသီးဈေးတက်ပါတယ်။

    မြေပဲ

    ဈေးကျဆင်းသွားတဲ့ မြေပဲက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ အကျဈေးနဲ့ ဝယ်ယူမှု များပြားလာတဲ့အတွက် ဈေးက ပြန်မြင့်တက်လာတာဖြစ်ပါတယ်။

    မန္တလေးဈေးကွက်မှာ မြေပဲ အနီလုံးဆံက တစ်ပိဿာကို ၈၆၀၀ မှ ၈၇၀၀ ရှိပြီးတစ်ပိဿာကို ၂၀၀ ကျပ်ဈေးပြန်တက်ပါတယ်။

    အော င်လံဈေးကွက်မှာလည်း မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၈၄၀၀ မှ ၈၅၀၀ ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်၊မြေပဲလုံးဆံနီကတစ်ပိဿာကို ၈၂၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးပြန်တက်ပါတယ်။ အခြားဒေသတွေမှာလည်း တစ်ပိဿာကို ၂၀၀ မှ ၅၀၀ ကြား ဈေးပြန်မြင့်တက်လာပါတယ်။

    ကြက်သွန်ဖြူ

    ဆက်တိုက်ဈေးကျဆင်းနေတဲ့ ကြက်သွန်ဖြူဈေးက ဒီတစ်ပတ်မှာလည်း အကျဈေးနဲ့ရှိနေပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မှာ ရေကြီးနစ်မြုပ်နေတာတွေကြောင့် ဈေးကွက်ထဲ အဝင်နည်းပြီး အတက် အကျကတော့ တည်ငြိမ်မှု မရှိပါဘူး။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၆၀၀၀ လောက်သာ အဝင်ရှိပြီး အဝင်ကလည်း ထက်ဝက် နီးပါးလျော့ကျသွားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၆၅၀၀ မှ ၁၇၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၉၅၀၀ မှ ၁၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

    AMIA


  • article
likes
5
comments
0
views
2890