cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြိုတင်ကာကွယ် နှံစုပ်ဂျပိုး အန္တရာယ်

. ပိုးမွှား
နှံစုပ်ဂျပိုးကျရောက်ဖျက်ဆီးတဲ့အခါ
  • မင်္ဂလာပါဦးကြီးတို့ရေ 

    ဦးကြီးတို့စပါးပင်တွေမှာ နှံစုပ်ဂျပိုးကျရောက်နေရင် ဘယ်လိုသိရမလဲဆိုတာနဲ့ နှံစုပ်ဂျပိုးကိုဘယ်လိုနှိမ်နှင်းရမလဲဆိုတာကို ထွက်တိုးမှရုပ်ပုံလေးများဖြင့်ဖော်ပြပေးလိုက်ပါတယ်။ 

    (၁) စပါးနှံ မပေါ်ခင်တွင်စပါးရွက်နုများကိုစုပ်စားဖျက်ဆီးပြီး အခင်းဘေးဖြတ်သန်းသွားပါက ဂျပိုး အနံ့ပြင်းပြင်းရတတ်သည်။ 

    (၂) ပန်းပွင့်ချိန် နှင့် နို့ရည်တည်ချိန် ကျရောက်တတ်ပြီး အစေ့ အဆံများကို စုပ်ယူစားသုံးသည်။။ 

    (၃) အညိုရောင် ဘဲဥပုံ ရှိသော နှံစုပ်ဂျပိုးဥများကို စပါးပင်၏ အရွက်များအပါ်တွင် တွေ့ရတတ်သည်။ 

    (၄) အဖြူရောင် (သို့) အညိုရောင် အစက် အ‌‌‌ပြောက် များကို စုတ်စားခံရသော စပါး စေ့များ ပေါ်တွင် တွေ့ ရတတ်သည်။ 

    (၅) စပါးစေ့များ အဖျင်း အမှော်များပြီး ရိတ်သိမ်းချိန်တွင် စပါးအထွက်နှုန်းကို (၁၀-၄၀) ခိုင်နှုန်းခန့်အထိထိခိုက် ဆုံးရှုံးစေ နိုင်သည်။ 

    (၆) နှံစုပ်ဂျပိုးများ ခိုအောင်းနိုင်သည့် စိုက်ခင်းအနီး ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ရှင်လင်း၍ မီးခိုးမှိုင်းတိုက်ကာ ကြိုတင်ကာကွယ်ပါ။ 

    (၇) နှံစုပ်ဂျပိုး ကျရောက်ပါက အဆီတာမီပရစ်၊ ပရိုဖီနိုဖော့စ် ၊ အင်ဒိုဇာကတ်(ပ်) စုပ်စားပိုးသတ်ဆေး တစ်မျိုးမျိုး ဖျန်းပေးပါ။။ 


  • article
  • article
  • article
  • article
likes
15
comments
1
views
2890