cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယနိုင်ငံဈေးကွက်၌ ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လာနိုင်

. သတင်းစုံ
အိန္ဒိယ၏ ပြည်တွင်းပဲစင်းငုံ ထုတ်လုပ်နိုင်သည့် ပမာဏထက် ပြည်တွင်းစားသုံးမှုက ပိုမိုများပြား နေခြင်းကြောင့် ပြည်ပမှ တင်သွင်း နေရခြင်းဖြစ်သည်။
  • အိန္ဒိယပြည်တွင်းဈေးကွက်တွင် မကြာသေးမီကာလ၌ ပဲစင်းငုံဈေးနှုန်းများ အတန်အသင့် လျော့ကျခဲ့သော်လည်း ပြည်ပမှ တင်သွင်းနိုင်မှု လျော့နည်းနိုင်ခြင်း၊ လာမည့် ပွဲတော်ရာသီကာလ၌ ဝယ်လိုအား မြင့်တက်လာခြင်းတို့က ပဲစင်းငုံဈေးနှုန်းကို မြင့်တက်လာစေနိုင်ကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ထားကြောင်း သတင်းကို အိန္ဒိယသတင်း ဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။

    လာမည့် ပွဲတော်ရာသီတွင် ဝယ်လိုအားကြောင့် ဈေးနှုန်းများ အမြင့်ဘက်သို့ ဦးတည်လျက်ရှိ ကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ပဲစင်းငုံ ပမာဏအမြောက်အမြားကို တင် သွင်းနိုင်သည့် နိုင်ငံမရှိကြောင်းကို အိန္ဒိယနိုင်ငံ စီးပွားရေးပညာရှင် များက သုံးသပ်ထားသည်။

    အိန္ဒိယ၏ ပြည်တွင်းပဲစင်းငုံ ထုတ်လုပ်နိုင်သည့် ပမာဏထက် ပြည်တွင်းစားသုံးမှုက ပိုမိုများပြား နေခြင်းကြောင့် ပြည်ပမှ တင်သွင်း နေရခြင်းဖြစ်သည်။

    အိန္ဒိယအစိုးရ၏ တတိယ အကြိမ် သီးနှံအထွက် ခန့်မှန်း ချက်အရ ၂၀၂၃- ၂၀၂၄ စိုက်ပျိုး ရေးနှစ် ဇွန်၊ ဇူလိုင်အတွင်း စုစု ပေါင်းတန်ချိန် ၃ ဒသမ ၄ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နိုင်ငံလုံး ပျမ်းမျှစားသုံးမှု သည် တန်ချိန် ၄ ဒသမ ၅ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ စုစုပေါင်းစားသုံးမှု ပမာဏအနက် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလကာလ အတွင်း ပွဲတော်ရာသီတွင် ဝယ်လို အားအတွက် ပဲစင်းငုံတန်ချိန် ၉၀၀၀၀၀ခန့် လိုအပ်မည်ဟု ခန့် မှန်းထားသည်။

    အိန္ဒိယနိုင်ငံသည် စက်တင် ဘာလမှ နိုဝင်ဘာလအထိ ပဲစင်းငုံ စားသုံးမှု အမြင့်မားဆုံးကာလ ဖြစ်ပြီး ပျမ်းမျှအားဖြင့် တန်ချိန် ၉-၁၂သိန်းကြား သုံးစွဲလေ့ရှိ သည်။

    ပဲစင်းငုံဈေးများသည် ယခင် နှစ် ဇွန်လမှ စတင်၍အမြင့်ဈေးဖြင့် ရောင်းဝယ်လျက်ရှိခဲ့ရာ အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ ပဲစင်းငုံ ခွဲခြမ်း လက်လီဈေးနှုန်းသည် စက်တင်ဘာ ၁ရက်တွင် ၁ ကီလို ဂရမ်လျှင် ၁၆၃ ဒသမ ၈၁ ရူပီး နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

    အိန္ဒိယ၌ ပဲစင်းငုံဈေးနှုန်း ကျဆင်းမှုကာလမှာ ကာလတိုသာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငွေတန်ဖိုး ကျဆင်းမှုအရ မြန်မာနိုင်ငံမှ ဈေး နှုန်းသက်သာစွာဖြင့် တင်သွင်းနိုင် ခြင်းကြောင့် ပဲဈေးနှုန်းများ လျော့ နည်းသက်သာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၌ ပဲစင်းငုံလက်ကျန် ကုန်တော့မည် ဖြစ်ရာ အခြားနိုင်ငံများမှ ဝယ်ယူ ရန် ရှာဖွေလျက်ရှိသည်။

    အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံ အပါအဝင် မိုဇမ်ဘစ်၊ မာလာဝီ ဆူဒန်၊ တန်ဇန်နီးယားနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိပြီး အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးသော မိုးသီးနှံ၌ ပဲစင်းငုံစိုက်ဧက တိုးချဲ့ စိုက်ပျိုးထားသော်လည်း အဓိက စိုက်ပျိုးသော ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် လာမည့် ရိတ်သိမ်းရာသီတွင် အထွက်နှုန်း လျော့ကျနိုင်မည့် အခြေအနေများ ရှိနေသည်။

    ထို့ကြောင့် လာမည့် ပဲပေါ် ရာသီတွင် အိန္ဒိယ၏ ပဲစင်းငုံဈေး နှုန်းများသည် အခြေခံရည်ညွှန်း ဈေး ၁၀၀ ကီလိုဂရမ်တွင် ၇၅၅၀ ရူပီး၏အထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ကျွမ်း ကျင်ပညာရှင်များက သုံးသပ်ထား ကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes
3
comments
0
views
2146