ရှမ်းပြည်နယ်ရှိ ဟဲဟိုးမြို့နယ်၊ ညောင်ရွှေ မြို့နယ်တို့အတွက် မိုးလေဝသခန့်မှန်းချက်
ဟဲဟိုးမြို့နယ်တို့အတွက် မိုးလေဝသ ခန့်မှန်းချက်
အင်္ဂါ - မိုးရွာရန် ၉၇ ရာခိုင်နှုန်း
ဗုဒ္ဓဟူး - မိုးရွာရန် ၈၉ ရာခိုင်နှုန်း
ကြာသပတေး-မိုးရွာရန် ၈၉ရာခိုင်နှုန်း
သောကြာ-မိုးရွာရန် ၄၂ ရာခိုင်နှုန်း
စနေ - မိုးရွာရန် ၄၆ ရာခိုင်နှုန်း
တနင်္ဂနွေ-မိုးရွာရန် ၇၄ ရာခိုင်နှုန်း
တနင်္လာ-မိုးရွာရန် ၆၁ ရာခိုင်နှုန်း
အသီးသီးရှိနိုင်ပါတယ်။
ညောင်ရွှေမြို့နယ်တို့အတွက် မိုးလေဝသ ခန့်မှန်းချက်
အင်္ဂါ - မိုးရွာရန် ၁၀၀ ရာခိုင်နှုန်း
ဗုဒ္ဓဟူး - မိုးရွာရန် ၉၂ ရာခိုင်နှုန်း
ကြာသပတေး-မိုးရွာရန် ၄၃ရာခိုင်နှုန်း
သောကြာ-မိုးရွာရန် ၇၈ ရာခိုင်နှုန်း
စနေ - မိုးရွာရန် ၇၃ ရာခိုင်နှုန်း
တနင်္ဂနွေ-မိုးရွာရန် ၄၅ ရာခိုင်နှုန်း
တနင်္လာ-မိုးရွာရန် ၇၄ ရာခိုင်နှုန်း
အသီးသီးရှိနိုင်ပါတယ်။
စိုက်ပျိုးရေးအကြံပြုချက်
ခရမ်းချဉ် နှင့် အာလူး
အခုလို အပူချိန်လျော့ကျကာ စိုထိုင်းစများနေသော အခြေအနေမှာ နှောင်းပင်နာကျရောဂါ အန္တရာယ်ကို ကြုံတွေ့ရနိုင်သလို မိုးရွာပြီး နေပွင့်လာတဲ့ အချိန်မှာ စောပင်နာကျရောဂါ အန္တရာယ်ကိုလဲ တပြိုင်တည်းကြုံတွေ့နိုင်ပါတယ်။ စောပင်နာကျရောဂါ နဲ့ နှောင်းပင်နာကျရောဂါတို့ကို ဖြစ်စေသော ရောဂါဖြစ်သက်ရှိတွေက မတူကြပါဘူး။
ဒါကြောင့် နှိမ်နင်းတဲ့ဆေးတွေလဲ မတူကြပါ။ရောဂါလက္ခဏာကို သေချာခွဲခြားပါ။
ခွဲခြားရခက်ခဲနေပါက ထွက်တိုး မှာမေးပါ ဒါမှမဟုတ် ထွက်တိုးတောင်သူအကြံပေး ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီးအကြံအဉာဏ်ရယူပါ။ နိုက်ထရိုဂျင်မြေသြဇာကိုတော့ အရင်ဆုံးလျော့ကျွေးပါ။
ပြောင်း
မိုးများစွာရွာသွန်းခြင်း၊ ရေမြုပ်ခြင်းဖြစ်ခဲ့ရင် ပြောင်းပင် ပင်စည်ပုပ်ရောဂါ ဖြစ်တတ်ပါတယ်။ ပြောင်းခင်း ရေမြုပ်ခဲ့လျှင် မိုးရပ်တာနဲ့ ချက်ချင်း ရေထုတ်ပါ။ အပင်ခြေ ဘောင်လုံးပါ။ ပိုတက်စီယမ် မြေဩဇာထည့်ပါ။ Propiconazole , iprodione, Fosteyl AL စသော ဆေးအဆိပ်ကို အညွှန်းစာအတိုင်းအသုံးပြုပေးပါ။
စပါး
မိုးကြီးပြီးရေလျှံ နေတာကြောင့် စပါးခင်းတွေမှာ ရေထုတ်ဖို့ အခက်အခဲ တွေ ရင်ဆိုင်ကြုံတွေ့နိုင်ရပါတယ်။ ရေထုတ်ရခက်ခဲခြင်းကြောင့် နောက်ဆက်တွဲ အနေဖြင့် စပါးများအတွင်းသံဆိပ်သင့်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘယ်လိုသိနိုင်မလဲ?
စပါးပင်တွေက ပုပြီးတိုလာခြင်း၊
စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်း
အမြစ်များ အနီရောင် (သို့မဟုတ်) အမည်းရောင်ပြောင်းလာပြီး အစာစုပ်ယူမှုအားနည်းလာခြင်း
အပင်ကြီးထွားမှု ရပ်တန့်ကာ ပင်ပွားများနည်းလာစေခြင်း
စပါးတွင် (နီတို) သံဓာတ်အဆိပ်သင့်ခြင်းကို ပြန်လည်ကုသခြင်း
နိုက်ထရိုဂျင်ပါဝင်သော မြေသြဇာများအသုံးပြုမှုကို ရှောင်ရှားရပါ။
စိုက်ခင်းအတွင်းမှ ရေတစ်ပတ်လောက်ထုတ်ပေးပါ။
ရေထုတ်ပြီး တပတ်အကြာ အပင်အတွက် အာဟာရတွေပြန်လည်ထောက်ပံ့ပေးပါ။
ကုစားဖို့အတွက် ပိုတက်ရှ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ရှ်(K) ဟာ စပါးပင်အမြစ်တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ရှ်(K) မြေဩဇာအပြင် ကျောက်မှုန့်မြေဩဇာကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။
----
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -
https://htwettoe.com/download