cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထိခိုက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်းများ

. ကျန်းမာရေးဆောင်းပါးများ
ရှေးဦးသူနာပြုစုနည်းများကို သိရှိထားခြင်းသည် မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူများအားလုံးအတွက် လွန်စွာ အကျိုးကျေးဇူးရှိမည် ဖြစ်ပါသည်။
  • ရှေးဦးသူနာပြုစုနည်းများသည် ဒဏ်ရာအနာတရရခြင်းနှင့် အချို့သောအရေးကြီးသည့် အခြေအနေများတွင် ခံစားမှုဝေဒနာကို သက်သာစေနိုင်သလို အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည်အထိ အစွမ်းထက်ရောက်မှု ရှိပါသည်။ ထို့ကြောင့် ရှေးဦးသူနာပြုစုနည်းများကို သိရှိထားခြင်းသည် မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူများအားလုံးအတွက် လွန်စွာ အကျိုးကျေးဇူးရှိမည် ဖြစ်ပါသည်။ 

    သေးငယ်သော ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်းများ 

    ၁။ ထိခိုက်ဒဏ်ရာရသည့် အစိတ်အပိုင်းကို အနားပေးထားပါ။ 

    ၂။ ဒဏ်ရာရ၍ ရောင်ရမ်းသည့်နေရာကို ရေခဲဖြင့် ကပ်ပေးပါ။ 

    ၃။ အနာရောင်ရမ်းခြင်းမှ ကာကွယ်ရန် ဒဏ်ရာနေရာကို ပတ်တီးဖြင့် စည်းထားပေးပါ။ 

    ၄။ ဒဏ်ရာရသော အစိတ်အပိုင်းကို အပေါ်သို့ မြှောက်ထားပေးပါ။ 

    ပြင်းထန်၍ အသက်အန္တရာယ်ရှိသော ထိခိုက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်းများ 

    ၁။ အောက်ပါ အခြေခံရှေးဦးသူနာပြုစုနည်းများကို ပြုလုပ်ပေးနိုင်ပါသည်။- ဒဏ်ရာအနာများကို သန့်စင်သော ရေဖြင့် ဆေးကြောပေးပါ။- ဒဏ်ရာ ရောင်ရမ်းခြင်းကို လျော့နည်းစေရန် ရေခဲအုံပေးပါ။- သန့်စင်သော အဝတ်တစ်ခုဖြင့် ဒဏ်ရာကို ဖိထားခြင်းဖြင့် သွေးတိတ်ခြင်းရပ်စေရန် ပြုလုပ်ပါ။- အရိုးကျိုးခြင်း၊ အက်ခြင်း၊ သံသယရှိလျှင် ဒဏ်ရာကို ရွေ့လျား၍ မရစေရန် ပတ်တီး သို့မဟုတ် သစ်သားပြားတစ်ခုဖြင့် ကျပ်စည်းထားပါ။- ဒဏ်ရာရသည့် အစိတ်အပိုင်းကို အပေါ်သို့‌မြှောက်ထားပါ။ 

    ၂။ ထိခိုက်ဒဏ်ရာရသူများတွင် ‌အောက်ပါအချက်များတွေ့ရှိပါက အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ သို့ ဆက်သွယ်ပါ။- ဒဏ်ရာရရှိမှုသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာသို့မဟုတ် မတော်တဆယာဉ်ထိခိုက်မှုကြောင့် ဖြစ်လျှင်‌- သွေးထွက်သောပမာဏအလွန်များလျှင်- ဦးခေါင်းရိုး၊ လည်ပင်းရိုး၊ ကျောရိုးနှင့် ပေါင်ရိုး ထိခိုက်ဒဏ်ရာရသည်ဟု သံသယဖြစ်လျှင်- ခြေလက်များ သို့မဟုတ် လက်သည်း၊ ခြေသည်းများပြာနှမ်းလာလျှင်- ခြေလက်များ ထုံကျင်လာလျှင်- အသက်ရှူရခက်ခဲလာလျှင်- သတိလစ်မေ့မြောသွားလျှင် စသည့် အခြေအနေတို့တွင် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့ အမြန်ဆုံး ဆက်သွယ်ရန် လိုအပ်ပါသည်။ 

    အသေးစား မီးလောင်၊ရေနွေးပူလောင်သောထိခိုက်ဒဏ်ရာအနာများအတွက် ရှေးဦးသူနာပြုစုနည်းများ- ဒဏ်ရာအနီးတစ်ဝိုက်တွင်ရှိသော လက်စွပ်၊ လက်ကောက်စသော တင်းကျပ်စွာ ဝတ်ဆင်ထားသော အရာ၀တ္ထုပစ္စည်းများကို ဖယ်ရှားပါ။- အနာမှ အရည်ကြည်ဖုများကို မဖောက်ပါနှင့်။- ပိုးသတ်ဆေးလိမ်းဆေးတစ်မျိုးမျိုးကို လိမ်းပေးပါ။- ဒဏ်ရာအနာကို ပတ်တီး စည်းပေးထားပါ။- အကယ်၍ အနာသည် နာကျင်မှု ခံစားရလျှင် အကိုက်အခဲ ပျောက်ဆေးတစ်မျိုးကို သောက်သုံးနိုင်ပါသည်။ 

    ပြင်းထန်သော အကြီးစား မီးလောင် ၊ ရေနွေးပူလောင်သော ထိခိုက်ဒဏ်ရာ အနာများအတွက် ရှေးဦးသူနာပြုစုနည်းများ 

    ၁။ အရေးပေါ် ကယ်ဆယ်ရေးဌာနသို့ အကူအညီတောင်းပါ။ 

    ၂။ မီးလောင် ဒဏ်ရာပေါ်တွင် အေး၍ စိုစွတ်သော အဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားပါ။ 

    ၃။ အကယ်၍ လူနာသည် အသက်မရှူလျှင် အရေးပေါ် နှလုံးနှင့်အဆုတ်အသက်ကယ်ခြင်းကို ချက်ချင်းလုပ်ဆောင်ပါ။သတိပြုရန် ဒဏ်ရာကို ရေအေးဖြင့် မလောင်းပါနှင့်။ ထိုသို့ပြုလုပ်လျှင် သွေးပေါင်ချိန်ကျ၍ သွေးလန့်ခြင်း ကိုဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။သို့သော်ခြွင်းချက်အနေနှင့် ဒဏ်ရာသည် ဓာတုဗေဒပစ္စည်းတစ်မျိုးကြောင့် ရရှိခြင်းဖြစ်ခဲ့လျှင် အနာကို သန့်စင်သော ရေဖြင့် ဆေးပေးရန်လိုအပ်ပါသည်။ သို့သော် ထိုရေသည် မပူလွန်း မအေးလွန်းသော ရေဖြစ်ရန် လိုအပ်ပါသည်။ 

    ၄။ မီးလောင်ဒဏ်ရာအနားရှိ လက်ဝတ်ရတနာများကို ဖယ်ရှားပေးပါ။ သို့သော် ၎င်းတို့သည် ဒဏ်ရာနှင့် ကပ်နေလျှင် မဖယ်ရှားပါနှင့်။ ထိုသို့ ပြုလုပ်လျှင် အနာကိုပို၍ ဆိုးရွားစေ နိုင်သောကြောင့် ဖြစ်ပါသည်။ 

    ၅။ မီးလောင်သောနေရာအစိတ်အပိုင်းကို နှလုံး၏အထက်ပိုင်းတွင် ရှိနေစေရန် အပေါ် သို့မြှောက်ထားပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အနာ‌ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။ 

    ၆။ သွေးလန့်ခြင်းကိုကာကွယ်ရန် ခြေထောက်ကို အပေါ်သို့တင်မြှောက်ထားပါ။ 

    ၇။ ကယ်ဆယ်ရေး အဖွဲ့လာသည်အထိ လူနာ၏ နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းများကို ဆက်လက် စောင့်ကြည့်ပါ။အောက်ဖော်ပြပါအချက်များသည် မီးလောင်၊ ရေနွေးပူလောင်သောအခါ ‌ပြုလုပ်ရန် မသင့်တော် သော ရှေးဦးသူနာပြုစုနည်းများဖြစ်ပါသည်။- ဝတ်ဆင်ထားသော အဝတ်အစားသည် အပူလောင်/မီးလောင်သော ဒဏ်ရာနှင့် ကပ်နေလျှင် မဖယ်ရှားပါနှင့်။ ထိုသို့ ပြုလုပ်ခြင်းသည် ဒဏ်ရာကို ပို၍ ဆိုးစေနိုင်သောကြောင့် ဖြစ်ပါသည်။- ကြီးမားပြင်းထန်သော မီးလောင်/အပူလောင်ဒဏ်ရာကို မည်သည့် လိမ်းဆေးမှ မလိမ်းသင့်ပါ။- ဒဏ်ရာမှ အရည်ကြည်ဖုများကို မဖောက်ပါနှင့်။ ရောဂါပိုးဝင်နိုင်သော ကြောင့်ဖြစ်ပါသည်။- ပြင်းထန်သော မီးလောင်ဒဏ်ရာရရှိထားသော လူနာများသည် ခွဲစိတ်ရန် လိုအပ်နိုင်သဖြင့် လူနာများအား အစာမကျွေးထားသင့်ပါ။ မေ့ဆေးပေးရန်လိုအပ်သော လူနာများသည် အနည်းဆုံး (၆) နာရီခန့် အစာမစားဘဲ အစာအိမ်ကို အနားပေးထားရန်လိုအပ်သောကြောင့် ဖြစ်ပါသည်။ရှေးဦးသူနာပြုစုနည်းများကို ထိရောက်စွာ အသုံးချပြီး အသက်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။Author : Dr. မိုး (ဆေး ၁)Source - OnDoctor 


  • article
likes9comments0
views1933