Soulik မုန်တိုင်း သတိ ‼️‼️⛈️⛈️
တောင်တရုတ်ပင်လယ်ပြင်မှာ နောက် ၄၈နာရီအတွင်း Tropical Cyclone TC အဆင့် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပြီး အရှေ့လေစီးကြမ်းကြမ်းများက
အနောက်ဖက်ရွေ့လျားကာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၊ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း၊ လာအိုနိုင်ငံ၊ ကဗ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်
YAGI မုန်တိုင်းအဆင့်လောက် အင်အားမကြီးနိုင်သော်လည်း အလယ်အလတ်အဖျက်စွမ်းအားပြင်းနိုင်ပါတယ်
ကြိုတင်ပြင်ဆင်နိုင်ကြစေရန်သတိပေးထားတာဖြစ်ပြီး နေ့ရက်အလိုက် ဒေသအလိုက် အသေးစိတ်စီစစ်တွက်ချက်ပြီး ထပ်မံခန့်မှန်းချက်များ update အချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
ကြိုတင်ပြင်ဆင်နိုင်ကြပါစေ
ISSUED TIME
17/09/2024 5:52pm(MMT)
Soulik Typhoon
အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်...
၂၀၂၄ စက်တင်ဘာလ ၂၂ရက်နေ့ ၂၃ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့ပိုင်းအထိ Soulik typhoon မုန်တိုင်းရဲ့ UAC 500mbar winds များရောက်ရှိမိုးကြီးစေနိုင်ပါတယ်။ ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း ကဗ္ဘောဒီးယားနိုင်ငံ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ အားလုံး မုန်တိုင်းအန္တရာယ်ရှိပါတယ်။ ကြိုတင်ပြင်ဆင်ကြပါ။ အန္တရာယ်ရှိသဖြင့် ရက်နီး update weather forecast ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။
17/09/2024 7:25am(MMT)
၂၄နာရီအတွင်း
တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် မန္တလေးတိုင်း မကွေးတိုင်း ဒေသကြီးတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါတယ်
ISSUED TIME 6:12am(MMT)
အရှေ့အာရှ မြန်မာသင်္ဘောသားများသတိ
၂၀၂၄ စက်တင်ဘာလ ၁၉ရက်နေ့မှ ၂၂ရက်နေ့အတွင် ပူလာစမ် Pulasan အမည်ရတဲ့ တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံအရှေ့ပိုင်းကိုဦးတည်ဝင်ရောက်တိုက်ခတ်မှာဖြစ်ပါတယ် အဆိုပါနေ့ရက်များအတွင်း ထိုင်ဝမ်ရေလက်ကြားနှင့် တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုတန်းဖေဒသတွေမှာဖြတ်သန်းခုတ်မောင်းသွားရာခြင်း ကမ်းဆိက်ကပ်ရပ်နားခြင်းမပြုလုပ်ကြပဲ ဝေးရာသို့ရှောင်ရှားကြပါ
ISSUED TIME
17/09/2024 5:38am(MMT)
၂၀၂၄ အောက်တိုဘာလအတွင်း
ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်လုံးဖြစ်နိုင်ပြီး အိန္ဒိယနိုင်ငံကိုဝင်ရောက်နိုင်ပါတယ်။
မြန်မာ မုန်တိုင်းအန္တရာယ်မရှိသော်လည်း မိုးရွာနိုင်သဖြင့် ရိတ်သိမ်းချိန်တောဂ်သူလယ်သမားများ ပျက်စီးမှုမရှိအောင် သတိပြုကြရပါလိမ့်မယ်
Hyper active pre NEM loading
ISSUED TIME
17/09/2024 2:30pm(MMT)
Su Su San မင်းကွတ်သီး
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
----
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -