ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် _ ၉
ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကိုနားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ်(ရှ်)(WorldFish)နှင့် အပြည်ပြည်ဆိုင်ရာရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။ ဒီဗီဒီယိုကို လေ့လာခြင်းဖြင့် ငါးကန်ရေနောက်မှုအခြေအနေစစ်ဆေးခြင်း အကြောင်းကို လေ့လာနိုင်မည်ဖြစ်ပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။
ဉာဏ်စမ်း ပဟေဠိ မေးခွန်း
------------------------
မျှောလှေးကြောင့်ရေနောက်ခြင်းကို မိမိလက်မောင်းကွေးဖြင့် တိုင်းတာပါက ရေအနက်မှာ တထောင်ဆစ်အထက်တွင်ရှိလျှင် ရေနောက်ကျိမှု ........ ဖြစ်သည်ဟုမှတ်ယူနိုင်ပါသည်။
(က) နည်းခြင်း
(ခ) များခြင်း
(ဂ) အလွန်နည်းခြင်း
ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။
ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် အောက်ဖော်ပြပါ လျှောက်ထားလွှာကို နှိပ်၍ ဝင်ရောက်ဖြေဆိုနိုင်သလို ကော့မန့်တွင်လဲဝင်ရောက်ဖြေဆိုနိုင်ပါပြီနော်။
အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။