တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်အတွင်း မိုးနည်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိသာ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၁.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
ပွင့်ဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးနည်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိသာရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၄.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
မင်းဘူးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးနည်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိသာရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၄.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စလင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးနည်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိသာရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၄.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးနည်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိသာရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃.၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၁.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
မိုးကြီးပြီးရေလျှံ နေတာကြောင့် စပါးခင်းတွေမှာ ရေထုတ်ဖို့ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နိုင်ရပါတယ်။ ရေထုတ်ရခက်ခဲခြင်းကြောင့် နောက်ဆက်တွဲ အနေဖြင့် စပါးခင်းအတွင်း သံဆိပ်သင့်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘယ်လိုသိနိုင်မလဲ?
စပါးပင်တွေက ပုပြီး တိုလာခြင်း
စပါးအရွက်တွေက သံချေးရောင်၊ နီညိုရောင် ပြောင်းလာတတ်ခြင်း
အမြစ်များ အနီရောင် (သို့မဟုတ်) အမည်းရောင်ပြောင်းလာပြီး အစာစုပ်ယူမှုအားနည်းလာခြင်း
အပင်ကြီးထွားမှု ရပ်တန့်ကာ ပင်ပွားများနည်းလာစေခြင်း
စပါးတွင် (နီတို) သံဓာတ်အဆိပ်သင့်ခြင်းကို ပြန်လည်ကုသခြင်း
နိုက်ထရိုဂျင်ပါဝင်သော မြေသြဇာများအသုံးပြုမှုကို ရှောင်ရှားရပါ။
စိုက်ခင်းအတွင်းမှ ရေတစ်ပတ်လောက်ထုတ်ပေးပါ။
ရေထုတ်ပြီး တပတ်အကြာ အပင်အတွက် အာဟာရတွေပြန်လည်ထောက်ပံ့ပေးပါ။
ကုစားဖို့အတွက် ပိုတက်ရှ်(K) မြေဩဇာကိုထည့်ပေးပါ။ ပိုတက်ရှ်(K) ဟာ စပါးပင်အမြစ်တွေရဲ့ လေထုတ်လုပ်နိုင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ သံဆိပ်သင့်တဲ့ပြဿနာဟာ မြေချဉ်တဲ့ စိုက်ခင်းတွေမှာ ပိုအဖြစ်များတဲ့အတွက် ပိုတက်ရှ်(K) မြေဩဇာအပြင် ကျောက်မှုန့်မြေဩဇာ ကိုလည်း တွဲဖက်အသုံးပြုခြင်းဖြင့် သံဓါတ်အဆိပ်သင့်တဲ့ပြဿနာ (နီတို) ကို ကုစားနိုင်ပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မြစ်နဲ့နီးတဲ့ဒေသရှိ ငါးကန်များ ရေဝင်ရောက်နိုင်တဲ့အတွက် အထူးသတိထားဖို့ တိုက်တွန်းလိုပါတယ်။ မိုးရွာလိုက် နေပူလိုက် အနေအထားဖြစ်နေတဲ့အတွက် သတိထားဖို့လိုပါတယ်။ ညစ်ညမ်း ရေများ ကန်အတွင်း ဝင်တဲ့အတွက် အန္တရာယ်ဖြစ်စေတဲ့ အမိုးနီးယားပမာဏရှိ မရှိကို စစ်ပေးဖို့လိုပါတယ်။ တကယ်လို့ အမိုးနီးယား ပမာဏ အလွန်များနေပါက အစာကျွေးခြင်းကို ရပ်ဆိုင်းထားပြီး ကန်ရေအတွင်း အောက်ဆီဂျင်ရရှိအောင် ဆောင်ရွက်ပေးဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ် ခင်ဗျာ။
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။