cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးနှင့်စပါးတွဲဖက်မွေးမြူခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးကိုအစာကျွေးလိုပါက ဖွဲနု၊ ပဲဖတ်ကို ငါးအလေးချိန်စုစုပေါင်း၏ ၃ ရာခိုင်နှုန်းကို ကျွေးနိုင်ပါသည်။ တစ်ဧကလျှင် ငါးဖျန်း ၅၀၀ ထည့်ပါက အစာကျွေးခြင်းကို လျှော့ချနိုင်ပါသည်။
  • မြန်မာနိုင်ငံတွင် လယ်မြေဧက (၁၂)သန်းကျော်စိုက်ပျိုးသော မြေအကျယ်အဝန်းရှိပါသည်။ အချို့သော တိုင်းနှင့်ပြည်နယ်များတွင် မိုးစပါးအပြင် နွေစပါးကိုပါ စိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်း၊ ပဲခူတိုင်းဒေသများတွင် ရေနက်ကွင်းများတည်ရှိပြီး အဆိုပါ ရေနက်ကွင်းများတွင် မိုးစပါး၊ နွေစပါး စိုက်ပျိုးကြပါသည်။ အဆိုပါ ရေနက်ကွင်းများတွင် စပါးစိုက်ပျိုးခြင်းအပြင် ငါးကိုပါ တွဲဖက်မွေးမြူပါက စီးပွားရေးတိုးတက်မှုကို ရရှိစေပါမည်။ ငါးစပါးမွေးမြူရေးစနစ်ကို စီမံကိန်းချဆောင်ရွက်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်မှု အားနည်းကြောင်း တွေ့ရှိရပါသည်။ ယခုအချိန်တွင် ငါးမွေးတောင်သူများသည် ငါးစာကုန်ကျစရိတ် ကြီးမားခြင်းကြောင့် ငါးစပါး တွဲဖက်မွေးမြူခြင်းကို တွဲဖက်ဆောင်ရွက်သင့်ပါသည်။

    ငါးစပါးဆောင်ရွက်မည့် လယ်မြေတွင် လယ်မြေပတ်ပတ်လည်တွင် အကျယ်(၆)ပေ အနက်(၃)ပေ တူးဖော်ပြီး တူးဖော်မြေသားကို လယ်ကန်သင်းပတ်ပတ်လည်တွင် မြေဖို့ပေးပါ။ လယ်ကွက်၏ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်စီတွင် ရေသွင်းပေါက်၊ ရေထုတ်ပေါက်ကို ပြုလုပ်ပေးပါ။ လယ်မြေကို စိုက်ခင်းအဖြစ်ဆောင်ရွက်ပြီး စပါးအမြစ်စွဲချိန်တွင် ငါးသားပေါက်ထည့်သွင်းပါ။ ထည့်သွင်းရမည့် ငါးမျိုးစိတ်မှာ ငါးခုံးအကြီး၊ တီလားပီယား နှင့် ရွှေဝါငါးကြင်းတို့ ဖြစ်သင့်ပါသည်။ ငါးသားပေါက်ထည့်သွင်းရမည့် အရွယ်အစားမှာ အနည်းဆုံး (၄)လက်မ၊ (၆)လက်မ အရွယ်ဖြစ်ရပါမည်။ တစ်ဧကလျှင် ငါးဖျန်း ၅၀၀မှ ၁၅၀၀အထိ ထည့်သွင်းနိုင်ပါသည်။ မွေးမြူရမည့်ကာလမှာ အနည်းဆုံး (၃)လမှ (၄)လအထိသာ မွေးမြူပါ။ စပါးခင်းအတွင်း မြေသြဇာထည့်သွင်းခြင်းကို စပါးစိုက်ပျိုးနည်းအတိုင်း ဆောင်ရွက်ပါ။ စပါးပိုးသတ်ဆေးသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားပါ။ ငါးကိုအစာကျွေးလိုပါက ဖွဲနု၊ ပဲဖတ်ကို ငါးအလေးချိန်စုစုပေါင်း၏ ၃ ရာခိုင်နှုန်းကို ကျွေးနိုင်ပါသည်။ တစ်ဧကလျှင် ငါးဖျန်း ၅၀၀ ထည့်ပါက အစာကျွေးခြင်းကို လျှော့ချနိုင်ပါသည်။ အစာမကျွေးလိုပါကလည်း လယ်အတွင်းရှိ သဘာဝအစာများကို စားနိုင်ပါသည်။ အစာကို နေတိုင်းကျွေးရန် မလိုပါ။ တစ်ပတ်လျှင် (၂-၃) ကြိမ်သာ ကျွေးပါက ငါးလည်းကြီးထွားနိုင်ပါသည်။

    ငါး စပါးစိုက်ပျိုးခြင်းအတွက် လယ်မြေအတွင်း စပါးပိုးကျခြင်းကိုလည်း ကာကွယ်ပါသည်။ စပါး ငါးစိုက်ပျိုးခဲ့သော လယ်သမားများ၏ ငါးကြီးထွားနှုန်းကို တင်ပြအပ်ပါသည်။ငါးနှင့်စပါးတွဲဖက်မွေးမြူခြင်း စပါးနှင့်ပုစွန်တွဲဖက်မွေးမြူခြင်းကိုဗီယက်နမ်နိုင်ငံတွင်အောင်မြင်စွာဆောင်ရွက်နေကြောင်းတင်ပြအပ်ပါ သည်။

    ဦးဆန်းအောင်

    ထွက်တိုး


  • article
  • article
  • article
  • article
likes6comments0
views1846