cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၁၆.၉.၂၀၂၄ မှ ၂၀.၉.၂၀၂၄)

. ဈေးကွက်သတင်းများ
ဒီတစ်ပတ်မှာတော့ မတ်ပဲ ဈေးက အနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ရေကြီးမှုကြောင့် ဈေးကွက် ထဲ အဝင်နည်းကာ အကျဈေးနဲ့ ဝယ်ယူတာတွေ ရှိလာတဲ့အတွက်ကြောင့် ဈေးက အနည်းငယ် ပြန်မြင့်တက်လာတာလို့ သိရပါတယ်။
  • မတ်ပဲ 

    ဒီတစ်ပတ်မှာတော့ မတ်ပဲ ဈေးက အနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ရေကြီးမှုကြောင့် ဈေးကွက် ထဲ အဝင်နည်းကာ အကျဈေးနဲ့ ဝယ်ယူတာတွေ ရှိလာတဲ့အတွက်ကြောင့် ဈေးက အနည်းငယ် ပြန်မြင့်တက်လာတာလို့ သိရပါတယ်။ နေရာ အနှံ့အပြား ရေကြီးရေလျှံ မှုတွေကြောင့် အရောင်းအဝယ်ကတော့ လက်ရှိမှာ ငြိမ်နေတယ်လို့ သိရပါတယ်။

     အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ ဈေးက ပွဲတော်ကာလ တက်နိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့် မြန်မာ ဘက်က ပဲ အဝင်ပုံမှန်ရှိနေတဲ့အပြင် ဝယ်ယူမှု အေးသွားတဲ့အတွက် ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ဒါပေမယ့် မတ်ပဲက လက်ရှိ မိုးစပါးစိုက်ဧက မှာ ပုံမှန်ထက် ၅ ရာခိုင်နှုန်းလျော့နည်းနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။မတ်ပဲ ဈေးက ဆက်ပြီး တက်နိုင်ဖို့ကတော့ မိုးလွန်ကာလ မိုးလေဝသအခြေအနေကို သာစောင့်ကြည့်ရမယ့်အခြေအနေ ဖြစ်ပါတယ်။

    ပြည်တွင်း မတ်ပဲ FOB ဈေးနှုန်းကတော့  တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၉၁၃၀၀၀ ရှိ ခဲ့ပါတယ်။တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၉၀၀၀၀၀ နဲ့ အင်္ဂါနေ့ မှာတော့ တစ်တန်ကို ၃၈၆၃၀၀၀ ၊ ၊ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၉၁၆၀၀၀ ၊ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၃၉၅၁၀၀၀ကျပ်၊သောကြာနေ့မှာတော့ ၃၉၈၃၀၀၀ ပေါက်ဈေးရှိ နေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၇ သောင်းလောက်ဈေးပြန်မြင့်တက်လာပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို   ၄၃၆၅၀၀၀  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၅၈၀ မှ ၆၆၂၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ မတ်ပဲအသစ်က တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၅၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်ပါတယ်။

    ကုလားပဲ

    ဈေးဆက်တိုက် ကျဆင်းနေတဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်ပြီး မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းတာ ဝယ်ယူမှု များလာတာတွေကြောင့် ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ တော့ ကုလားပဲ ခြမ်းကဈေးပြန်ကျပြီး တစ်ပိဿာကို ၆၈၀၀ မှ ၇၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးပြန်မြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၉၅၀၀၀ မှ ၂၉၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၆၀၀၀ ကျပ် ၊ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ရှိပြီး တစ်အိတ်ကို ၁၈၀၀၀ ကျပ် ၊ကုလားပဲလုံးv2 က တစ်အိတ်ကို ၃၁၇၀၀၀ မှ ၃၂၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ် အသီးသီးဈေးပြန်မြင့်တက်လာပါတယ်။

    နယ်ဈေးကွက်တွေမှာလည် ကုလားပဲ တစ်တင်းကို ငွေကျပ် ၅၀၀၀ နီးပါးဈေးပြန်မြင့်တက်လာပါတယ်။ 

    စားတော်ပဲ

     စားတော်ပဲ ဈေးတွေကလည်း မြင့်တက်လာပါတယ်။ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက အတက်ဈေး နဲ့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲ အဝင်နည်းတာတွေကြောင့် ဈေးက ပိုပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။

     ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲ တစ်ပိဿာကို ၇၁၆၅ မှ ၇၈၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ 

    မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၃၉၀၀၀၀ မှ ၅၅၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

     ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဆက်ပြီး ‌ဈေးမြင့်တက်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် အဝင်ရှိနေပေမယ့် ပြည်တွင်း ဝယ်ယူမှု များတဲ့အတွက်ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၁၅၀၀ မှ ၂၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

    မြင်းခြံ၊တောင်သာ တို့ကတော့ တစ်ပိဿာကို ၁၃၀၀ မှ ၂၉၀၀ ကြား ရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ 

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူ(ကြူကုတ်)ရော ရှမ်း ရော အဝင်များလာပေမယ့် အဝယ်သွက်နေတဲ့အတွက်ကြောင့် ဈေးက ပြန်မြင့်တက်လာပါတယ်။နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သောင်း နဲ့ အထက် အဝင်ရှိနေပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၈၃၀၀ မှ ၁၈၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၁၀၀၀၀ မှ ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးတက်ပါတယ်။


  • article
likes
5
comments
0
views
1976