cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဆီလွှာအတွင်း ဖော့စ်ဖရပ်ဓာတ်သည် ချို့တဲ့တာလား၊ ထိန်းချုပ်ခံရတာလား

. အပင်အာဟာရ
မြေသေဖြစ်စေမှုကို အခြေခံကျကျ ဖန်တီးနိုင်သူဖြစ်နေတယ်ဗျ၊ ဟုတ်ပြီးလား။တချို့ဒေသတွေမှာမြေဆီလွှာအတွင်း ဖော့စ်ဖရပ်ဓာတ် အလျှံပါယ်ရှိသော်လည်း ထိန်းချုပ်ခံထားရတဲ့အတွက် ၎င်းမြေပေါ်မှာ သီးနှံစိုက်ပျိုးရင် ဖော့စ်ဖရပ်ချို့တဲ့တဲ့လက္ခဏာ ခံစားရတယ်ဗျ။
  • ဒီတစ်ပတ် တောင်သူလယ်သမားကြီးများကို ဆွေးနွေးလိုတဲ့အချက်ကတော့ မြေဆီလွှာအတွင်းမှာ ဖော့စ်ဖရပ်ဓာတ်ဟာ ချို့တဲ့နေတာလား၊ ထိန်းချုပ်ခံရတာလားဆိုတဲ့အချက်ကို ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်း သိရှိရအောင် ဆွေးနွေးပေးချင်တဲ့ ဆန္ဒပါဘဲ။ အကြောင်းက ဒီလိုပါဗျာ။

    ရွှေဘိုမြို့၊ရတနာသိင်္ခမင်္ဂလာခန်းမကြီးမှာ ပြုလုပ်တဲ့စိုက်ပျိုးရေးနည်းပညာ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ကြားခံရတဲ့အတွက် ဇာတိရပ်ရွာဘက်လည်းဖြစ်လို့သွားပြီး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ တစ်မြို့နယ်လုံးက လယ်သမားတွေကို ဖိတ်ကြားတာဆိုတော့ လယ်သမားကြီးများ ၅၀၀ခန့် တက်ရောက်တယ်လို့ ခန့်မှန်းပါတယ်။

    တော်တော်လည်း တက်တက်<က<က၊ မြိုင်မြိုင်ဆိုင်ဆိုင်ပါဘဲ။ ဒီတော့လည်းဟောပြောရတဲ့ ပုဂ္ဂိုလ်က အားရဝမ်းသာနဲ့ အားရပါးရ ဟောဖြစ်တာပေါ့ဗျာ။စာရေးသူ ဟောပြောဆွေးနွေးခန်းအပြီး ပြန်လည်ဆွေးနွေးခန်းအလှည့်လည်းရောက်တော့ ရွှေဘိုမြို့နယ်၊ ခွန်ဒေါင်းကြီးကျေးရွာက လယ်သမားကြီး ဦးရဲစိုးက ထပြီးစတင်မေးခွန်းထုတ် မေးမြန်းပါတော့တယ်။ သူ့ရဲ့ ဆွေးနွေးမေးမြန်းချက်ကတော့ “ကျွန်တော် မိုးစပါးဧက ၃၀၊ နွေစပါးဧက၃၀ စိုက်ပျိုးပါတယ်။ ကျွန်တော့်စပါးခင်းတွေဟာ အရွက်ဖျားတွေ လိပ်တယ်။

    အပင်လည်း မပွားဘူး၊ အမြစ်ကြီးထွားမှုလည်း ညံ့တယ်။ ထိပ်နားမှာ ခြောက်တယ်၊ အနှံမှာစပါးစေ့လည်း ကောင်းကောင်းမတင်ချင်ဘူး။ အပင်ကိုနုတ်ပြီး စိုက်ပျိုးရေးဌာနကို သွားပြတယ်။ ပညာရှင်တွေကတော့

    ဖော့စ်ဖရပ်ဓာတ် ချို့တဲ့လို့ဖြစ်တာ။ ဖော့စ်ဖရပ်မြေသြဇာ မဖြစ်မနေသုံးပါဆိုလို့ ဖော့စ်ဖရပ် (တီစူပါ) မြေသြဇာသုံးတော့လည်း မထူးခြားဘူးဖြစ်နေတယ်ဆရာ။ အဲ့ဒါ ဘယ်လိုလုပ်ရမယ်လို့ သိချင်ပါတယ်

    ဆရာ“လို့ ဆွေးနွေးပါတယ်။

    ကဲ . . . အခုမေးတဲ့ ဦးရဲစိုးရော၊ အခြားတက်ရောက်လာတဲ့ တောင်သူလယ်သမားကြီးများလည်းမှတ်သားရအောင် ဆွေးနွေးမယ်။ သစ်ပင်တွေ ရှင်သန်ကြီးထွားအထွက်များဖို့ နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ် သုံးမျိုးလိုတယ်ဗျ။ ဒါတော့ သိကြတယ်မဟုတ်လား၊အဲ့ဒီအထဲမှာ ဖော့စ်ဖရပ်ဓာတ်က အပင်တွေအတွက် ဒုတိယအရေးကြီးတဲ့ဓာတ်ဖြစ်ပြီးအဆန်းကျယ်ဆုံးဗျ။ ကမ္ဘာပေါ်မှာ ဖော့စ်ဖရပ်က ကမ္ဘာပေါ်ရှိ ဓာတ်စင် ၁၁၃ မျိုးရှိတဲ့အနက် အမှတ်စဉ် ၁၁ မှာရှိတယ်။

    အပေါ်ဆုံးဓာတ်ထဲမှာ ပါတယ်ဗျ။ ပေါပေမယ့်လည်း လယ်မြေ၊ ယာမြေတွေထဲမှာ ဖော့စ်ဖရပ်ဓာတ် ချို့တဲ့တဲ့ပြဿနာက နေရာတိုင်းမှာ မြေမလွတ်ဘူးဗျ။ မြေဆီလွှာဟာ ဓာတုစွမ်းရည်၊ ရူပစွမ်းရည်၊ ဇီဝစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နေမှ မြေဆီလွှာအားလုံးဟာ အပင်က အာဟာရတွေ ပြည့်စုံစွာစားသုံးနိုင်တဲ့ ဂုဏ်

    သတ္တိနဲ့ ပြည့်စုံနေတာဗျ။ ဒါမှလည်း မြေဟာအမြဲရှင်သန်ပြီး မြေရှင်ဖြစ်နေတာဗျ။ မြေဆီလွှာ မြေရှင်ဖြစ်နေမှလည်းဘဲ မြေဆီလွှာအတွင်းရှိ ဓာတ်တွေဟာ အရည်ပျော်နိုင်ပြီးအမြစ်က အလွယ်တကူစုပ်ယူနိုင်တာဗျ။

    မြေသေဖြစ်စေမှုကို အခြေခံကျကျ ဖန်တီးနိုင်သူဖြစ်နေတယ်ဗျ၊ ဟုတ်ပြီးလား။တချို့ဒေသတွေမှာမြေဆီလွှာအတွင်း ဖော့စ်ဖရပ်ဓာတ် အလျှံပါယ်ရှိသော်လည်း ထိန်းချုပ်ခံထားရတဲ့အတွက် ၎င်းမြေပေါ်မှာ သီးနှံစိုက်ပျိုးရင် ဖော့စ်ဖရပ်ချို့တဲ့တဲ့လက္ခဏာ ခံစားရတယ်ဗျ။ ဒါကို တောင်သူလယ်သမားကြီးများကလည်း မသိရှိကြတော့။ ဖော့စ်ဖရပ်ဓာတ်မြေသြဇာ ထပ်ထည့်သော်လည်း ထိန်းချုပ်ခံရပြီး အချည်းနှီးဖြစ်ရတာပေါ့ဗျာ။ ငွေကုန်၊ လူပန်းဖြစ်တာပေါ့ဗျာ။ ခု ဦးရဲစိုးဖြစ်တာ ဒီပြဿနာပေါ့ဗျာ။ ဒီလို အခြားဓာတ်များက ထိန်းချုပ်ထားတာခံရပြီး နှစ်ပေါင်းများစွာ မြေဆီလွှာအတွင်း ခိုအောင်းလမ်းစပျောက်နေတဲ့ အလျှံပယ်ရှိ ဖော့စ်ဖရပ်ဓာတ်ကို ဆွဲထုတ်ပြီးအပင်အမြစ်များက စုပ်ယူနိုင်တဲ့ ရေတွင်ပျော်ဝင်နိုင်တဲ့ ဖော့စ်ဖရပ်ဓာတ်အဖြစ် ပြောင်းလဲလာအောင် နည်းလမ်းလေးပေးခဲ့မယ်ဗျာ။

    ကဲ လိုက်မှတ်ထားကြပေါ့။

    ဒီလိုဖြစ်ရတာဟာ မြေဆီလွှာအတွင်းဂုဏ်သတ္တိသုံးမျိုးထဲက တစ်မျိုးမျိုး ချို့ယွင်းလာပြီး မြေဆီလွှာဖွဲ့စည်းမှု ပျက်သုဉ်းလို့ဖြစ်ရတာဗျ။ စပါးပြီး စပါးသီးထပ်စိုက်ရင် ပိုဖြစ်တတ်တယ်ဗျ။ အဲ့ဒီတော့ မြေဆီလွှာကိုဂုဏ်သတ္တိသုံးမျိုးနဲ့ ပြန်လည်ပြည့်ဝအောင်ကုစားရမယ်ဗျ။ ကောင်းစွာဆွေးမြေ့နေတဲ့ သဘာဝမြေဆွေးတစ်ဧက၊ နွားလှည်း ၁၀ စီးထက်မနည်း ထည့်ပါ။ မြေဆွေးသည် မိမိကိုယ်တိုင် အစာဖြစ်သလို မြေဆီလွှာ၏ ဂုဏ်သတ္တိကိုလည်း ပြုပြင်ပေးတယ်။ မြေဆွေးမှာပါတဲ့ မှိုမျှင်လက်တန်တွေမှာ ဓာတ်မရှိတယ်။ ဖော့စ်ဖရပ်ဓာတ်မှာ ဓာတ်ဖိုရှိတယ်။ ဓာတ်မများထဲက ဓာတ်ဖိုများကို ဆွဲကပ်စုပ်ယူပြီး ရေတွင်ပျော်ဝင်စေတယ်။ အမြစ်ကစုပ်နိုင်အောင် ဖန်တီးပေးတယ်။ ဖော့စ်ဖရပ်ဓာတ် မြေသြဇာထပ်ထည့်ရန် မလိုပါ။ မြေတွင်းရှိ ဓာတ်ဖလှယ်မှုစွမ်းအားကိုလည်း မြေဆွေးဓာတ်က အကျိုးပြုပေးတာ ဖြစ်တယ်ဗျ။

    မြေချဉ်ငန်ကိန်းနိမ့်တဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ မြေများကို စပါးမစိုက်မီ သုံးပတ်ကြိုတင်၍ မြေဆွေးနွားလှည်း ၁၀ စီးနှင့် မဖောက်တုံးတစ်ဧက ၂၀၀-၃၀၀ ပေါင်နှုန်း အသုံးပြု၍ထွန်ယက် မြေပြင်နှပ်ထားပါ။ မြေတွင်းခိုအောင်းနေတဲ့ ဖော့စ်ဖရပ်ဓာတ်များ ရေပျော်ပြီး အပင်အမြစ်ဆီ ရောက်လာပါလိမ့်မယ်ဗျာ။ မြေချဉ်ငန်ကိန်းမြင့်တဲ့ မြန်မာနိုင်ငံအထက်ပိုင်း ဒေသရှိ မြစ်များကို စပါးမစိုက်မီ သုံးပတ်ကြိုတင်၍ မြေဆွေး၊ နွားချေး လှည်း ၁၀ စီးနဲ့ ဂျစ်ဆန်ကျောက်မှုန့် တစ်ဧက ၂၀၀ ပေါင်တွဲပြီး ထည့်ပေးလိုက်ရင် မြေတွင်းခိုအောင်းနေတဲ့ ဖော့စ်ပရပ်ဓာတ်များ ရေပျော်ဝင်သပြီး အပင်အမြစ်ဆီ ရွေ့လျားလာပါလိမ့်မယ်ဗျာ။ ကဲ ဒါဆို ဦးရဲစိုးရော အားလုံးရှင်းသွားကြလိမ့်မယ်လို့ မျှော်လင့်တယ်ဗျာ။ မြေဆီလွှာအတွင်း ဖော့စ်ဖရပ်ဓာတ်ဟာ ချို့တဲ့တာလား၊ ထိန်းချုပ်ခံရတာလား သဘောပေါက်ပြီလို့ ထင်ပါတယ်ဗျာ။

    -အောင်ဆန်း(စိုက်ပျိုးရေး)


  • article
likes10comments1
views1636