cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂမုန်းပင်အမျိုးအစားများ 🪴🪴

. အိမ်တွင်းဥယျာဉ်
ရှေးကျမ်းပါဂမုန်းများပါသလို ယခုခေတ်ပိုင်း အလှပန်းစိုက်ပျိုးသူများအကြား ခေါ်ဝေါ်သမုတ်ထားကြတဲ့ ဂမုန်းတွေလည်းပါပါတယ်။
  • ဂမုန်းဆိုတဲ့ အပင်တွေကို မြန်မာတွေ ဆေးဖက်အပြင် ဂမ္ဘီရအစွမ်းတွေပါ ရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အမှန်တော့ အပင်မှာ တန်ခိုးအစွမ်း၊ ဂမ္ဘီရမှော်အစွမ်းတွေ ရှိတယ်ဆိုပြီး ယုံကြည်ကြလေ့ရှိတာဟာ မြန်မာတခုပဲ မဟုတ်ပါဘူး။ အနောက်တိုင်းက Witchesလို့ ခေါ်တဲ့ စုန်းတွေမှာလည်း အပင်နဲ့ ပတ်သက်တဲ့ ဂမ္ဘီရအစွမ်းတွေကို ယုံကြည်ကြသလို အရှေ့တိုင်းက မြန်မာအပြင် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားတို့လည်း အယူရှိကြပါတယ်။ ရှေးပညာ၊ ဒဏ္ဍာရီအတတ်တခုလို ဖြစ်လာခဲ့ပေမယ့် ယခုတိုင် Lucky Plantsများအဖြစ် ဆက်လက် အယူရှိနေကြဆဲပါ။ မြန်မာဂမုန်းတွေဟာ အဆင်း၊ အချင်းကို တည်ပြီး ပညတ်ထားမှည့်ခေါ်ခဲ့ကြတာကြောင့် အသွင်ဆန်းခြင်း၊ အရည်အချင်းသတ္တိအစွမ်းထူးခြားခြင်းတို့ ကိုယ်စီရှိကြပါတယ်။ ဂမ္ဘီရအစွမ်းများနဲ့ ပတ်သက်လို့တော့ စောဒကမတတ်ကြစေချင်ပါ။ ဥပမာတခုပေးရရင် သစ်တုံးတတုံးကို သာမန်လူက မြင်ရင် ရှောင်ရင်ရှောင် ဖယ်ရင်ဖယ်မယ်၊ထင်းခုတ်သမားက တွေ့ရင် ထင်းဖြစ်ရင်ဖြစ်မယ်၊ ဆေးပညာသမားနဲ့ တွေ့ရင် ဆေးကုန်ကြမ်းဖြစ်ရင်ဖြစ်မယ်၊ ပန်းပုသမားနဲ့တွေ့ရင် ပန်းပုရုပ်တခုဖြစ်ရင်ဖြစ်မယ်။ ကွာခြားသွားတာက ကိုယ်လိမ္မာကျွမ်းကျင်ရာ ပညာဗဟုသုတ၊ အမြင်နဲ့ အသုံးချတတ်မှုပဲ ဖြစ်ပါတယ်။ မြန်မာပညာရှင်တွေရဲ့ အယူအရ အိမ်ဆောက်ရင် မြေသန့်၊ ပန္နက်ရိုက်လုပ်ရသလို ဘုရားဆိုလည်း အနေကဇာတင်တာ၊ ဆေးဆိုလည်း သိဒ္ဓိတင်တာ၊ ဘုရင်ဆိုလည်း ဘိသိက်ခံရတာ စသဖြင့် ရှိလေတော့ ဂမုန်းဆိုတာကလည်း အပင်ထဲက အပင်ဖြစ်တဲ့အတွက်ကြောင့် ပိုအစွမ်းသတ္တိရှိအောင် မှော်ဝင်အောင်ဆိုတဲ့ အယူအရ သူ့မျိုးနဲ့သူ ကိုယ်စီစိုက်နည်းပျိုးနည်း ရှိကြပြန်ပါတယ်။ ယခုခေတ်အမြင်အရ ဂမုန်းလည်း အပင်ထဲက အပင်ပဲ စသဖြင့် ရိုးရှင်းခေတ်မှီတဲ့ အတွေးတွေရှိလာကြလို့ သာဓကနှိုင်းပြီး ပြောပြရတာပါ။ ဂမုန်းကို ရှေးက အထူးဆေးဝါးများအတွက် အသုံးပြုကြတာမို့ မြန်မာ့ဘိန္ဓောပညာရှင်များလက်ဆင့်ကမ်း သင်ယူပြီး သုံးတတ်ကြလေ့ရှိပါတယ်။ ဒီနေရာမှာ တခုသတိချပ်ရမှာက ပညာရှင်ဆိုတဲ့ အသုံးပါ။ ပညာရှင်ဆိုတာ မိမိပညာရပ်ကို လေ့လာလိုက်စားကျွမ်းဝင်နေတဲ့ သူပါ။ ပညာရှိနဲ့လည်း မတူပါ။ ပညာရှိဆိုတာ ဘာကြောင့် ဘာဖြစ်တယ် အကြောင်းအကျိုးကို ဝေဖန်နိုင်ပြီး အခြေအနေအချိန်အခါကို သိတဲ့သူပါ။ သာမန်လူမှာ သာမန်အသိဗဟုသုတပဲ ရှိပါတယ်။ ဘာကြောင့်ပြောရလဲဆိုတော့ ရှေးကျမ်းတွေမှာ ဂမုန်းပင်တွေကို စာနဲ့ပဲ အရိပ်အမြွက်လို ဖော်ပြခဲ့ကြလို့ပါ။ တိကျတဲ့ ပုံဖော်စာညွှန်းတွေ မဟုတ်လို့ နောက်ပိုင်းခေတ်မှာ ကိုယ်ထင်ကိုယ်မြင်တာကို စွဲပြီး အမည်သမုတ်လာကြတာကြောင့် ဝိဝါဒကွဲပြားမှု များသလို အသုံးပြုမှုနဲ့ အစွမ်းကလည်း သံသယမရှင်းဖြစ်ကြရပါတယ်။ ဒီလိုဆိုတော့ သာမန်လူက သူများပြောတဲ့ ဂမုန်းကို ကျမ်းလာဂမုန်းအမှတ်နဲ့ မိမိအသိ မိမိဗဟုသုတနဲ့ ယှဉ်ပြီး လုပ်လိုက်ရင် အမှားတွေ ဖြစ်လာနိုင်ပါတယ်။ ပညာရှင်တွေကတော့ ဖြစ်ရမယ့်အရာ၊ လုပ်ရမယ့်အရာ၊ ဖြစ်နိုင်တဲ့အရာကို ပိုပြီး သိကျွမ်းနိုင်ကြပါတယ်။ နောက်တခုက ဂမ္ဘီရမှော်အတတ်၊ လောကီအတတ်နဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာအရ "ကံ ကံ၏အကျိုး"ဆိုတဲ့ စကားနဲ့ ခလုပ်တိုက်လေ့ရှိပါတယ်။ ကံဆိုတာ 'ကမ္မ=အလုပ်' ကနေ ဆင်းသက်တာမို့ ကောင်းတာလုပ် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ် မကောင်းတာဖြစ်မယ်... ဆိုတဲ့ အယူနဲ့ ဝေဖန်တွေးဆကြတာပါ။ ကျနော့်အနေနဲ့ ရှင်းချင်တာက ဂမုန်းပင်တပင်ကို စိုက်တယ်ဆိုရင် ဂါထာ၊မန္တာန် (Spells)တွေ ပရိတ်တွေ ရွတ်ကြတယ်၊ မေတ္တာတွေပို့ကြတယ်ဆိုတာ ကောင်းတဲ့ စိတ်တခုကို ဖန်တီးနေတာမို့ ကောင်းတဲ့ အလုပ်လို့မြင်တဲ့ အတွက်ကြောင့် ကောင်းတဲ့ အကျိုးတန်ခိုးပြန်ရနိုင်ပါမယ်။ မကောင်းတဲ့ စိတ်အစဉ်နဲ့ စိုက်ပျိုးနေရင်လည်း စိတ်က ညစ်ညူးမကောင်းဓာတ်ဖြစ်နေလို့ မကောင်းတဲ့ အလုပ်လုပ်နေတာလို့ပဲ မြင်ပါတယ်။ ဒီတော့ ဂမုန်းကို ဂမ္ဘီရလောကီအမြင်နဲ့ စိုက်ကြတဲ့ အပေါ်မှာ "ကံ ကံ၏အကျိုး" ဆိုတဲ့ စကားနဲ့လည်း အမှန်တော့ မသွေဖီပါဘူး။ နောက်ထပ်ပြောချင်တာကတော့ သတိပေးစကားပါဗျ။ ယခုခေတ်မှာ ပြည်ပက အမျိုးမျိုးအစုံစုံဝင်လာတဲ့ အသွင်အဆင်းဆန်းပြားတဲ့ အပင်တွေကို ဂမုန်းနာမည်တပ်ပြီး ရောင်းဝယ်လာကြတော့ အကျိုးအပြစ်ကိုလည်း လိုက်လေ့လာကြဖို့ အင်မတန်လိုပါတယ်။ ထိုင်းတွေမှာလည်း ဂမ္ဘီရပညာရပ်အရ 'ယက်'ဆိုတဲ့ အစောင့်သဘောတွေ၊ စောင်မမယ့် တန်ခိုးရှင်တွေ၊ ပီယပစ္စည်းလိုအဆောင်တွေ ကိုလည်း ယုံကြည်တာချင်းတူလို့ မြန်မာတွေရဲ့ အမြင်ကို သူတို့ တီးမိခေါက်မိရှိကြပါတယ်။ ဒါပေမယ့် သူတို့က မြန်မာ့ပညာရပ်ကို သင်ယူကြတဲ့သူ မဟုတ်လို့ မြန်မာ့ဂမုန်းဝါသနာရှင်တွေ အကြိုက်များတဲ့ ပိန်းမျိုးတွေကို အဓိကထားတင်သွင်းလာကြပါတယ်။ ပိန်းမျိုးဆိုတာ အနည်းနဲ့ အများ အန္တရာယ်ရှိကြပါတယ်။ သူ့မျိုးရင်းမှာပါတဲ့ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင် အပ်ပုံသဏ္ဍာန်ရှိတဲ့ Calcium oxalate ပုံဆောင်ခဲလေးတွေက ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့အပိုင်းတွေကို ထိုးဖောက်ဝင်ရောက်ပြီး ဓာတ်ပြုနိုင်တာမို့ အင်ပျဉ်ထခြင်း၊ ယားယံခြင်းတို့အပြင် အသက်ရှူလမ်းကြောင်းထဲ ဝင်မိရင် အသက်ရှူကျပ်ခြင်း၊ စားမိရင် ကျောက်ကပ်ပျက်စီးနိုင်ခြင်း စတဲ့ အဆိပ်သင့်မှုမျိုးဖြစ်စေတတ်ပါတယ်။ အရွယ်ရောက်ပြီးသားလူသာမန်တွေမှာ ခံနိုင်ရည်နဲ့ ထိတွေ့ဝင်ရောက်စရာက ဖြစ်နိုင်ချေနည်းပေမယ့် ကလေးသူငယ်တွေလို နူးညံ့တဲ့ အရွယ်တွေအတွက်တော့ ဂရုစိုက်သင့်လှပါတယ်။ ယခု စုစည်းပြတာကတော့ ဂမုန်းဆိုပြီး ခေါ်ဝေါ်သမုတ်ကြတဲ့ အပင်တွေပဲဖြစ်ပါတယ်။ တချို့အပင်တွေက စာအညွှန်း၊ ပုံအညွှန်းမတိကျမထင်ရှားတာကြောင့် မျိုးစိတ်ခွဲမရတာတွေရှိပါတယ်။ ပြီးတော့ ရှေးကျမ်းလာဂမုန်းတွေကိုတော့ ဒေသမျိုးတွေကို ယူထားတာကြောင့် ယခုခေတ်အခေါ် ယခုခေတ်အပင်နဲ့တော့ ကွဲပြားတာတွေ ရှိပါမယ်ဗျ။ အမျိုးအမည်အလွန်များပြားလှတာကြောင့် လူသိများအစိုက်များတဲ့ ဂမုန်းပင်တွေကိုပဲ လက်လှမ်းမှီသလောက်ပဲ ဖော်ပြလိုက်ရပါတယ်ဗျ။ ဂမုန်းကျမ်း(၈)အပြင် Facebookက ဂမုန်းနဲ့သက်ဆိုင်တဲ့ အဖွဲ့တွေကနေ အချက်အလက်တွေ ယူထားတာဖြစ်ပြီး ရှေးကျမ်းပါဂမုန်းများပါသလို ယခုခေတ်ပိုင်း အလှပန်းစိုက်ပျိုးသူများအကြား ခေါ်ဝေါ်သမုတ်ထားကြတဲ့ ဂမုန်းတွေလည်းပါပါတယ်။ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ရင်လည်း ပုံသက်သေအထောက်၊ စာအထောက်အထားများဖြင့် လမ်းပြပေးစေလိုပါတယ်။ ဂမုန်း အဖိုနဲ့ အမ အပြန်အလှန်နာမည်လွဲနေတဲ့ စာအုပ်တွေလည်း တွေ့ခဲ့ရပါတယ်။ အမျိုးပေါင်း (၁၅၈)မျိုးစုစည်းမိတာကြောင့် ပိုစ့်(၂)ခုခွဲပြီး တင်ရပါမယ်ဗျ။

    ဂမုန်းဝက်လာ

    Boesenbergia parvula (Wall.) Kuntze

    ဂမုန်းကတိုး

    Kaempferia angustifolia Roscoe

    ရစ်ဂမုန်း

    Kaempferia pulchra Ridl.

    ဂမုန်းလိပ်မေ့

    Hapaline benthamiana Schott

    ဂမုန်းလိပ်မတွား

    Typhonium cordifoliumS.Y.Hu

    ဂမုန်းလိပ်လာ (လိပ်ဂမုန်း)

    Typhonium praecox J.Murata

    ဂမုန်းသံဃာစင်

    Eulophia dabia (D.Don) Hochr.

    ဂမုန်းဂေါ်သဇင်

    Anredera cordifolia (Ten.) Steenis

    (မြန်မာ့စွယ်စုံကျမ်းအလို)

    Bulbophyllum auricomumLindl.

    (အချို့ဂမုန်းပညာရှင်များအလို)

    ဂမုန်းစမ္ပာဥ

    Cyperus odoratus L.

    ဂမုန်းမြင်းကာလကဏ္ဍီ

    Curcuma involucrata (King ex Baker) kornick.

    [Syn: Stahlianthus involucratus (King ex Baker) Craib ex Loes.]

    ဂမုန်းကိုယ်ရံကြီး

    Crinum asiaticum L.

    ဂမုန်းခတ္တာဖြူ

    Crinum amoenum Ker Gawl. ex Roxb.

    ဂမုန်းခတ္တာကြောင်

    Crinum latifolium L.

    ဂမုန်းခတ္တာရွှေ

    Lycoris aurea (L'Hér.) Herb.

    ဂမုန်းသစ်တက်လင်းနေ

    Cymbidium aloifolium (L.) Sw.

    ဂမုန်းပြဿ ဒ်

    Kaempferia rotunda L.

    မီးကွင်းဂမုန်း

    Tradescantia spathacea Sw.

    ဂမုန်းကွင်းထိုး

    Crinum asiaticum var. anomalum Herb.

    ဂမုန်းကြွက်မြှီး

    Cleisostoma fuerstenbergianum Kranzl.

    ဂမုန်းပင့်ကူ

    Geodorum recurvum (Roxb.) Alston

    ဂမုန်းကြက်တူရွေး

    Aerides multiflora Roxb.

    ဂမုန်းကိန္နရာ (ဆေးကမြင်း၊ ရှိခိုးပင်)

    Codariocalyx motorius(Houtt.) H.Ohashi

    ကွမ်းစားဂမုန်း

    Kaempferia galanga L.

    နဂါးဂမုန်း၊ နဂါးစက်ဂမုန်း (မြွေဂမုန်း)

    Dracaena trifasciata (Prain) Mabb.

    နဂါးစက် အပု

    Dracaena trifasciata 'Hahnii'

    [Syn: Sansevieria trifasciata 'Hahnii']

    ဂမုန်းဆင်စွယ်

    Dracaena angolensis (Welw. ex Carrière) Byng & Christenh.

    ရတနာရွက်လှဂမုန်း

    Dracaena surculosa Lindl.

    နှစ်တရာဂမုန်း၊ ကျောက်စိမ်းဂမုန်း

    Dracaena sanderiana Mast.

    သန်လျက်ဂမုန်း

    Dracaena aubryana Brongn. ex É.Morren

    လပ်ကီးဂမုန်း၊ ဒန့်ဒကူး

    Dracaena fragrans (L.) Ker Gawl.

    တိမ်ပြာဂမုန်း

    Curcuma caesia Roxb.

    နေမင်းဂမုန်း

    Curcuma spp.

    [Similar to Curcuma cinnabarina Škorničk. & Soonthornk., sp. nov.]

    ရှင်သူငယ်ဂမုန်း

    Heliconia indica Lam.

    ရှင်နီ

    Heliconia indica Rubra

    ရှင်ပန်းရောင်

    Heliconia indica Spectabilis

    ရှင်ဝါကြား

    Heliconia indica Striata

    ရှင်သူငယ်ငှက်ပျောဂမုန်း

    Musa rubra Wall. ex Kurz

    ဂမုန်းညှင်းပြောက်

    Cornukaempferia aurantiiflora Mood & K.Larsen

    ဂမုန်းညှင်းပြောက်ငယ်၊ အရိပ်မထွက်နဂါးစက်ဂမုန်း

    Kaempferia roscoeana Wall.

    ဂမုန်းရွှေသွယ်၊ ရွှေနွယ်

    Cuscuta campestris Yunck.

    ဂမုန်းအင်

    Dendrobium scabrilingue Lindley

    ဂမုန်းကြက်ညွတ်ငယ်

    Murdannia spectabilis (Kurz) Faden

    ဂမုန်းဖား (ဖို၊ မ)

    Caladium schomburgkii Schott

    ပါတိတ်ဂမုန်း၊ ရာဇာကြီးဂမုန်း

    Caladium 'Thai Beauty'

    လဝန်းဂမုန်း အဖို

    Urceolina amazonica(Linden ex Planch.) Christenh. & Byng

    လဝန်းဂမုန်း အမ၊ နေဝန်းဂမုန်း

    Proiphys amboinensis (L.) Herb.

    နေဝန်းဂမုန်း

    Eucrosia bicolor Ker Gawl.

    ပတ္တမြားဂမုန်း

    Billbergia pyramidalis(Sims) Lindl.

    သမားငိုဂမုန်း

    Drimiopsis botryoidesBaker

    ဟင်္သာပြဒါးဂမုန်း၊ ဟံသာပါဒဂမုန်း၊ အဆိပ်နိုင်ဂမုန်း

    Typhonium trilobatum (L.) Schott

    ဘီလူးမတောင်ဝှေးဂမုန်း

    Kalanchoe pinnata (Lam.) Pers.

    အဆိပ်နိုင်ဂမုန်း (ကင်းဂမုန်း)

    Kalanchoe delagoensisEckl. & Zeyh.

    ကင်းဂမုန်း၊ ကင်းခြေများဂမုန်း

    Muehlenbeckia platyclada (F.Muell.) Meisn.

    ကင်းခြေများဂမုန်း၊ ဘီလူးဂမုန်း

    Euphorbia Tithymaloides 'Nana'

    ဂုန္ဂမံဂမုန်း

    Euphorbia tithymaloides subsp. tithymaloides

    ဘူးဂမုန်း၊ ဗေဒါဂမုန်း

    Nepenthes mirabilis (Lour.) Druce

    သီတဂမုန်း၊ သဇင်မင်း

    Ophiopogon intermedius 'Argenteo Marginatus'

    မင်းတရာ့တပါးဂမုန်း

    Alpinia malaccensis (Burm.f.) Roscoe

    ဂမုန်းသူယောင်၊ ဇော်ဂျီဦးထုပ်

    Platycerium coronarium (O.F.Müll.) Desv.

    သိကြားလက်ဝါးဂမုန်း

    Xiphidium caeruleum Aubl.

    ဥစ္စာထိန်းဂမုန်း

    Adelonema wallisii (Regel) S.Y.Wong & Croat

    စစ်တုံနီဂမုန်း

    Homalomena rubescens (Roxb.) Kunth

    စစ်တုံဖြူဂမုန်း

    Homalomena lindenii (Rodigas) Ridl.

    ပိန်းပျံဂမုန်း

    Remusatia vivipara (Roxb.) Schott

    မြဂမုန်း

    Agapanthus africanus (L.) Hoffmanns.

    ဆရာကြီးဂမုန်း

    Pancratium longiflorum Roxb. ex Ker Gawl.

    ဆရာမကြီးဂမုန်း

    Ismene × deflexa Herb.

    ရွှေဝံဂမုန်း

    Chlorophytum orchidastrum 'Fire Flash'

    ထီးဂမုန်း

    Cyperus alternifolius L.

    ဂုဏ်တော်ဂမုန်း၊ ဗုဒ္ဓသရဏံပင်

    Canna indica L.

    သံသေဂမုန်း

    Canna americanallis var. variegata

    ကုမုဒြာဂမုန်း၊ ညဂမုန်း

    Epiphyllum oxypetalum (DC.) Haw.

    ကျောက်စိမ်းဒေဝီ

    Zamioculcas zamiifolia (G.Lodd.) Engl.

    ရှင်သီဝလိဂမုန်း

    Spathiphyllum wallisii Regel

    လိပ်ပြာဂမုန်း၊ ဇော်ဂျီမုတ်ဆိတ်ဂမုန်း

    Tacca chantrieri André

    စေတီဂမုန်း

    Eulophia andamanensis Rchb.f.

    ဂမုန်းပျံ၊ ပုလဲဂမုန်း

    Peliosanthes teta Andrews

    ဂမုန်းကြက်သွန် (ကြက်သွေးဂမုန်း)

    Eleutherine bulbosa (Mill.) Urb.

    သစ္စာမဏ္ဍိုင်ဂမုန်း

    Trimezia steyermarkii R.C.Foster

    တပင်ရွှေထီးဂမုန်း၊ တရုတ်စီးပွားတိုးဂမုန်း

    Jatropha podagrica Hook.

    နတ်ဆေးဂမုန်း

    Bergenia ciliata (Haw.) Sternb.

    သံဃာစဉ်ဂမုန်းကြီး

    Hedychium spicatum Sm.

    ရွှေလာငွေလာဂမုန်း

    Syngonium podophyllumSchott

    ရှင်ချုပ်ဂမုန်း

    Stromanthe thalia (Vell.) J.M.A.Braga

    [အကြား - Stromanthe sanguinea 'Triostar']

    ကနုတ်ပိန်းဂမုန်း

    Cercestis mirabilis (N.E.Br.)

    Bogner 'variegated'

    ငှက်သိုက်ဂမုန်း

    Asplenium nidus L.

    ဂမုန်းကြက်သွေး

    Boesenbergia longiflora (Wall.) Kuntze

    ဇော်ဂမုန်း၊ ဇော်ဂျီတောင်ဝှေးပင်

    Cordyline fruticosa 'Rubra'

    ဇော်မဂမုန်း၊ ဇော်ဂျီတောင်ဝှေးဂမုန်း အမ

    Cordyline fruticosa 'Kauai Beauty'

    ဇော်စိမ်း၊ ဇော်ဂျီတောင်ဝှေးဂမုန်း အစိမ်း

    Cordyline fruticosa 'Green Matte Form'

    ဇော်ကြား၊ ဇော်ဂျီတောင်ဝှေးဂမုန်း အကြား

    Cordyline fruticosa 'Kiwi'

    မင်းသားကြီး အာရက္ခံဂမုန်း

    Anthurium hookeri Kunth

    ဘီလူး အာရက္ခံဂမုန်း

    Anthurium plowmanii Croat

    ချမ်းသာကြီးဂမုန်း (မူလမျိုး)

    Anthurium magnificum Linden

    ချမ်းသာကြီးဂမုန်း (ထပ်တိုးမျိုး)

    Anthurium clarinervium Matuda

    Anthurium crystallinum Linden & André

    ပတ္တမြားနွယ်ဂမုန်း၊ တောင်ကန်ဇွန်း

    Philodendron erubescens 'Red Emerald'

    ပတ္တမြားနွယ် (ထပ်တိုးမျိုး)

    Philodendron erubescens 'Autumn'

    ကျောက်စိမ်းဂမုန်း၊ လမင်းဂမုန်း

    Philodendron erubescens 'Moonlight'

    ရှင်သီဝလိဂမုန်း၊ လပ်ကီးဂမုန်း

    Philodendron × domesticum 'Lemon Lime'

    Philodendron × domesticum 'Malay Gold'

    ဆင်နားရွက်ဂမုန်း

    Philodendron pastazanum K.Krause

    တောက်တဲ့လက်ဝါးဂမုန်း

    Epipremnum aureumကျားလက်ဝါးဂမုန်း (မြန်မာမျိုး)

    Epipremnum pinnatum (L.) Engl.

    ကျားလက်ဝါးဂမုန်း

    Thaumatophyllum bipinnatifidum (Schott ex Endl.) Sakur., Calazans & Mayo

    ဆင်ဂမုန်း

    Epipremnum aureum (Linden & André) G.S.Bunting

    ကျားလက်ဝါး ရွက်ပေါက်ဂမုန်း

    Monstera deliciosa Liebm.

    ရွက်ပေါက်ဂမုန်း

    Monstera obliqua Miq. 'Dwarf'

    အင်းဂမုန်း အဖို

    Alocasia mortfontanensis André

    အင်းဂမုန်း အမ

    Alocasia longiloba 'Variety'

    ဗြဟ္မာကြီးဂမုန်း

    Alocasia heterophylla 'Corazon'

    ဗြဟ္မဘယက်ဂမုန်း

    Alocasia longiloba Miq. / 'Serengeti'

    မဟိဒ္ဓိရှင်

    Alocasia sanderiana W.Bull

    မြစိမ်းရှင်

    Alocasia micholitziana Sander/ 'Frydek'

    ဣဒ္ဓိရှင်

    Alocasia cuprea K.Koch

    သိဒ္ဓိရှင်

    Alocasia longiloba 'Lowii'

    ဗောဓိဂမုန်း

    Alocasia cucullata (Lour.) G.Don

    ပတ္တမြားတဖက် မြတဖက် ဂမုန်း

    Costus erythrophyllus Loes.

    သစ်မင်းဂမုန်း

    Yucca aloifolia L.

    ဘောဂကြီးဂမုန်း

    Aglaonema anyamanee 'Peacock'

    ဘောဂကြီးဂမုန်း (ထပ်တိုးမျိုး)

    Aglaonema nitidum 'Ernesto's Favorite'

    ဘောဂလေးဂမုန်း၊ ရတနာလေးဂမုန်း

    Aglaonema commutatum 'Silver Queen'

    စီးပွားဂမုန်း

    Aglaonema commutatum Schott

    ရတနာဂမုန်း

    Aglaonema simplex (Blume) Blume

    ဟော်နန်းဂမုန်း

    Aglaonema pictum 'Tricolor'

    ကြွေဘောဂ ဂမုန်း

    Aglaonema 'Alumina'

    ရှင်ပျံဂမုန်း

    Aglaonema commutatum var. maculatum

    အိမ်တွင်းမင်္ဂလာဂမုန်း၊ ပြောက်ကလေးဂမုန်း၊ ကျောက်စိမ်းဂမုန်း

    Aglaonema commutatum Schott

    ပြောက်ကြီးဂမုန်း၊ ဧည့်လာကြီးဂမုန်း

    Dieffenbachia seguine (Jacq.) Schott/ 'Snow'

    တိုးလာကြီးဂမုန်း

    Dieffenbachia bowmanniH.J.Veitch

    မြဘယက်ဂမုန်း

    Dieffenbachia seguine 'Tropic Snow'

    မယ်တော်ကြီးဂမုန်း၊ မဟာရာဇာဂမုန်း၊ ရာဇကြီးဂမုန်း၊ သူရဿ တီဂမုန်း၊ ပြည်လုံးချမ်းသာဂမုန်း

    Dieffenbachia longispatha Engl. & K.Krause

    ဇောတိကဂမုန်း

    Dieffenbachia oerstedii Schott

    ဘိုးတော်ကြီး ရိုးဖြူဂမုန်း

    Dieffenbachia bowmanni 'Illustris'

    မယ်တော်ဖြူဂမုန်း

    Dieffenbachia maculata 'Rudolph Roers'

    ဘိုးတော်ဖြူဂမုန်း

    Dieffenbachia maculata 'Camille'

    သူကြွယ်ဂမုန်း

    Maranta leuconeura var. kerchoveana É.Morren

    [Synonym of Maranta leuconeura É.Morren]

    ထိုင်းသူကြွယ်ဂမုန်း

    Maranta leuconeura ‘Fascinator Tricolor’

    [Maranta leuconeura var. erythroneura G.S.Bunting

    Synonym of Maranta leuconeura É.Morren]

    ကျီးခြေဂမုန်း အဖို

    Ctenanthe Setosa 'Compact Star'

    ကျီးခြေဂမုန်း အမ

    Ctenanthe burle-marxii 'Amabilis'

    ကျေးကတ္တီပါဂမုန်း

    Calathea rufibarba 'Wavestar'

    ငုံးဂမုန်း

    Goeppertia undulata (Linden & André) Borchs. & S.Suárez.

    ဥဒေါင်းမင်းဂမုန်း အဖို

    Goeppertia veitchiana (Veitch ex Hook.f.) Borchs. & S.Suárez

    ဒေါင်းဂမုန်း အမ

    Goeppertia roseopicta 'Medallion'

    ဒေါင်းဂမုန်း အဖို

    Goeppertia picturata 'Vandenhecki'

    ဒေါင်းမလေးဂမုန်း

    Goeppertia roseopicta 'Dottie'/ 'Black Rose'

    နရိန္ဒာဒေါင်းဂမုန်း အမ

    Goeppertia bella (W.Bull) Borchs. & S.Suárez / 'Carlina'

    [Synonym of Goeppertia kegeljanii (É.Morren) Saka]

    နရိန္ဒာဒေါင်းဂမုန်း အဖို

    Goeppertia makoyana (É.Morren) Borchs. & S.Suárez

    ဗျိုင်းဖြူဂမုန်း

    Goeppertia picturata 'Argentea'

    ရှင်ဥပဂုတ်ဂမုန်း

    Goeppertia 'Silver Plate'

    ရှင်မဟာဂမုန်း

    Goeppertia warszewiczii (Lem.) Borchs. & S.Suárez

    အပ်နှစ်စင်းဂမုန်း၊ တန်ပြန်ဂမုန်း

    Calathea majestica 'Albolineata'

    မဟဂတာနီဒေဝီဂမုန်း

    Goeppertia majestica 'Princeps'

    ရှင်သီဝလိဂမုန်း

    Goeppertia zebrina (Sims) Nees

    ဟင်္သာဂမုန်း အဖို

    Goeppertia zebrina 'Humilior'

    ဟင်္သာဂမုန်း အမ၊ ပန်းသီးဂမုန်း

    Goeppertia orbifolia (Linden) Borchs. & S.Suárez

    ဣစ္ဆာသယကျေးမင်းဂမုန်း

    Goeppertia insignis (W.Bull ex W.E.Marshall) J.M.A.Braga, L.J.T.Cardoso & R.Couto

    ကျီးဂမုန်း

    Goeppertia albertii (L.H.Bailey & Raffill) Borchs. & S.Suárez

    ကျေးဂမုန်း/ ကျီးဂမုန်း အဖို

    Goeppertia lietzei (É.Morren) Saka

    ကျေးဂမုန်း/ ကျီးဂမုန်း အမ

    Goeppertia concinna (W.Bull) Borchs. & S.Suárez

    စုစည်းတင်ပြသူ - တင်မင်းထက်

    credit to Tin Min Htet

    ----------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes4comments0
views1534