ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၄၉ မှ ၉၄ အထိ ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၄ အတွင်းရှိနိုင်ပြီး စက်တင်ဘာလ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၄၉ သာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၇၂ -၈၃ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၂.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၇ မှ ၈၄ အတွင်းရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၈၄ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၇ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၁°C အမြင့်ဆုံးအပူချိန် ၃၂.၆ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၇ မှ ၈၄ အတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၈၄ မှာရှိနိုင်ပြီး စက်တင်ဘာလ ၂၈ ရက်တွင် မိုးရွာရန် ၆၇ ရာခိုင်နှုန်းရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၇၂ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ပဲခူးတိုင်းဒေသကြီးရှိ စပါးစိုက်တောင်သူများအတွက် သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်
- စိုထိုင်းဆများ၊ မိုးဆက်တိုက်ရွာသွန်းပြီး နောက်ရက်တွင်ပြန်လည်ခြောက်သွေ့ချိန်တွင် စပါးပန်းပွင့်ချိန်၊ နို့ရည်တည်ချိန်နှင့်တိုက်ဆိုင်ပါက စပါးမှိုသီးရောဂါကျရောက်နိုင်ချေများပါတယ်။
ကာကွယ်နှိမ်နင်းနည်း
- ယခု မိုးရွာ၊ နေပူ၊ လေပြင်းအေး တိုက်ခတ်သော အခြေအနေဖြစ်နေပြီး ယခင်ရာသီတွင် မှိုသီးကျရောက်ခဲ့ပါက Propiconazole 200 ml/ac (သို့မဟုတ်) Copper hydroxide 0.75kg/ac နှုန်းဖြင့် ဖျန်းပြီးကြိုတင်ကာကွယ်နိုင်ပါတယ်။
- မှိုသီးကျရောက်မှ ဆေးဖျန်းမယ်ဆိုရင်တော့ နောက်ကျပါပြီ၊ စိုက်ခင်းထဲလူဝင်တာကြောင့် ၊ ဆေးဖျန်းပါက ဆေးစက်အရှိန်ကြောင့်ရောဂါပြန့်ပွားမှုကို ပိုပြီးအားပေးနိုင်ပါတယ်။
ရာသီဥတုဆိုင်ရာ အကြံပေးချက်
- အေးမြသောလေပြင်းများတိုက်ခတ်ခြင်း၊ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ (၉၀ % ) သည် ရောဂါပြန့်ပွားမှုကိုအထူးအားပေးပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
တိမ်ထူမိုးအုံ့တဲ့ရက်တွေမှာ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-
အစားကျွေးနှုန်းကို သတ်မှတ်နှုန်းတားထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျွေးရန်၊
ကန်တွင် ပန်ကာ သို့မဟုတ် ရေဒလက်များရှိပါက အဆိုပါအချိန်တွင် လည်ပတ်ရန်၊
မိုးသည်းထန်စွာရွာသွန်းတဲ့ရက်တွေမှာတော့-
မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေချဉ်ဖန်နှုန်းနိမ့်နေနိုင်ပြီး ပြန်မြင့်ရန်အတွက် ထုံးအမှုန့်ထည့် ပေးရန်၊ ၁၀၀၀ ကျူဗစ်မီတာတွင် ၂၀ မှ ၃၀ ကီလိုဂရမ်ကို ရာသီဥတုအေးတဲ့ မနက်ပိုင်း၊ ညနေ ပိုင်းတွင် ထည့်ပေးရန်၊
ပုဇွန်ကန်များတွင် သန့်စင်ထားတဲ့ ပင်လယ်ရေကို နည်းနည်းခြင်း ထည့်ပေးရန်၊
Weather Source: CIAT
----