cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နိုက်ထရိုဂျင်ဓာတ်မြေသြဇာနှင့် စပါးမျိုးတချို့၏ ပရိယာယ်ကြောင့် လယ်သမားများ အခက်ကြုံရပုံ

. အပင်အာဟာရ
စပါးပင်များ သက်တမ်းနုစဉ် အပင် အရိုး၊ အရွက်များ ပွားစည်းလာစတွင် စပါးပင်အမျိုးအားလုံးတွင် စပါးပင်တွင်းရှိ ပျော်ဝင်လွယ်သော နိုက်ထရိုဂျင်နှင့်စုစုပေါင်းနိုက်ထရိုဂျင်တို့ရဲ့ အချိုးပြောင်းလဲမှုမရှိအတူတူပင် တွေ့ရသည်ဟု သုတေသီတွေက တင်ပြခဲ့ကြသည်။
  • အပူပိုင်းဒေသ နိုင်ငံများတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာရဲ့ အကျိုးအာနိသင် ပိုမိုခံစားရရှိစေဖို့ကတော့ စပါးမျိုးကို မွမ်းမံပြုပြင်ဖို့ လိုအပ်မှာဖြစ်ပါသည်။(အတိုင်းအတာ တစ်ခုအထိလည်း ပြုပြင်ပြီး၊ ပြုပြင်ဆဲတော့ ရှိပါသည်)။ သုတေသီ (Matsuo, Baba,Oka, Tanaka & Beachell) စသော ပညာရှင်တွေဟာစပါးမျိုးပြားတို့ရဲ့ ဇီဝကမ္မကွဲပြားခြားနားမှုကြောင့် နိုက်ထရိုဂျင် ဓာတ်မြေသြဇာ အများအပြားထည့်ပေးခြင်း အတွက် စပါးအထွက်နှုန်းတွက်ချေကိုက်အောင် ထွက်ရှိမည့် မျိုးပြားအသစ်တွေ ဖော်ထုတ်ဖို့ အထူးလိုအပ်ပြီဟု ကောက်ချက်ချခဲ့ကြပြီး ဖြစ်သည်။ထိုသုတေသီတွေအနေဖြင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာရဲ့ အာနိသင်ကို အထွက်နှုန်း မြင့်မားမှုဖြင့် ပြန်လည်တုံ့ပြန်သော စပါးပင် (စပါးမျိုးပြား) တို့ရဲ့ဗီဇလက္ခဏာကို သိရှိထားမှုမှာ အလွန်အမင်း အကန့်အသတ်သာ ရှိသေးကြောင်းလည်း သူတို့တွေ သဘောပေါက်ထားခဲ့ကြသည်။နိုက်ထရိုဂျင်ကို စပါးပင်က စုပ်ယူမှုနှင့် စပါးပင်ရဲ့ ဇီဝကမ္မကိစ္စမှာ ရှုပ်ထွေးလှသလို သာမန်စိုက်ပျိုးရေး ဝါသနာပါသူနှင့် စပါးစိုက်လယ်

    သမားတို့ နားလည်ဖို့ခက်ခဲလှသည်။နိုက်ထရိုဂျင်ဓာတ်စုပ်ယူပြီး စပါး (အစေ့အဆံ) အထွက်နှုန်း ပိုမိုထုတ်မပေးနိုင်သော စပါးမျိုးများသည် စပါးပင်သက်တမ်းနုစဉ် (စိုက်ပျိုးပြီးမှ ပင်ပွားထွက်ပြီးကာလတိုင်အောင် နိုက်ထရိုဂျင်များများထည့်လေ များများနှင့် မြန်မြန်စုပ်ယူတတ်လေ ဖြစ်သည်။

    စပါးပင်များ သက်တမ်းနုစဉ် အပင် အရိုး၊ အရွက်များ ပွားစည်းလာစတွင် စပါးပင်အမျိုးအားလုံးတွင် စပါးပင်တွင်းရှိ ပျော်ဝင်လွယ်သော နိုက်ထရိုဂျင်နှင့်စုစုပေါင်းနိုက်ထရိုဂျင်တို့ရဲ့ အချိုးပြောင်းလဲမှုမရှိအတူတူပင် တွေ့ရသည်ဟု သုတေသီတွေက တင်ပြခဲ့ကြသည်။ လျင်မြန်တက်ကြွစွာနိုက်ထရိုဂျင် စုပ်ယူတတ်ခြင်းနှင့် ထိုနိုက်ထရိုဂျင်ဓာတ်ကို စပါးပင်ရဲ့ အင်္ဂါအစိတ်အပိုင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းပေး တတ်သောနိုက်ထရိုဂျင်ကို ဇီဝကမ္မကိစ္စအတွက် အလျင်အမြန် လုပ်ဆောင်တတ်သောကြောင့် ထိုကဲ့သို့ စပါးမျိုးပြားများ(မြန်မာနိုင်ငံ၏ ရိုးရာလင်းတာတုံ့ပြန်တတ်သော စပါးမျိုးပြားများ) တို့သည် ပင်ပွားများစွာထွက်လာခြင်း၊ အပင်အရပ်မြင့်တက်လာခြင်း၊ အရွက်ကျယ်ပြန့်လာခြင်း၊ရှည်ထွက်လာခြင်း တို့ကိုသာ ပိုမိုဖြစ်ထွန်းစေသဖြင့် စပါးပင်တွင် အရွက်တွေများလာကာ ရွက်ဖားတို့တွဲလျားကျကာ အချင်းချင်း

    နေရောင်ခြည်အရ နည်းစေသော အုပ်မိုးကာဆိုင်းသည့် အခြေအနေဖြစ်စေကာစပါးပင်ရဲ့ အနှံလောင်းဖြစ်စေမှုကို အားပေးမှု (ဝါ) နိုက်ထရိုဂျင်ပါဝင်သော ပစ္စည်းများရယူနိုင်မှု နည်းပါးစေပါသည်။

    စပါးပင်များရဲ့အရပ်က မြင့်လွန်းလာခြင်း၊ အရွက်တွေက အလွန်ကြီးမားကျယ်ပြန့်ရှည်လျားလာခြင်းကြောင့် တစ်ပင်ကတစ်ပင်ကို အုပ်မိုးကာဆိုင်းဖြစ်လာကာ အလင်းရောင် နေရောင်ခြည်အရ နည်းစေခြင်း

    သို့မဟုတ် လုံးဝအလင်းနှင့် နေရောင်မရသော အပင်များ၊ အရွက်များက များလာသောအခါအလင်းဖြင့် ကစီဖွဲ့ခြင်းလုပ်ငန်းဖြစ်သည့်Photosynthesisနှင့် အသက်ရှူခြင်းညီမျှခြေ ပျက်သုဉ်းသွားကာ စပါးပင် ပင်စည်ရိုးတံနှင့် အရွက်တွေမှာ ပျော်ဝင်လွယ်သောနိုက်ထရိုဂျင် အထူးသဖြင့် အာမိုးနီးယားနှင့် အေမိုက်နိုက်ထရိုဂျင် များလာတတ်သည်။ဤမည်သော မူမမှန်သော ဇီဝကမ္မဖြစ်စဉ်ကြောင့် စပါးပင်တွင် အလင်းဖြင့် ကစီဖွဲ့သော လုပ်ငန်းကို ထိခိုက်စေကာနိုက်ထရိုဂျင် ထပ်မံစုပ်ယူမှု (စပါးပင်မြေဆီလွှာမှ စုပ်ယူမှု) နှေးကွေးသွားပြန်ကာ စပါးပင်ရဲ့ အောက်ရွက်တွေညှိုးပြီး သေဆုံးသွားမှု ဖြစ်လာတတ်သည်ကိုသုတေသီ Tanaka နှင့် Navasero တို့က ၁၉၆၄ ခုနှစ်တွင် တင်ပြခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ ယခုတွေ့ရှိဖော်ပြခဲ့သည့် အခင်းဖြစ်စပါးပင်တွေသည် နိုက်ထရိုဂျင် အသုံးချမှု ညံ့ဖျင်းလို့ မဟုတ်ပါဘူး၊ နိုက်ထရိုဂျင်စုပ်ယူမှုဖြင့် တိုက်ရိုက်စပါးအစေ့အဆံ တိုးတက်မှုကအကျိုးမပြုနိုင်သော (Low nitrogen res-ponse varieties) များတွင် နိုက်ထရိုဂျင်ကို ဇီဝကမ္မလုပ်ငန်းတွင် (High nitrogenresponse varieties) များမှာထက် ပိုမိုလျင်မြန်စွာ လှုပ်ရှားပြောင်းလဲနိုင်စွမ်း ရှိပါသည်။

    စပါးပင်တွင် များလှစွာသော အမျိုးအစားကွဲပြားလှသည့် နိုက်ထရိုဂျင်ဓာတ်ပေါင်းများ ပါဝင်နေသည်။ ဖရီးအမိုင်နိုအက်ဆစ်နှင့် အေမိုက်များ ပါဝင်နေသည်။ ဂလူတာမင်းနှင့် အက်(စ်)ပါရာဂျင်းတို့သည် အမြဲလိုလိုပါဝင်နေသည့် အေမိုက်များ ဖြစ်ကြသည်။ ဂလူတာမင်းကို စပါးပင်များတွင် အစဉ်အမြဲ တွေ့ရလေ့ရှိသော်လည်း အက်(စ်) ပါရာဂျင်းကတော့ နိုက်ထရိုဂျင်ကို အများအပြား စုပ်ယူတတ်သည့် စပါးပင်များတွင်သာ တွေ့ရတတ်သည်။ အထက်တွင် ဖော်ပြခဲ့သလို အက်(စ်)ပါရာဂျင်းများစွာ စုမိနေခြင်းသည် စပါးပင်တွင် အချင်းချင်း အုပ်မိုးကာဆိုင်းဖြစ်မှုကြောင့် အလင်းဖြင့် ကစီဖွဲ့နိုင်စွမ်းအားနည်းပြီး စွမ်းအင်ချို့တဲ့နေခြင်းကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

    နိုက်ထရိုဂျင်စုပ်ယူမှု များပြားခြင်းကြောင့် ကာဘိုဟိုက်ဒြိတ်(ကစီ) ပါဝင်မှု လျော့နည်းကျဆင်းလာသည်။ နိုက်ထရိုဂျင်ဓာတ်ကို အကန့်အသတ် တစ်ခုအတွင်းမှာသာ စုပ်ယူနိုင်သော စပါးပင်တွင် ကာဗို ဟိုက်ဒြိတ် (ကစီ)ဓာတ် စုပြီးဆောင်းပြီး တွေ့ရသည်ဟု ဖူဂျီဝါရာနှင့်အဖွဲ့နှင့် တာနာကာနှင့်အဖွဲ့တို့က သီးခြားစီ အစီရင်ခံထားပြီးဖြစ်သည်။ စပါးပင်ရဲ့ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလ (အပင်ပွားခြင်း၊ အရိုး၊အဆစ် ရှည်ထွက်ခြင်း၊ အရွက်ပြားကြီးပြီး၊ ရွက်အလျားရှည်လာခြင်း) တွင် နိုက်ထရိုဂျင်ဓာတ်ဖြင့် စပါးအထွက်နှုန်း (အစေ့အဆံ) ကို များစွာ အထောက်အပံ့မပေးသော စပါးမျိုးတို့တွင် ပုံမှန်အားဖြင့် ကစီဓာတ်ပါဝင်မှုသည် စပါးအစေ့အဆံ ပိုထွက်အောင် နိုက်ထရိုဂျင်ဖြင့်အကျိုးပြုနိုင်သည့် စပါးမျိုးတို့ထက် နည်းပါးနေသည်ကို တွေ့ရလေ့ရှိသည်ဟု ပြောပါသည်။ လယ်သမားအများစုသည် မိမိလယ်မြေ(စပါးခင်းကို) နိုက်ထရိုဂျင်ဓာတ်မြေသြဇာပေးပြီး တစ်ပတ်နှစ်ပတ်အတွင်း အလျင်အမြန် စိမ်းလန်းစိုပြေပြီးလာသည်ကိုတွေ့ရလျှင် များစွာကြေနပ်ကြတတ်သည်။ စပါးကတော့ဖြင့် ဒီမြေသြဇာရဲ့သတ္တိကို ချက်ချင်းပြတာဘဲဟု ဝမ်းသာနေတတ်ကြသည်။ အပင်ပွားစည်းမှု၊ ပင်စည်ရှည်ထွက်မှု ရွက်ပြားကြီးမှုတွေဟာ စပါးအထွက်ကောင်းမှာဘဲလို့ ယူဆတတ်ကြသည်မှာ မဆန်းလှပေ။ သို့သော် ထိုသို့စပါးပင်များအကောင်းလွန်ပြီး ဟုံသွားသည့် သဘောဖြစ်သည်။

    နိုက်ထရိုဂျင် ဓာတ်မြေသြဇာ ပိုမိုထည့်ပေးလာတိုင်း ကောက်ရိုးမှာကစီ(ဝါ)ကော်ပါဝင်မှု လျော့နည်းလာခြင်းနှင့် တိုက်ဆိုင်နေတတ်သည်ကိုလည်း တွေ့ရသည်ဟု ပြောသည်။ အပင်သာ ကြီးထွားသန်စွမ်းဟန်ရှိသော်လည်း အတွင်းမှာကစီက နည်းနေတတ်ကြောင်း တွေ့ရသည်။ နိုက်ထရိုဂျင်ဓာတ်ရဲ့ အကျိုးအာနိသင်ကြောင့် စပါးအစေ့အဆံ ပိုမိုထွက်အောင်မစွမ်းဆောင်နိုင်သော စပါးမျိုးတွေသည် နိုက်ထရိုဂျင်ဓာတ်ကို သွက်လက်လျင်မြန်စွာ စုပ်ယူတတ်သည်။ အကြောင်းရင်းကို သုတေသီတွေ ကောင်းစွာမသိကြရသေးဟုလည်း ဖော်ပြထားကြပါသည်။ နိုက်ထရိုဂျင်ဓာတ် အလျင်အမြန် အများအပြား စုပ်ယူ၍ ကောက်ရိုးနှင့် အခြားအပင်အပိုင်းအစများ ဖြစ်လာစေသည်။

    အခြောက်ပစ္စည်း တိုးပွားစေယုံမျှမက စပါးပင်မှာလည်း နိုက်ထရိုဂျင်ဓာတ်ပါဝင်မှုမြင့်မားစေပါသည်။ ဤအချက်သည် နိုက်ထရိုဂျင်ဓာတ်ကို သွက်လက်လျင်မြန်စွာ စုပ်ယူနိုင်စွမ်းသည် အတိုင်းအတာတစ်ခုထိတော့ စပါးပင်အမြစ်ရဲ့ သန်စွမ်းမှုလျင်မြန်စွာစုပ်ယူမှုနှင့်လည်းဆက်စပ်နေပုံရသည်ဟု သုတေသီတွေက ထောက်ပြထားပါသည်။ (Culture media) ခေါ်သည့် ရေဖျော်စမ်းသပ်မှုတွင် စပါးပင်အမြစ်အရေအတွက်နည်းခြင်း သို့မဟုတ် အမြစ်မသန်မာသည့် အခါ၌ စမ်းသပ်ဖျော်ရည်တွင် နိုက်ထရိုဂျင်ဓာတ် များနေတတ်ပြီး၊ စပါးအထွက်နှုန်းကို နိုက်ထရိုဂျင်မြေသြဇာဖြင့် သိသိသာသာမပံ့ပိုးပေးနိုင်သောအခါ စပါးမျိုးတို့ရဲ့ အမြစ်တွေဟာ၊ စပါးအထွက်ကို နိုက်ထရိုဂျင်ဖြင့်သိသိသာသာတိုးစေနိုင်သော စပါးမျိုးများ၏အမြစ်ထက် ပို၍သန်မာထွားကျိုင်းကြသည်ဟု ပြောသည်။

    ဤအဆိုကို စာရေးသူတို့ မြန်မာနိုင်ငံရဲ့ မူလရှိရင်းရိုးရာမျိုးများနှင့် မူလစိုက်ပျိုးတဲ့စနစ်ဖြင့် နှိုင်းယှဉ်လေ့လာလျှင် အဓိပ္ပာယ်ပေါ်လာစရာ ရှိပါသည်။ ရှေးရိုးစဉ်လာ မြန်မာတွေသည် ရေသွင်းရေလှောင်စိုက်ခင်းများအတွက် စပါးကို ပျိုးခင်းမှာ တစ်လခွဲလောက် ထားတတ်သည်။စိုက်ခင်းသမန်း စိတ်ကြိုက်ပြင်ပြီးမှ နုတ်၍ရွှေ့စိုက်ကြသည်။ ပျိုးခင်းမှာ ကျဉ်းကျပ်စွာ နေခဲ့ရသော ပျိုးပင်သည် စိုက်ခင်းမှာ ကျယ်ကျယ်လွင့်လွင့်ဖြစ်လာရာ အောက်ခံမြေမှာလည်း သြဇာအာဟာရက ပျိုးခင်းထက် ပိုမိုရလာ၍ အမြစ်များ လျင်မြန်စွာပွားစည်းကြီးထွားလာတော့သည်။

    ထိုသို့သော အခြေအနေတွင် မြေခံဓာတ်မြေသြဇာ အများအားဖြင့် (နိုက်ထရိုဂျင်)က ပိုပိုသာသာရှိတတ်ရာ လျင်လျင်မြန်မြန် စုပ်ယူကြတော့သည်။ ထည့်ပေးထားသော နိုက်ထရိုဂျင်ပမာဏပေါ် မူတည်ပြီး စပါးပင်စုပ်ယူပြီး အပင်ရဲ့ အရောင်အသွေးက တုံ့ပြန်လာရာ လယ်သမားကဒီဓာတ်မြေသြဇာ (နိုက်ထရိုဂျင်)ထည့်တာ စပါးပိုကောင်းလာတယ်ဟု ယုံကြည်ယူဆကာ ထပ်၍ထပ်၍ ထည့်ချင်စိတ်ပေါ်လာတော့သည်။

    စာဆိုအရရော လက်တွေ့အရပါ မြန်မာရှေးရိုး စပါးမျိုးများသည် လင်းတာတုံ့ပြန်သော (Photoperiod sensitive) လည်းဖြစ်သည်။ နိုက်ထရိုဂျင်ထည့်ပေး၍ စပါးအထွက်(အစေ့အဆံ) ပိုမတိုးနိုင်သော(Low-nitrogen response) များဖြစ်သည်ဟုဆိုရာ ကောက်ရိုးသာ အရများပြီးစပါးကတော့ တွက်ချေသိပ်မကိုက်ခဲ့တာ နှစ်ပေါင်းများစွာပါဘဲ။ ယခု စပါးဈေးတွေ ကောင်းလာသော်မှ ဓာတ်မြေသြဇာဖိုး၊ပိုးသတ်ဆေးဖိုး၊ပေါင်းသတ်ဆေးဖိုးနှင့် လုပ်အားခကိုအလျင်မီအောင် မနည်းလုပ်နေကြရသည်။ပျိုးပင် ၄၅ ရက်သားတွင် စပါးပင်က အတော်အတန်အားပျိုးပြီး ဖြစ်သည်။

    သွက်လက်စွာအမြစ်ရော အပင်ပါပွားနိုင်သည့် အခြေမှာ ဓာတ်မြေသြဇာ နိုက်ထရိုဂျင်နှင့် တွေ့တော့ရာ လျင်မြန်သွက်လက်စွာ စုပ်ယူတော့သည်။စပါးမျိုးက လင်းတာတုံ့ပြန်သည့် မျိုးဖြစ်ရာ သန္ဓေတည်ဖို့ (Panicle initiation) ဖြစ်ဖို့ လအတန်ကြာလိုသေးရာ ပင်ပိုင်းကြီးထွားမှုကသာ မြန်ဆန်ပွားစည်းလာသည်။နိုက်ထရိုဂျင် မြေသြဇာများများရလေ မြန်မြန်ကြီးလေဖြစ်ရာ အပင်ဟုံသွားတာများသည်။ အရွက်တွေ ရွက်ဖားထိုးကာအောက်ရွက်တွေ အလင်းရောင် နေရောင်မရတော့ ညှိုးလျော်ေ<ကကျကုန်တော့သည်။ အပင်တွင်းမှာ ကာဗိုဟိုက်ဒြိတ်ကနည်းနေတော့ အနှံလောင်းအတွက်ရော အနှံအတွက်ပါ ကာဗိုဟိုက်ဒြိတ် စုပြီးသားမရှိ၍ စပါးနှံနှင့် စပါးစေ့အားမကောင်းဘဲ အထွက်ထင်သလောက်မတိုးဘဲကောက်ရိုးသာ တိုးလာတော့သည်။ ဤပြဿနာကို စိုက်ပျိုးရေး နည်းပညာဖြင့် ဖြေရှင်းလို့ရပါသည်။

    မြန်မာစပါးမျိုးများဖြစ်သည့် အင်းမရဲဘော်၊ ရဲဘော်စိန်၊ ရွှေဒင်္ဂါး၊ ငွေတိုး၊ အောင်ဇေယျတို့ကို (၁) ပျိုးပါးပါးထောင်ပါ၊ (၂) မရှောင်မလွှဲသာမှ ပျိုးကို စောစော မေလလယ်၊ ဇွန်လမှာထောင်ပါ။ တတ်နိုင်လျှင် ဇွန်လလယ်ထက်စောမထောင်ပါနှင့် (၃) ပျိုးသက်ကို (၅၀-၅၅) ရက်အထိ စောင့်နိုင်ကစောင့်ပြီး စိုက်ပါ။ (၄) လက်စ(ပျိုး ပင်-၅^၆) ပင် ထက်မနည်းစိုက်ပါ။ (၅) ဓာတ်မြေသြဇာကို နိုက်ထရိုဂျင်စောစောပိုင်းမှာ များများမထည့်ပါနှင့်။ ဖော့စဖားရပ်(စ်)ကိုတော့စိုက်သမန်းမှာပင် ထည့်ပါ။ (၆) နိုက်ထရိုဂျင် ၁-၂-၃ အဆင့်ထားပြီး သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ လောက်တွေမှာ တိုး၍တိုး၍ ထည့်ပေးပါ။ ထိုအခါ စပါးပင်များသည် နေ့တာဖြည်းဖြည်းချင်းချင်းတိုလာကာ ညဉ့်တာရှည်လာသည်နှင့် သန္ဓေလောင်းတည်ဖို့ နီးလာသဖြင့်ရလာသော နိုက်ထရိုဂျင်သည် အနှံလောင်း၊ အနှံခက်နှင့် အစေ့အဆံအတွက် အကျိုးပြုစရာရှိပါသည်။ ပိုတက်စီယံကိုလည်း နိုက်ထရိုဂျင်ပုံစံအတိုင်း ခွဲထည့်ပေးပါ။

    ကောက်ကွက်ကို တစ်ဧကလျှင် (၇၀၀၀၀- ၉၀၀၀၀) ကြားဝင်အောင်စိုက်ပါက တစ်ဧကတင်း (၉၀-၁၀၀) မခဲယဉ်းလောက်ပါ။ မူလက အင်းမရဲဘော်၊ ရဲဘော်စိန်၊ အောင်ဇေယျတို့ကို ဇွန်လ၊ ဇူလိုင်လတွေမှာ စိုက်ခဲ့သည်။ ကောက်ကွက်က (၅၀၀၀၀-၆၀၀၀၀) ထက်မပိုသော်လည်း မကြာမီရွက်ဖားထိုးကာ အောက်ရွက်တွေ အလင်းရောင် နေရောင်မရလို့ ေ<ကကျကုန်သည်။ စပါးအနှံအတွက် အစာစုပြီးသား မရခဲ့ပေ။ တင်း (၆၀-၇၀)ရဖို့ မနည်းလုပ်ကြရသည်။ အင်းမရဲဘော်ကို ရေဆင်းက စိုက်ပျိုးရေး တက္ကသိုလ်နှင့် စိုက်ပျိုးရေးသုတေသနက အရာရှိတွေ ယူစိုက်ကြသည်။ပေါင်းနုတ်မငှားနိုင်ပါ။ သို့ဖြစ်၍ ပျိုးသက်အကြီးခံပြီး ကောက်ကွက်စိပ်စိပ် နောက်ဆွဲစိုက်ခဲ့ရာ တစ်ဧက တင်း (၈၀-၉၀) ရခဲ့ကြဖူးပါသည်။ အပင်ကောင်းနေယုံဖြင့် စပါးထွက်မရနိုင်ဘူးဆိုတာ သဘောပေါက်ကြပါ။

    - သုတကျော်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
12
comments
0
views
2593