အမိုးနီးယားတိုင်းတာနည်းအကြောင်း
တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ငါးပုစွန်မွေးမြူနေသော တောင်သူပေါင်း (၃၀၀)ကျော်အား အစိမ်းရောင်ငါးမွေးမြူရေးဖြစ်စေရန်နှင့် ရေရှည်တည်တန့်သောငါးမွေးမြူရေးလုပ်ငန်းကို ဖြစ်စေရန် ငါးမြန်မာစီမံကိန်းမှ ၂၀၂၂ ခုနှစ်မှ ယနေ့အထိ ပညာပေးလုပ်ငန်းများ ငါးပုစွန်မွေးမြူရေးတွင် အထောက်အကူဖြစ်ရေး ကန်ရေတိုင်းတာသည့် ကိရိယာများ ၊ ငါးသားပေါက်များ၊ ထုံးနှင့်မြေသြဇာများ ကူညီပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင် ငါးမွေးတောင်သူများ၏ ဖြစ်ပေါ်နေသောအခက်အခဲများကိုလည်း ထွက်တိုး (အွန်လိုင်း)ဖြင့် အမေး၊ အဖြေများကို ဆက်လက်ဆောင်ရွက်ပေးနေပါသည်။
နည်းပညာပေးခဲ့သော အပိုင်းတွင် တောင်သူ(၉၀)ရာခိုင်နှုန်းကျော်သည် နည်းပညာအတိုင်းစတင်ကျင့် သုံးခဲ့ကြောင်းတွေ့ရှိရပါသည်။ တောင်သူအများစုသည် ရေချဉ်ဖန်းတိုင်းကိရိယာကိုအသုံးပြုကြပြီး၊ အမိုးနီးယား တိုင်းသောကိရိယာကို အသုံးပြုခြင်းနည်းကြပါသည်။ အချိုု့အသုံးပြုကြသော်လည်း အမိုးနီးယားတွေ့ရှိသည်နှင့် အခက်အခဲမေးခွန်းများကိုထွက်တိုးတွင်မေးမြန်းလာကြပါသည်။ ထို့ကြောင့် အမိုးနီးယားအကြောင်းနှင့် အမိုးနီး ယားတိုင်းတာတွေ့ရှိချက်များအပေါ် တင်ပြအပ်ပါသည်။
ငါးပုစွန်ကန်အတွင်း အမိုးနီယားဖြစ်ပေါ်ရခြင်းမှာ ကန်အောက်ခြေတွင် အညစ်အကြေးများစုပုံခြင်း၊ တနည်း ကန်အောက်ခြေတွင် အမှိုက်များသစ်တုံးဆွေးများ၊အစာကြွင်းအစာကျန်များသည် ပုတ်သိုးဆွေးမြေ့ ရာမှ အမိုးနီးယား နှင့် ဟိုက်ဒြိုဂျင်ဆာလဖိုဒ် ဓါတ်ငွေ့များထွက်ရှိလာပါသည်။ အဆိုပါဓါတ်ငွေ့များသည် ဘဲဥ ပုတ်နံ ရှိပြီး အဆိုပါ ဓါတ်ငွေ့များကြောင့် ကန်အတွင်းအောက်စီဂျင် ဆုံးရှုံးလာပါသည်။ အဆိုပါအနံမကောင်း ခြင်းသည် ငါးများအတွက် အသက်ရှူခြင်းကို ထိခိုက်စေသည့်အပြင် ငါးများအစာစားခြင်းကိုလည်းလျှော့နည်း စေပါသည်၊အမိုးနီးယားထွက်ရှိလာခြင်းတွင်း ငါးများအတွက် စိုးရိမ်ရသောအခြေအနေနှင့် မစိုးရိမ်ရသော အခြေ အနေကို အမိုးနီးယားတိုင်းတာရေးကိရိယားမှ အဖြေထုတ်ရပါမည်၊
ငါးမွေးတောင်သူများအားဗီယက်နမ်မှထုတ်သော အမိုးနီးယားတိုင်းတာရေးကိရိယာနှင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သောအမိုးနီးယားတိုင်းတာသောကိရိယာများကို ကူညီထောက်ပံ့ပေးထားပါသည်၊။ အမိုးနီးယား တိုင်းတာရာတွင် ကန်အတွင်းမှ အနက်(၃)ပေကျော်မှရေကိုရယူပြီးတိုင်းတာရပါမည်။တိုင်းတာရာတွင်ဆောင် ရွက်ရမည့်အချက်များကို ကိရိယာတိုင်းတွင်ဖော်ပြထားပါသည်။ အမိုးနီးယားတိုင်းတာရာတွင် အမိုးနီးယား ဘယ်လောက်အထိပါဝင်နေကြောင်း အရောင်အမှတ်အသားများ ကိန်းဂဏန်း အမှတ်အသားများဖြင့်ဖော်ပြ ထားပါသည်။ အမိုးနီးယားမရှိပါက အရောင်အားဖြင့် အဝါ ဖော်ပြပြီး ကိန်းဂဏန်းတွင် (ဝ) ဟုဖော်ပြထားပါ သည်။ အမိုးနီးယား 0.25 mg/l ၊0.5 mg/l , 1 mg/l မှ 10 mg/l အထိ၊ အမှတ်တခုခု မှာတွေ့ပါက ၊ရေ၏ ချဉ်ဖန်နှုံးကို တိုင်းပြီး မိမိတွေ့ရှိသော အမိုးနီးယားအမှတ်နှင့် တိုက်ဆိုင် စစ်ဆေးပါ။ အမိုနီးယား ရှိသောလည်း လုံးဝမစိုးရိမ်ရသောအခြေအနေ၊ အမိုးနီးယားရှိသော်လည်း သတိထားရမည့် အခြေအနေ နှင့် အမိုးနီးယားမှ အဆိပ်ဖြစ်နေသောအခြေအနေ ကိုတွေ့ရှိရပါမည်။ ထို့ကြောင့် အမိုးနီးယား ရှိတိုင်းမစိုးရိမ်ရပါ၊ရေ၏ချဉ်ဖန်နှုံး နှင့် တိုက်ဆိုင်စစ်ဆေးပြီး ဇယားကွက်အတွင်းရှိ ဂဏန်း (ဝ.၀၉)အထိသည် လုံးဝမစိုးရိမ်းရသောအခြေအနေ ဖြစ်ပါသည်။ဇယားကွက်တွင် (ဝ.၃၇)သည် သတိထားရမည့် အခြေအနေကို ဖော်ပြထားပါသည်။ပုံတွင်ပြထား သည့်ခဲရောင်အဆင့်သည် အဆိပ်သင့်နေသောအခြေအနေကိုဖော်ပြထားပါသည်။
ကန်အတွင်းအမိုးနီးယားမဖြစ်စေရန် ကန်အောက်ခြေရှိ အညစ်အကြေးများကို အတတ်နိုင်ဆုံးဖယ် ရှားပေးပါ (သို့မဟုတ်) ၁၅ရက်တကြိမ် ကန်အောက်ခြေကို မွေနှောက်ပေးပါ။မွှေနှောက်ရာတွင် နေပူပြင်းသော အချိန်တွင်မွှေနှောက်ပေးပါရန်အကြံပြုအပ်ပါသည်။
ဦးဆန်းအောင်
ထွက်တိုး
----