cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
စိုထိုင်းဆများခြင်း၊ ခြောက်သွေ့ခြင်းများ တလှည့်စီဖြစ်ပေါ်နိုင်သော ဒီလိုရာသီဥတုမှာ စပါးပန်းပွင့်ချိန်၊ နို့ရည်တည်ချိန်နှင့်တိုက်ဆိုင်ပါက စပါးမှိုသီးရောဂါကျရောက်နိုင်ချေများပါတယ်။
  • ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၈)ရာခိုင်နှုန်းမှ (၉၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးဆက်တိုက်ရွာသွန်းပြီး နောက်ရက်တွင်ပြန်လည်ခြောက်သွေ့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ စိုထိုင်းဆများခြင်း၊ ခြောက်သွေ့ခြင်းများ တလှည့်စီဖြစ်ပေါ်နိုင်သော ဒီလိုရာသီဥတုမှာ စပါးပန်းပွင့်ချိန်၊ နို့ရည်တည်ချိန်နှင့်တိုက်ဆိုင်ပါက စပါးမှိုသီးရောဂါကျရောက်နိုင်ချေများပါတယ်။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါသည်။ စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့ နှင့် အောက်တိုဘာလ ၂ ရက်နေ့ တွေမှာ မှာ မိုးရွာရန် ၅၅-၅၈ ရာခိုင်နှုန်းမှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၆၆ မှ ၇၈ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၄.၅°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၅.၇°C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၂၅ သာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၆၀ နှင့် ၇၈ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၁ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၄၀ သာ ရှိနိုင်ပြီး ကျန်သောရက်များတွင် ၆၂ မှ ၈၇ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၄.၅ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၅.၇°C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၃၈ သာ ရှိနိုင်ပြီး စက်တင်ဘာလ ၂၈ ရက်တွေမှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်း တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၅၉ မှ ၇၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၅၈ ရာခိုင်နှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၂၅ သာ ရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များတွင် မိုးရွာရန် (၇၂ မှ ၈၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၆)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၇ ရက် နေ့များတွင် မိုးရွာရန်ရာနှုန်း ၅၆ အတွင်း ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၂.၂ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၉ °C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၇ နှင့် ၂၀ ရက် နေ့တွင် မိုးရွာရန် ရာနှုန်း ၃၉-၄၈ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၅၅ မှ ၈၀ ရာနှုန်း အတွင်း မှာ ရှိနိုင်ပါတယ်။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၉ ရက်နှင့် အောက်တိုဘာလ ၂ ရက်နေ့တွေမှာ မိုးရွာရန်ရာနှုန်း ၄၄ မှ ၅၈ တွင် ရှိနိုင်ပြီး ကျန်သောရက်များတွင်မိုးရွာရန် ရာခိုင်နှုန်း ၆၀ မှ ၇၈ အတွင်းရှိနိုင်ပါတယ်။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၅၈ ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၂၅ သာ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၉°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၈၊ ၂၉၊ ၃၀ ရက်နေ့များ တွင် မိုးရွာရန် ၇၈ ရာနှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၃၈ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များမှာ ၅၉ မှ ၆၅ ရာခိုင်နှုန်းအတွင်း တွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉) ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၂၇၊ ၂၉ ရက်နေ့များတွင် မိုးရွာရာနှုန်း ၃၉ မှ ၄၈ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၅၅-၇၈ ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၆)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၅၆ ရှိနိုင်ပြီး ကျန်ရက်များတွင် (၆၄-၈၈)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာလ ၃ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၀ သာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့မိုးရွာရန် ၅၆ မှ ၈၉ ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။

    ဧရာဝတီတိုင်းဒေသကြီးရှိ စပါးစိုက်တောင်သူများအတွက် သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်

    စိုထိုင်းဆများ၊ မိုးဆက်တိုက်ရွာသွန်းပြီး နောက်ရက်တွင်ပြန်လည်ခြောက်သွေ့ချိန်တွင် စပါးပန်းပွင့်ချိန်၊ နို့ရည်တည်ချိန်နှင့်တိုက်ဆိုင်ပါက စပါးမှိုသီးရောဂါကျရောက်နိုင်ချေများပါတယ်။

    ကာကွယ်နှိမ်နင်းနည်း

    ယခု မိုးရွာ၊ နေပူ၊ လေပြင်းအေး တိုက်ခတ်သော အခြေအနေဖြစ်နေပြီး ယခင်ရာသီတွင် မှိုသီးကျရောက်ခဲ့ပါက Propiconazole 200 ml/ac (သို့မဟုတ်) Copper hydroxide 0.75kg/ac နှုန်းဖြင့် ဖျန်းပြီးကြိုတင်ကာကွယ်နိုင်ပါတယ်။

    မှိုသီးကျရောက်မှ ဆေးဖျန်းမယ်ဆိုရင်တော့ နောက်ကျပါပြီ၊ စိုက်ခင်းထဲလူဝင်တာကြောင့် ၊ ဆေးဖျန်းပါက ဆေးစက်အရှိန်ကြောင့်ရောဂါပြန့်ပွားမှုကို ပိုပြီးအားပေးနိုင်ပါတယ်။

    ရာသီဥတုဆိုင်ရာ အကြံပေးချက်

    -အေးမြသောလေပြင်းများတိုက်ခတ်ခြင်း၊ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ (၉၀ % ) သည် ရောဂါပြန့်ပွားမှုကိုအထူးအားပေးပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုတစ်ပတ်အတွင်း မိုးရွာမည်ဖြစ်တဲ့အတွက် ငါး/ပုဇွန်မွေး တောင်သူကြီးများအနေဖြင့်

    - မိုးသည်းထန်စွာ ရွာသွန်းသောနေ့ရက်များတွင် အစာကျွေးနှုန်းကို သတ်မှတ်ပမာဏအောက် ၃၀ ရာခိုင်နှုန်း အနည်းဆုံးထား၍ လျော့ကျွေးရန်၊

    - မိုးရွာပြီး နောက်ရက်များမှသာ အပူချိန်ကို ကြည့်၍ အစာကျွေးနှုန်းကို မူလနှုန်းထားပြန်ရောက်ရန် တဖြည်းဖြည်းချင်း ပြန်တိုးကျွေးရန်၊

    - ပုဇွန်ကန်များတွင် ကိုယ်ခံအားကောင်းစေရန်အတွက် ဗိုက်တာမင်စီ၊ သတ္ထုနဲ့ ဇီဝအားဆေးများကို အစာ ကျွေးချိန်ထည့်ကျွေးရန်၊

    - ကန်ရေ အပူချိန်တက်ရန် ထုံးထည့်ပေးရန်နဲ့ ရေချဉ်ဖန်နှုန်းမထိခိုက်စေရန် ချိန်ဆထည့်ပေးရန်၊

    Weather Source: CIAT

    --------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes
7
comments
3
views
4108