အီးအမ်ကိုငါးမွေးမြူရေးတွင်အသုံးပြုခြင်း
အီးအမ်ကိုငါးကန်ရေထု၏ (၀.၀၁%) မှ (၀.၁%) အထိ နှစ်ပတ်တစ်ကြိမ် ထည့်ပေးခြင်းဖြင့် ကန်ရေထုသန့်ရှင်းလာပြီး ငါးများ၏ ကျန်းမာရေးကောင်းလာစေကာ အထွက်တိုးစေပါသည်။
တိရစ္ဆာန်အတွက် ပြုလုပ်သော ဘိုကာရှီကို ငါးစာထဲ (၁-၅%) ရောထည့် ကျွေးနိုင်ပါသည်။ အီးအမ်ကို ပုစွန်မွေးမြူရေးတွင်လည်း အသုံးပြုနိုင်ပါသည်။
မှတ်ချက်။ ။
မွေးမြူရေးတွင် အီးအမ်နှင့် ပဋီဇီဝဆေးတွဲ မသုံးပါနှင့်။ တွဲဖက်သုံးလိုလျှင် ရက်ခြားသုံးပါ။ အီးအမ်ကို အပြည့်အဝ ထိထိရောက်ရောက်သုံးလျှင် ပဋိဇီဝဆေး သုံးရန်မလိုပါ။
အီးအမ်ကိုပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင်အသုံးပြုခြင်း
အီးအမ်ကိုရေဖြင့် (၁:၁၀၀-၅၀၀)နှုန်းရော၍ အမှိုက်ပုံကို အစိုဓာတ် (၁၀-၃၀%) ထိရောက်အောင် ဖျန်းပေးခြင်းဖြင့် အနံ့ဆိုးများ သက်သာပျောက်ကင်းသွားပြီး ယင်ကောင်များလည်း လျော့နည်းသွားပါမည်။
အီးအမ်ကို ရေဆိုးမြောင်း သို့မဟုတ် မိလ္လာကန်ထဲရှိ အရည်ထုထည်၏ (၁%)ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများ ပျောက်ကင်းခြင်း၊ မိလ္လာထုထည် သိသာစွာ လျော့ကျစေခြင်း၊ ရောဂါပိုးများသေစေခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ အီးအမ်ကို လယ်ကွင်းထဲ ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများပျောက်ကင်းစေခြင်း၊ မိလ္လာထုထည် သိသာစွာ လျော့ကျစေခြင်း၊ ရောဂါပိုးများသေစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ အီးအမ်ကို လယ်ကွင်းထဲထည့်ပေးခြင်းဖြင့် လယ်ကွင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်ခြင်းကို လျော့ချစေနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်နိုင်ပါသည်။ အများသုံးအိမ်သာများတွင် အီးအမ်ကို (၁:၁၀၀)နှုန်း ရေရော၍ မကြာခဏ (အသုံးများမှုပေါ် မူတည်၍ တစ်နေ့လျှင် (၂-၅) ကြိမ် ဖျန်းပေးခြင်းဖြင့် အနံ့ဆိုးများ သက်သာစေပြီး ရောဂါပိုးပျံ့နှံမှုကိုလည်း ထိန်းချုပ်နိုင်ပါသည်။
စက်ရုံအလုပ်ရုံများမှ ထွက်သောရေဆိုးများကိုလည်း အီးအမ်ဖြင့် သန့်စင်အောင် လုပ်နိုင်ပါသည်။ ရေဆိုးပမာဏ၏ (၀.၀၁-၀.၁)ရာခိုင်နှုန်းထိ နေ့စဉ်ထည့်ပေးရပါမည်။ အီးအမ်ဖြင့် ကန်ရေများသန့်အောင် ဆောင်ရွက်ရာတွင် ကန်အောက်ခြေသို့ အီးအမ်ရောက်ရန်လိုပါသည်။ ထိုအခါ အီးအမ်ဘိုကာရှီ ဘောလုံးများပြုလုပ်၍ ကန်ထဲထည့်ပေးခြင်းဖြင့် အီးအမ်ကို ကန်အောက်ခြေအနှံ့ရောက်အောင် လုပ်နိုင်ပါသည်။ ထို့ပြင် အီးအမ်ဖြင့် မြစ်၊ချောင်းများထဲမှ ရေများကို သန့်စင်ရာတွင် ရေစီးနေသဖြင့် အီးအမ်အရည်ဖျန်းခြင်းထက် အီးအမ်ဖြင့် မြစ်၊ ချောင်းများထဲတွင် ရေကန်ထဲထည့်ခြင်းက ပို၍အာနိသင် ကောင်းစေပါသည်။ အီးအမ်ဘိုကာရှီ ဘောလုံးများသည် ရေအောက်တွင်နှစ်မြုပ်နေပြီး အဏုဇီဝများကို ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးနေသဖြင့် အဏုဇီဝများရေဖြင့် မျောပါပျောက်ဆုံးခြင်း သက်သာစေပြီး ရေရှည်အာနိသင်ရှိစေပါသည်။
ရေးသားသူ-ပါမောက္ခဆရာကြီး ဒေါက်တာမြင့်လွင် (အကျိုးပြုအဏုဇီဝ အီးအမ် နည်းပညာ)
![likes](../heart.webp)
![comments](../comments.webp)
![views](../views.webp)