cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
( ၂၃ . ၉ . ၂၀၂၄ မှ ၂၇ . ၉ .၂၀၂၄ ရက်နေ့အတွင်း)
  • မတ်ပဲ

    ---------

    အရင်တစ်ပတ်ကစျေးကျခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာတော့ စျေးနှုန်း ပြန်တက်လာပါတယ်။

    နိုင်ငံခြားငွေ စျေးကွက်ကျဆင်းသွားပေမယ့် FOB စျေးနူန်းတက်လာပြီး ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းခြင်း ၊ ရန်ကုန်အဝယ်ရှိခြင်း၊ ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း၊ပို့ကုန်ရငွေဖြေလျှော့မှုတွေကြောင့် မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်တာဖြစ်တယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတစ်ပတ် တနင်္လာနေ့က သိန်း ၄၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၉၇၃၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၉၆၇၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၉၉၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၉၇၇၀၀၀ ကျပ်ရှိပါတယ်။

    အရင်တစ်ပတ် နဲ့ယှဥ်ရင် တစ်တန်ကို ၂၆၀၀၀ ကျပ်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၈၅၀၀၀ ကျပ်ရှိလို့အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ်အတက်ပြ ပါတယ်။

    ပဲစင်းငုံ 

    -------

    ပဲစင်းငုံ ကတော့ အခုတစ်ပတ်ပထမနှစ်ရက်မှာ စျေးနှုန်း အတက်ပြခဲ့ပေမယ့်နောက်ရက်တွေမှာ ဆက်တိုက်ပြန်ကျဆင်းသွားခဲ့ပါတယ်။

    ပဲစဥ်းငုံကို ပြည်ပ တင်ပို့မှုရှိပြီး FOB စျေးလည်းမကျပေမယ့် နိုင်ငံခြားငွေ စျေးကျဆင်းခြင်း၊ အရောင်း ဝယ်အေးတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာပါ။

    ပဲလက်ကျန်ကလည်းမရှိသလောက်နည်းတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၉၅၀၀၀၀၊ အင်္ဂါနေ့က ၄၈၉၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄၈၅၀၀၀၀၊ ကြာသပတေးနေ့မှာ ၄၈၀၀၀၀၀ ကျပ်၊သောကြာနေ့မှာ ၄၇၉၅၀၀၀ ကျပ်ရှိပါတယ်။

    မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာ ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။

    ပဲတီစိမ်း

    ---------

    ပဲတီစိမ်းကတော့ ရန်ကုန်မှာ အတက်အကျမရှိဘဲ အရင်တစ်ပတ်ကအတိုင်း စျေးဆက်ငြိမ်နေပြီး မန္တလေးစျေးကွက်မှာ ကျရိပ်ပြပါတယ်။ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀ ကြား ပေါက်ဈေးရှိနေပြီး ဈေးငြိမ်​နေတာပါ။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

    မြေပဲ

    ------

    မြေပဲကတော့ ဩဂုတ်လတတိယပတ်လောက်ကစလို့ စျေးတွေဆက်တိုက်ကျဆင်းခဲ့တာ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပါတယ်။

    စျေးကွက်ထဲကို မြေပဲအသစ်တွေလှိုင်လှိုင် ဝင်ရောက်နေတဲ့အပြင်ဆီစက်တွေကလည်း စျေးချဝယ်နေတာကြောင့် မြေပဲစျေးကွက်ကျနေတာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၁၀၀ မှ ၈၅၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၀၀၀ မှ ၈၂၀၀ ကျပ်၊ S1 ဆီဆံက ၇၀၀၀ မှ ၇၅၀၀ ကျပ်ရှိပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင်  တစ်ပိဿာကို အမျိုးအစားနဲ့ အရည်အသွေးပေါ်လိုက်ပြီး ၅၀၀ မှ ၇၀၀ ကျပ် စျေးထပ်ကျသွားပါတယ်။

    ပြောင်း

    --------

    ပြောင်းဆံစျေးကတော့ ယခုတစ်ပတ်မှာ ရန်ကုန်၊ မန္တလေးစျေးကွက်အားလုံးမှာ စျေးတန်းငြိမ် လာပါတယ်။

    ရှမ်းပြည်နယ် အပါအဝင်ဒေသအများစုမှာရေကြီးနစ်မြုပ်မှု​ဖြစ်ပွားမှုကြောင့် ပြောင်းဆံတွေအရောင်းနည်းသွားခြင်း၊ ပြည်တွင်းလက်ကျန်နည်းခြင်း၊ ပြည်တွင်းအစာစပ်စက်ရုံတွေက ဝယ်လိုအားရှိပေမယ့်လည်း ပြည်ပတင်ပို့မှုလျော့သွားလို့ ပြောင်းဆံစျေးက ထပ်တက်မလာဘဲ ယခင်အတက်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ် ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်နဲ့စျေးငြိမ်နေပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၀၀၀၀ မှ ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၅၀၀၀ ကျပ်နဲ့ အရင်အပတ်ကအတိုင်း စျေးငြိမ်ပါတယ်။ 

    AMIA

    --------


  • article
likes
4
comments
0
views
2033