မတ်ပဲစိုက်ခင်းတွင် ရေသွင်းရေထုတ် စီမံခန့်ခွဲခြင်း
မတ်ပဲပန်းပွင့်ချိန်၊ သီးတောင့်စတင်ဖြစ်ထွန်းချိန်
- ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး အစိုဓာတ်လိုအပ်ပါက မတ်ပဲစိုက်ခင်းအား ရေသွင်းပေးရန် လိုအပ်ပါသည်။
- မတ်ပဲခင်းများတွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ပဲတောင့်ဖြစ်ထွန်းသည့် အဆင့်တို့တွင် ရေသွင်း သင့်သော်လည်း စိုက်ခင်းထဲတွင် ရေများ ဝပ်မနေသင့်ပါ။
- မျိုးစေ့မချမှီ စိုက်ခင်းမြေသည် လွန်စွာခြောက်သွေ့နေပါက တကြိမ်ခန့် ရေသွင်းပေးခြင်းသည် မျိုးညှောင့်ပေါက်နှုန်းအား ကောင်းမွန်စေပါသည်။
- ဆောင်းရာသီတွင် ရေသွင်းဖို့ အဆင်ပြေလျှင် သီးတောင့် ဖြစ်ထွန်းသည့် အဆင့်တွင် ရေပါးပါး သွင်းပေးပါက အထွက်နှုန်း တိုးစေ နိုင်ပါသည်။
- သီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ခင်းသို့ ရေသွင်းရာတွင် စိုက်ပျိုးမြေ အနေအထားနှင့် ရာသီဥတု အခြေအနေပေါ်တွင် မူတည်၍ ချိန်ဆ သွင်းပေးရပါမည်။
- မျိုးညှောင့်ပေါက် ညီညာစေရန်အတွက် သင့်တော်သော မြေကြီးအစိုဓာတ်သည် အရေးကြီးသည်။(မျိုးစေ့ချပြီး ၃ပတ်အတွင်း)။
- ခြောက်သွေ့သော အခြေအနေတွင် ရေသွင်းခြင်းကို ၄ရက်ခြားတစ်ခါ ဆောင်ရွက်ပေးသင့်ပါသည်။
- မျိုးစေ့ချပြီးနောက် ၃ပတ်အကြာတွင် လိုအပ်ပါက ရေသွင်းခြင်းကို ရရက်တစ်ခါ ဆောင်ရွက်ပေးသင့်သည်။
- ပဲတောင့်ရင့်လာချိန်တွင် ရေသွင်းခြင်း မလိုအပ်တော့ပါ။ လုံလောက်သော မြေအစိုဓာတ် ရရှိရန် မရှိမဖြစ် အလိုအပ်ဆုံး အချိန်မှာ ပင်ညှောင့်ပေါက်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် အစေ့အဆန်တည်ချိန်တို့ဖြစ်သည်။
- ပုံမှန်အားဖြင့် မတ်ပဲစိုက်ခင်းသို့ ရေသွင်းပေးမည်ဆိုပါက ၁ဝရက်-၁၅ရက်ကြားတစ်ခါ ရေသွင်းပေး နိုင်ပါသည်။ သို့သော် စိုက်ခင်းအား ရေပိုလျှံစွာ မပေးမိစေရန်နှင့် ရေမဝပ်စေရန် သတိပြုပါ။