cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးရှိ ငါးမွေးတောင်သူဦးကြီးများအတွက် အကြံပြုချက်

. ငါးမွေးမြူရေးသတင်း
ကန်ရေ အပူချိန်တက်ရန် ထုံးထည့်ပေးရန်နဲ့ ရေချဉ်ဖန်နှုန်းမထိခိုက်စေရန် ချိန်ဆထည့်ပေးရန်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၈ မှ ၉၀ အထိ ရှိနိုင်ပါတယ်။အောက်တိုဘာလ ၄၊ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၀ ရှိနိုင်ပြီး အောက်တိုဘာလ ၁ ရက်တွင် မိုးရွာရန် ၈ ရာနှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁၄-၇၁ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃.၃C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၂C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၅ မှ ၇၈ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၁၅ သာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၄၀ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၇C အမြင့်ဆုံးအပူချိန် ၃၃ C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၅ မှ ၇၈ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၁၅ သာ ရှိနိုင်ပြီး စက်တင်ဘာလ ၁၊ ၄ ရက်တွင် မိုးရွာရန် ၄၀-၄၃ ရာခိုင်နှုန်းရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၆၅ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄C မှ အမြင့်ဆုံးအပူချိန် ၃၂.၈C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    - ယခုတစ်ပတ်အတွင်း မိုးရွာသောနေ့ရက်များရှိသလို နေသာသော နေ့ရက်များလည်း တွေ့လာရနိုင်တဲ့ အတွက် ငါးမွေးတောင်သူများအနေဖြင့် အောက်ပါအချက်တွေ လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုပါတယ် ခင်ဗျာ-

    - မိုးရွာပြီး နောက်ရက်များမှသာ အပူချိန်ကို ကြည့်၍ အစာကျွေးနှုန်းကို မူလနှုန်းတားပြန်ရောက်ရန် တဖြည်းဖြည်းချင်း ပြန်တိုးကျွေးရန်၊

    - ပုဇွန်ကန်များတွင် ကိုယ်ခံအားကောင်းစေရန်အတွက် ဗိုက်တာမင်စီ၊ သတ္ထုနဲ့ ဇီဝအားဆေးများကို အစာ ကျွေးချိန်ထည့်ကျွေးရန်၊

    - ကန်ရေ အပူချိန်တက်ရန် ထုံးထည့်ပေးရန်နဲ့ ရေချဉ်ဖန်နှုန်းမထိခိုက်စေရန် ချိန်ဆထည့်ပေးရန်၊

    Weather Source: CIAT


  • article
likes
2
comments
0
views
957