ပဲခူးတိုင်းဒေသကြီးရှိမတ်ပဲသီးနှံစိုက်ဖို့ပြင်ဆင်နေသောတောင်သူဦးကြီးများအတွက် အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၈ မှ ၉၀ အထိ ရှိနိုင်ပါတယ်။အောက်တိုဘာလ ၄၊ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၀ ရှိနိုင်ပြီး အောက်တိုဘာလ ၁ ရက်တွင် မိုးရွာရန် ၈ ရာနှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁၄-၇၁ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃.၃C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၂C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၅ မှ ၇၈ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၁၅ သာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၄၀ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၇C အမြင့်ဆုံးအပူချိန် ၃၃ C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၅ မှ ၇၈ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂ ရက်တွင် မိုးရွာရန် ရာနှုန်း ၁၅ သာ ရှိနိုင်ပြီး စက်တင်ဘာလ ၁၊ ၄ ရက်တွင် မိုးရွာရန် ၄၀-၄၃ ရာခိုင်နှုန်းရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၆၅ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄C မှ အမြင့်ဆုံးအပူချိန် ၃၂.၈C ထိရှိနိုင်ပါတယ်ခင်ဗျာ။
မြေညီညာရန်နှင့် စိုက်ထယ်ရေးကောင်းရန် ထယ်ထိုး၊ ထွန်မွှေ ပြုလုပ်ပါ။ မြေပြင်ချိန်မှာ (၁)ဧကလျှင် မြေဆွေး (သို့) နွားချေးကိုလှည်း (၁၅ - ၂၀) စီးခန့် ထည့်ပါ။ အခြေအနေပေးပါက စိုက်မည့် မြေကို မြေချဥ်ငံကိန်းကို စစ်ဆေးပေးပါ။ မတ်ပဲသည် မြေချဉ်ငံကိန်း (၅.၅ - ၇)ကြားတွင် စိုက်ပျိုးအောင်မြင်နိုင်ပါသည်။ အထွက်ကောင်းပြီး ရောဂါ၊ ပိုးမွှား၊ ရာသီဥတု ဒဏ်များကိုခံနိုင်ရည်ရှိသော မျိုးစေ့ကိုရွေးချယ်စိုက်ပေးပါ။ အစိုက်များသော မျိုးများကတော့ ရေဆင်း-၂၊ ရေဆင်း- ၄၊ ပုလဲထွန်း၊ ရေဆင်း- ၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး၊မင်းလှထွန်းမျိုး ။မျိုးစေ့ များကို မစိုက်မှီ မျိုးညှောင့်ပေါက်နှုန်းစမ်းသပ်ကြည့်ခြင်းဖြင့်မျိုးစေ့နှုန်းထားကို မှန်းဆနိုင်မည်ဖြစ်သည်။ မျိုးစေ့က အစိုဓါတ်နည်းပါက- မျိုးစေ့များကို တစ်ညရေစိမ်ပြီးမှစိုက်ပျိုးပါ။ မျိုးစေ့များကို မစိုက်ပျိုးမှီ မျိုးစေ့လူးနယ်ဆေး သို့မဟုတ် ထရိုခိုဒါးမား စသည်တို့ဖြင့်လူးနယ်စိုက်ပျိုးသင့်ပါတယ်။ မြေခံအဖြစ် တစ်ဧက ယူရီးယား ၁၄ကီလို (၉ပိဿာ) ၊ တီစူပါ ၄၀ ကီလို (၂၄ ပိဿာ)၊ ပိုတက် ၃၀ကီလို (၁၈ ပိဿာ) နှုန်း ထည့်သွင်းနိုင်ပါတယ်။
ရာသီဥတုဆိုင်ရာ အကြံပေးချက်
- မိုးရွာရန်ရာခိုင်းနှုန်းသည် ပုံမှန်ထက် လျော့နည်းနိုင်သောကြောင့် မိမိစိုက်ခင်းအတွင်း မြေသြဇာထည့်ခြင်း၊ ဆေးဖျန်းခြင်း၊ အခြောက်လှန်းခြင်းစသောလုပ်ငန်းများကိုဆောင်ရွက်နိုင်သောရာသီဥတုအခြေအနေရှိနိုင်ပါတယ်။
Weather Source: CIAT
![likes](../heart.webp)
![comments](../comments.webp)
![views](../views.webp)