တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာနိုင်ချေ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အဆိုပါရက်မှာ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ဝ ရာခိုင်နှုန်းမှ ၉၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂ဝ.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
ပွင့်ဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့မှ(၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေ ဖြင့် ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး အဆိုပါရက်မှာ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၃.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
မင်းဘူးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး အဆိုပါရက်မှာ မိုးရွာရန် ရာခိုင် နှုန်းမှာ ၉ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၃.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စလင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး အဆိုပါရက်မှာ မိုးရွာရန် ရာခိုင် နှုန်းမှာ ၉၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၃.၁ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး အဆိုပါရက်မှာ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂ဝ.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
ဒီတစ်ပတ်မှာတော့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများတွေကို အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ-
နှစ်စဥ်ပဲစိုက်ရာသီတိုင်း မြစ်ခြောက်ဆွေးရောဂါဆိုးရွားစွာကျလေ့ရှိပါက မြေပြုပြင်ချိန်မှာ ကတည်းက Trichoderma (ထရိုင်ဂိုဒါးမား) ကိုမြေကြီးတွင် သေချာထည့်သွင်း ပြုပြင်ပေးပါ။
- ထရိုင်ဂိုဒါးမား ထည့်သွင်းချိန် မြေကြီးတွင် သင့်လျော်သောအစိုဓာတ်ရှိရပါမယ်။
- ထရိုင်ဂိုဒါးမား ထည့်ပြီး ၅-၇ ရက်အကြာမှ မြေခံမှိုသတ်ဆေးကို သုံးစွဲသင့်ပါတယ်။
- မြေခံမှိုသတ်ဆေးအဖြစ် Azoxystrobin ကို 45-90 ဂရမ်/ဧက အသုံးပြုနိုင်ပါတယ်။
- အားလုံးပြီးမှ ပဲကြဲစိုက်ပျိုးပေးပါ။
- ရောဂါကင်းစင်သောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
ရာသီဥတုဆိုင်ရာ အကြံပေးချက်
- ရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံးစွဲပက်ဖျန်းမည်ဆိုပါက ပက်ဖျန်းပြီး အနည်းဆုံး (၂-၆ နာရီ) အတွင်း မိုးမရွာသွန်းဖို့လိုပါတယ်။
- ဒါကြောင့် ဆေးမဖျန်းမီ မိုးလေဝသကိုကြိုတင်တွက်ချက်ကြည့်ဖို့အကြံပြုလိုက်ပါတယ်။
ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
မိုးကာလဖြစ်တဲ့အတွက် ကန်ရေ ချဉ်ဖန်နှုန်းကျတတ်ပါတယ်။ ဒါကြောင့် ကန်ထဲကို ထုံးထည့် စေချင်ပါတယ်။ ရေချဉ်ဖန်နှုန်း မြန်မြန်မြင့်တက်လာဖို့ဆိုရင် ကန်ဧရိယာ 1000 m3 မှာ ထုံး ၂ဝ ကနေ ၃၀ ကီလို ဂရမ်အထိ ထည့်ပေးစေလိုပါတယ်။ ကောင်းတာကတော့ ရေဖျော်ပြီး ထည့်ပေးဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။