cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် စပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
စပါးရိတ်သိမ်းချိန်တွင် သတိထားဆောင်ရွက်သင့်သော အချက်များ အကြံပြုလိုက်ပါတယ်ခင်ဗျာ။
  • ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ ၁၀ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၉၀)အထိ ရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးဆက်တိုက်ရွာသွန်းနိုင်သော အခြေအနေနည်းပါးခြင်းကြောင့် စပါးရိတ်ဖို့ပြင်ဆင်နေသောတောင်သူဦးကြီးများ အတွက် အဆင်ပြေနိုင်ပါတယ်။ စပါးရိတ်သိမ်းချိန်တွင် သတိထားဆောင်ရွက်သင့်သော အချက်များ အကြံပြုလိုက်ပါတယ်ခင်ဗျာ။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်းမှ (၆၇) ရာခိုင်နှုန်းအထိရှိပါသည်။ အောက်တိုဘာလ ၆၊၇ ရက်နေ့ တွင်မိုးရွာရန် ရာနှုန်း ၂၅ ခန့်ရှိနိုင်ပြီး အောက်တိုဘာလ ၈၊ ၉ ရက်နေ့ တွေမှာ မိုးရွာရန် ၆၄-၆၇ ရာခိုင်နှုန်းမှာရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၄၀ မှ ၄၇ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အောက်တိုဘာလ ၄ ရက်နေ့မှာ ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃.၉ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၇၅) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၅၊ ၆၊ ၇ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၀ - ၄၅ ထိသာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၅၅ နှင့် ၇၅ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၆ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၂၅ သာ ရှိနိုင်ပြီး ကျန်သောရက်များတွင် ၅၅ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၁)ရာခိုင်နှုန်းမှ (၆၉) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ စက်တင်ဘာလ ၅ ရက်နေ့မှာ မိုးရွာရန် ၁၁ ရာခိုင်နှုန်းရှိနိုင်ပြီး အမြင့်ဆုံး အပူချိန် ၃၂.၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅.၆°C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၁) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့တွင် မိုးရွာရန် ၁၁ သာ ရှိနိုင်ပြီး အောက်တိုဘာလ ၉ ရက်မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်း တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၂၅ မှ ၆၉) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ၄၁ ရာခိုင်နှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၉၊ ၁၀ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၈၄-၈၇ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များတွင် မိုးရွာရန် (၅၇ မှ ၆၃) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၉ ရက် နေ့များတွင် မိုးရွာရန်ရာနှုန်း ၉၀ ထိ ရှိနိုင်ပြီး အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၀.၄°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၇ °C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၇၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၄၊ ၆ ရက် နေ့တွင် မိုးရွာရန် ရာနှုန်း ၂၅ သာ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၄၁ မှ ၇၁ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၉၊ ၁၀ ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်းနှုန်း ၉၀ တွင် ရှိနိုင်ပြီး ကျန်သောရက်များတွင်မိုးရွာရန် ရာခိုင်နှုန်း ၃၉ မှ ၇၅ အတွင်းရှိနိုင်ပါတယ်။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၇°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၄၁ ဖြစ်ပြီး အောက်တိုဘာလ ၄၊ ၁၀ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၈၄-၈၇ ထိရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၄)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၅၊ ၆၊ ၇ ရက်နေ့များ တွင် မိုးရွာရန် ၆-၁၇ ရာနှုန်းသာ ရှိနိုင်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာရန် ၈၇ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များမှာ ၆၅ မှ ၇၄ ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၁၀ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၂၅-၆၇ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၄၊ ၇ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၃၈ သာ ရှိနိုင်ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ကျန်ရက်များတွင် (၄၀-၇၃)ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၆)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် မှ အောက်တိုဘာလ ၁၀ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ရာခိုင်းနှုန်း ၂၅ သာ ရှိနိုင်ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅ မှ ၇၉ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    စပါးရိတ်သိမ်းချိန်တွင် သတိထားဆောင်ရွက်သင့်သောအချက်များ

    တစ်နှံပါ စပါးစေ့ ၈၀ - ၈၅ % ရင့်မှည့်ချိန် (သို့မဟုတ်) မောင်းညိုချိန်တွင် ရိတ်သိမ်းပါ။

    မရိတ်သိမ်းခင် ၇ - ၁၀ ရက်အလိုတွင် ကြိုတင်ပြီး ရေထုတ်ထားပေးပါ။

    စပါးရိတ်သိမ်းပြီးနောက် လေ့လွင့်ဆုံးရှုံးမှုနည်းအောင် ခြွေလှေ့သန့်စင်ပေးပါ။

    ခြွေလှေ့ပြီးသော စပါးများကို နေလှန်းအခြောက်ခံရာတွင် လေဝင်လေထွက် ကောင်းစေရန်အတွက် စပါးပုံ၏အမြင့်ကို အများဆုံး ၂ လက်မခန့် အထူသာထားပြီး ဖြန့်ထားပေးပါ။

    နေလှန်းခါနီးတွင် ရာသီဥတုအခြေအနေကိုသေချာစစ်ဆေးပြီးမှ လုပ်ဆောင်ပါ။

    စပါးပုံအား နာရီဝက်တစ်ခါ အထက် အောက် လှန်ပေးပါ၊ ညပိုင်းတွင် မိုးကာစများဖြင့် အုပ်ပေးထားပါ။

    အစိုဓာတ်များပါက မှိုများပေါက်ပွားနိုင်ပြီး အရည်အသွေးကျနိုင်ပါတယ်။

    အပူချိန် မြင့်မားလွန်းသောနေရာတွင် အချိန်ကြာမြင့်စွာ နေလှန်းပါက စပါးစေ့များ အက်ကွဲပြီး ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    မိုးကာလဖြစ်တဲ့အတွက် ကန်ရေ ချဉ်ဖန်နှုန်းကျတတ်ပါတယ်။ ဒါကြောင့် ကန်ထဲကို ထုံးထည့် စေချင်ပါတယ်။ ရေချဉ်ဖန်နှုန်း မြန်မြန်မြင့်တက်လာဖို့ဆိုရင် ကန်ဧရိယာ 1000 m3 မှာ ထုံး ၂ဝ ကနေ ၃၀ ကီလို ဂရမ်အထိ ထည့်ပေးစေလိုပါတယ်။ ကောင်းတာကတော့ ရေဖျော်ပြီး ထည့်ပေးဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    Weather Source: CIAT

    -----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
6
comments
2
views
2568