cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေယာများပေါ်တွင် သီးနှံများပြောင်းလဲစိုက်ပျိုးပေးခြင်းဖြင့် ပိုးမွှားအန္တရာယ်ကျရောက်မှုကို ကာကွယ်နိုင်

. စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများ
“တောင်သူတွေဖြစ်နေတဲ့ စိုက်ပျိုးရေးအခက်အခဲတွေက ဘာလဲဆိုရင် များသောအားဖြင့်တော့ သီးနှံကို တစ် မျိုးတည်းစိုက်ပျိုးနေကြတာ။
  • မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသော တောင်သူလယ်သမားမျာအနေဖြင့် မိမိတို့မြေယာများပေါ်တွင် သီးနှံများကိုနှစ်စဉ်နှစ်တိုင်း ပြောင်းလဲစိုက်ပျိုးပေးခြင်းအားဖြင့် ပိုးမွှားကျရောက်မှုအခြေအနေကို ကာကွယ်နိုင်ကြောင်း သိရသည်။

    “တောင်သူတွေဖြစ်နေတဲ့ စိုက်ပျိုးရေးအခက်အခဲတွေက ဘာလဲဆိုရင် များသောအားဖြင့်တော့ သီးနှံကို တစ် မျိုးတည်းစိုက်ပျိုးနေကြတာ။ စပါးစိုက်တဲ့နေရာဆိုရင် စပါးတစ်မျိုးတည်းစိုက်တယ်။ ပဲစိုက်တဲ့နေရာဆိုရင်လည်း ပဲကိုဘဲ စိုက်တယ်။ တစ်နေရာတည်းမှာ သီးနှံတစ်မျိုးတည်းကို စွဲပြီးစိုက်ပျိုးတယ်ဆိုရင်တော့ ရောဂါပိုးမွှားကို လက်ယက်ခေါ်နေသလို ဖြစ်နေမှာဘဲ။ ပိုးမွှားဖျက်တာ ရောဂါဖြစ်လာတာကို မနိုင်ဘူးဆိုတော့ ဓာတုဆေးဝါးတွေကို အရင်က

    ထက် ပိုသုံးလာတယ်။ ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့လာနိုင်တယ်ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်က ပြောသည်။

    စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူလယ်သမားများအနေဖြင့် လုပ်ငန်းခွင်တွင် အသုံးပြုရသည့် သွင်းအားစုများ အသုံးပြုချခြင်းကို ကောင်းမွန်စွာမသိရှိဘဲ ခန့်မှန်းချေဖြင့် လုပ်ဆောင်နေခြင်းကြောင့် သီးနှံအထွက်နှုန်းများ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာပြီး မြေပျက်စီးမှုများလည်း ကြုံတွေ့လာနိုင်ကြောင်း သိရသည်။

    ပိုးမွှားအန္တရာယ်ကြုံတာတို့ ရောဂါကြုံရတာတို့ဆိုရင် တောင်သူတွေက ဆေးကို နှစ်ဆပိုသုံးလာတယ်။ ဆေးအသုံးပြုရမယ့်နှုန်းထားတွေကိုလည်း တောင်သူက သေချာနားမလည်ဘူး။ ဆေးတစ်ခုကို သုံးမယ်ဆိုရင် ဒီဆေးအကြောင်းကို နားလည်ဖို့ အများကြီးလိုအပ်တယ်။ ဆေးအသုံးပြုပုံကို တိတိကျကျလမ်းညွှန်နိုင်တဲ့ ဆေးရောင်းသူနဲ့တွေ့ရင် တောင်သူဘက်မှာအဆင်ပြေနိုင်သလို မတွေ့ရင်တော့ တောင်သူက အဆိပ်နဲ့ရင်းပြီးတော့ ကစားနေရတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရတယ်။

    ဒါကတော့ ဓာတုဆေးဝါးတွေရဲ့ အန္တရာယ်ပေးနိုင်မှုတွေ ဖြစ်တယ်။ ဓာတ်မြေသြဇာဆိုတာလည်း မြေကို ကျွေးတာထက် သီးနှံလိုအပ်တဲ့ အာဟာရကို ကျွေးတာဆိုတော့ သီးနှံက ဘာအာဟာရက ဘာလိုတာလဲ ကိုယ့်မြေက ဘယ်လိုရှိတယ်။ ကိုယ်ဘာထပ်ကျွေးဖို့ လိုအပ်တယ်ဆိုတာ တွက်ချက်ထားတာတွေလည်း မရှိဘူး။ ခန့်မှန်းချေနဲ့ဘဲ လုပ်နေတာများတယ်“ဟု ဒေါက်တာသန်းသန်းစိန်က ပြောသည်။

    စိုက်ပျိုးမြေများပေါ်တွင် နှစ်စဉ် သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် တောင်ပေါ်ဒေသဖြစ်ပါက ဟင်းသီးဟင်းရွက်များကို ရောနှောစိုက်ပျိုးခြင်း၊ သီးနှံရောနှောစိုက်ပျိုးခြင်းများ ပြုလုပ်သင့်ကာ စပါးသီးနှံစိုက်ပျိုးရသည်ဆိုပါကလည်း အစိုးရပိုင်းအနေဖြင့် လိုအပ်ချက်ပမာဏကို တွက်ချက်ထုတ်ပြန်သင့်ကြောင်း ထိုသို့ စိုက်ပျိုးထားခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ကြုံတွေ့ရပါက စိုက်ပျိုးထားသည့် သီးနှံအမျိုးအစား မတူညီသည့်အတွက် ပျက်စီးဆုံးရှုံးမှုကာကွယ်ရေးပိုင်းတွင် အထောက်အပံ့များစွာဖြစ်နိုင်

    ကြောင်း သိရသည်။


  • article
likes
5
comments
0
views
1878