cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ

. သတင်းစုံ
ကျွန်တော်တို့ ဆောင်းရာသီစိုက် အတွက် ဖရဲ၊ သခွားမျိုး၊ ပြောင်း၊ ငရုတ်သီးမျိုးတွေ တရားဝင်တင် သွင်းလို့မရပါဘူး။
  • ပြည်တွင်းသို့ နိုင်ငံခြားမျိုးစေ့ များ တရားဝင်တင်သွင်းနိုင်ခြင်းမရှိသဖြင့်ဝတောင်သူများအနေဖြင့် မျိုးစေ့ ဈေးကြီးမြင့်ခြင်းနှင့် ပြည်တွင်းမျိုးစေ့များသာကို သုံးစွဲနေရ ကြောင်း တောင်သူများထံက သိရသည်။

    ပြည်တွင်း၌ စပါး၊ ပဲ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်၊ ပဲမျိုးစုံတို့မှာ ပြည်တွင်းမျိုးများဖြင့် လည်ပတ် အဆင်ပြေနေသော်လည်း ပြောင်း၊ ငရုတ်၊ ခါကျက်ဥ၊ ဖရဲ၊ သခွား နှင့် စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်များမှာ နိုင်ငံခြားမျိုးများ ကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ရာ လက်ရှိအချိန်တွင် အသစ်ဝင်ရောက် သည့် မျိုးစေ့မရှိသဖြင့် မျိုးဈေး ကွက်တွင် ဈေးကြီးမြင့်မှုများနှင့် ဝယ်ယူရရှိရန် အခက်ခဲရှိကြောင်း ဖရဲ၊ သခွားစိုက်တောင်သူတစ်ဦး က ပြောသည်။

    `` လက်ရှိပြည်တွင်းကို မျိုးစေ့ တင်သွင်းဖို့ အခက်ခဲရှိနေပါတယ်။ တချို့လည်း ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းပြီး ဈေးကြီးမြင့်နေတာ မျိုးဖြစ်နေပါတယ်။ ပြည်တွင်း မျိုးစေ့ကုမ္ပဏီများမှာလည်း မျိုးစေ့ ပြတ်လပ်မှုများရှိနေပါတယ်။ ကျွန်တော်တို့ ဆောင်းရာသီစိုက် အတွက် ဖရဲ၊ သခွားမျိုး၊ ပြောင်း၊ ငရုတ်သီးမျိုးတွေ တရားဝင်တင် သွင်းလို့မရပါဘူး။ ဒီတော့ တောင် သူတွေက တရားဝင်ကုမ္ပဏီတွေ ကနေ မျိုးစေ့ဝယ်မရတော့ ဈေး ကွက်ထဲမှာရှိတဲ့ မျိုးတွေကိုပဲ စွန့်စားဝယ်ယူ စိုက်ပျိုးနေရပါ တယ်။ စပါးနှင့် ပဲမျိုးစုံတွေ ကတော့ နိုင်ငံခြားကနေ မတင် သွင်းရသော်လည်း ငရုတ်မျိုးကစ အခြားဟင်းသီးဟင်းရွက်တွေက နိုင်ငံခြားက တင်သွင်းတဲ့ မျိုးစေ့ တွေကို စိုက်ပျိုးနေတာပါ´´ဟု ၎င်းက ပြောသည်။

    ပြည်ပပို့ကုန်တန်းဝင် ဖရဲ၊ သခွားမျိုးများမှာ တရားဝင်တင် သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ ပြီး စိုက်ပျိုးနိုင်မှသာ အရည် အသွေးကောင်း အသီးများရရှိပြီး ပို့ကုန်တန်းဝင်အောင် တင်ပို့နိုင် ခြင်းရှိမည် ဖြစ်သည်။

    အလားတူ ပြည်ပနိုင်ငံများ သို့ ပြန်လည်တင်ပို့နေသည့် ငရုတ် မျိုးများမှာလည်း ပြည်ပမှ တင် သွင်းစိုက်ပျိုးနေခြင်းဖြစ်ရာ လက် ရှိအချိန်တွင် မျိုးဈေးကြီးမြင့်ခြင်း နှင့် မျိုးအရည်အသွေးမမှန်ခြင်း များကို တောင်သူများ ကြုံတွေ့ နေရသည်။

    ပြည်တွင်းပြောင်းစိုက်ပျိုးမှု မှာလည်း လက်ရှိအချိန်တွင် ရာသီ ဥတုအခြေအနေများကြောင့် ပြောင်းစိုက်ပျိုးရာ ဒေသများတွင် မျိုးစေ့အခက်အခဲ၊ စိုက်ပျိုးစရိတ် ကြီးမြင့်မှုများ၊ စက်သုံးဆီဈေးကြီး မြင့်မှုများကြောင့် ပြောင်းစိုက်ဧက များ လျော့ကျလျက်ရှိသည်။

    နိုင်ငံခြားငွေသုံးစွဲတင်သွင်းမှု တွင် မျိုးစေ့များ တင်သွင်းမှုကို ဦးစားပေးစာရင်းတွင် မပါရှိသော ကြောင့် ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ ကြောင်း မျိုးစေ့ဈေးကွက်မန် နေဂျာတစ်ဦးက ပြောသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
5
comments
0
views
2351