ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၂၅ မှ ၇၅ အထိ ရှိနိုင်ပါတယ်။အောက်တိုဘာလ ၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၅ ရှိနိုင်ပြီး အောက်တိုဘာလ ၁၀ ရက်တွင် မိုးရွာရန် ၂၅ ရာနှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၄၀-၆၁ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၄ မှ ၇၈ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၈၊ ၁၁ ရက်တွင် မိုးရွာရန် ရာနှုန်း ၇၀၊ ၇၈ ရှိနိုင်ပြီ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာရန် ၁၄ ရာခိုင်နှုန်းသာရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၃၉ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၉°C အမြင့်ဆုံးအပူချိန် ၃၃.၈ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၂၅ မှ ၇၈ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်တွင် မိုးရွာရန် ရာနှုန်း ၂၅ သာ ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၄၂ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၇°C မှ အမြင့်ဆုံးအပူချိန် ၃၃.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
နှစ်စဥ်ပဲစိုက်ရာသီတိုင်း မြစ်ခြောက်ဆွေးရောဂါဆိုးရွားစွာကျလေ့ရှိပါက မြေပြုပြင်ချိန်မှာကတည်းက Trichoderma (ထရိုင်ဂိုဒါးမား) ကိုမြေကြီးတွင်သေချာထည့်သွင်းပြုပြင်ပေးပါ။
ထရိုင်ဂိုဒါးမားထည့်သွင်းချိန် မြေကြီးတွင်သင့်လျော်သောအစိုဓာတ်ရှိရပါမယ်။
သီးနှံမစိုက်ခင် (၁) ပတ် ကြိုတင်ထည့်ပေးပါ။
ထရိုင်ဂိုဒါးမားထည့်ပြီး ၅-၇ ရက်အကြာမှ မြေခံမှိုသတ်ဆေးကိုသုံးစွဲသင့်ပါတယ်။
မြေခံမှိုသတ်ဆေးအဖြစ် Azoxystrobin ကို 45-90 ဂရမ်/ဧက အသုံးပြုနိုင်ပါတယ်။
ဗိုင်းရပ်စ်ရောဂါခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။
အစိုက်များတဲ့မျိုးတွေကတော့ - TBL 9,ရေဆင်း-၄ တို့ဖြစ်ပါတယ်။
မျိုးစေ့လူးနယ်စိုက်ပျိုးလိုပါက Thiram ဖြင့်မျိုးစေ့လူးနယ်နိုင်ပါတယ်။
ရာသီဥတုဆိုင်ရာအကြံပေးချက်
ရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသုံးစွဲပက်ဖျန်းမည်ဆိုပါက ပက်ဖျန်းပြီး အနည်းဆုံး (၂-၆ နာရီ) အတွင်း မိုးမရွာသွန်းဖို့လိုပါတယ်။
ဒါကြောင့် ဆေးမဖျန်းမီ မိုးလေဝသကိုကြိုတင်စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုတစ်ပတ်အတွင်း မိုးရွာနိုင်ခြေနည်းပါတယ်။ တဖြည်းဖြည်းနဲ့ ရာသီအကူးအပြောင်းကို ရောက်ရှိ လာတော့မှာဖြစ်တဲ့အတွက် ငါးရောဂါတွေ ဖြစ်တတ်လို့ ကြိုတင်ပြင်ဆင်ဖို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။ အထူးသဖြင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကျတတ်လို့ တစ်ဧကကို ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာကြိုထည့်ပေးဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Weather Source: CIAT