cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်လုပ်ငန်းရှင်များမှ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ရှိ

. သတင်းစုံ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping က ပြောပါတယ်။
  • တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီး မြှုပ်နှံရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping က ပြောပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့တို့ တွေ့ဆုံစဉ်ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ တွေ့ဆုံမှု၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်က ပြောကြားရာတွင် တရုတ်လုပ်ငန်းရှင်များမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ရှိကြောင်းနှင့် တရုတ်ခရီးသွားတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

    ထို့အတူ လာမည့် ၂၀၂၅ တွင် မြန်မာ-တရုတ်ဆက်ဆံရေး (၇၅)နှစ်ပြည့်ပြီဖြစ်၍ ချစ်ကြည်ရေးတိုးမြှင့်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း Ms. Gao Ping က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
2
comments
0
views
1441