ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် ၃၉ မှ ၉၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉) ရာခိုင်နှုန်းမှ (၇၁) ရာခိုင်နှုန်းအထိရှိပါသည်။ အောက်တိုဘာလ ၁၁၊ ၁၅၊ ၁၆ ရက်နေ့တွင်မိုးရွာရန် ရာခိုင်နှုန်း ၃၉-၄၀ ခန့်ရှိနိုင်ပြီး အောက်တိုဘာလ ၁၃၊ ၁၄၊ ၁၇ ရက်နေ့တွေမှာ မိုးရွာရန် ၆၉-၇၁ ရာခိုင်နှုန်းမှာရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၅၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃.၄ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၈၆) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၈၆ ထိ ရှိနိုင်ပြီး အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၇ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၃၉-၄၂ အတွင်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၆၈ - ၇၄ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၉၀ ရှိနိုင်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် ၄၃ မိုးရွာရန် ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၅ မှ ၈၀ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မိုးရွာရန် ၃၉ ရာခိုင်နှုန်းရှိနိုင်ပြီး အမြင့်ဆုံး အပူချိန် ၃၃.၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄.၆°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉) ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၇ ရက်နေ့တွင် မိုးရွာရန် ၇၀-၇၈ ထိ ရှိနိုင်ပြီး အောက်တိုဘာလ ၁၆ ရက်မှာ မိုးရွာရန် ၃၉ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၅၅မှ ၆၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၁၂၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၄၀-၄၅ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များတွင် မိုးရွာရန် (၆၀ မှ ၇၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၁၃ ရက် နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၈၀ ထိ ရှိနိုင်ပြီး အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၃.၄°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၂ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၁၁ ရက် နေ့တွင် မိုးရွာရန် ရာနှုန်း ၈၀ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၄၀ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၇၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၁)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၁၂ ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၉၀ တွင် ရှိနိုင်ပြီး ကျန်သောရက်များတွင်မိုးရွာရန် ရာခိုင်နှုန်း ၇၁ မှ ၈၂ အတွင်းရှိနိုင်ပါတယ်။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၇°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၀ ဖြစ်ပြီး အောက်တိုဘာလ ၁၁၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၄၀-၄၅ ထိရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၇°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၆၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ စက်တင်ဘာလ ၁၃၊ ၁၄၊ ၁၇ ရက်နေ့များ တွင် မိုးရွာရန် ၃၉ -၄၂ ရာနှုန်း ရှိနိုင်ပြီး ကျန်ရက်များမှာ ၅၇ မှ ၆၉ ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၁၂ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၈၀ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၄၀-၇၈ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၁၂၊ ၁၅ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၄၀-၄၅ ရှိနိုင်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များတွင် (၆၇-၇၃)ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် မှ ၁၇ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မိုးရွာရန် ရာခိုင်းနှုန်း ၉၀ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၅ မှ ၈၀ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
ပြီးခဲ့သောစပါးရာသီတွင် ပေါင်းများစွာကျရောက်ခဲ့ပါက စပါးသိမ်းပြီးပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်တွေကို ထွန်ဝင်ပြီးသေချာရှင်းလင်းပေးပါ။
- သီးနှံသက်တမ်း၏ ၃ပုံ၁ပုံ (ပဲပင်တစ်လသား) အတွင်းပေါင်းမြက်ကင်းစင်ရန်လိုအပ်ပါတယ်။
- ပေါင်းသတ်ဆေးအသုံးပြုရာတွင် ပေါင်းပင်နုစဥ် (အရွက်၂-၄ ရွက်ထွက်ချိန်) မှာဆေးဖျန်းခြင်းက အထိရောက်ဆုံးဖြစ်ပါတယ်။
- မြက်အုပ်စုပေါင်းများအတွက် Quizalofop-p-ethyl၊ Fenoxaprop-p-ethyl ၊ ရွက်ပြန့်ပေါင်းများအတွက် Fomesafen, 2,4 D ကိုရွေးချယ်နိုင်ပါတယ်။
ရာသီဥတုဆိုင်ရာအကြံပေးချက်
- ရာသီဥတုပူချိန်၊ နေပြင်းချိန်၊ မိုးရွာသွန်းနေချိန်တွင် ဆေးဖျန်းခြင်းကိုရှောင်ပါ။
- ပေါင်းသတ်ဆေးအသုံးပြုချိန်မြေကြီးတွင် လုံလောက်သောအစိုဓာတ်ရှိသင့်ပါတယ်။
ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
မိုးရွာသွန်းမှုနည်းလာပြီး ပူတလှည့် အေးတလှည့်ဖြစ်လာတဲ့အတွက် ငါးများ stress ဖြစ်ပြီး ရောဂါကျနိုင်ပါတယ်။ ဒါကြောင့် ယင်းကဲ့သို့သော ဒဏ်ကိုခံနိုင်ရန်အတွက် ဗိုက်တာမင်စီ၊ သတ္တုဓါတ်ပါသော အစားအစာများကျွေးပေးဖို့နဲ့ ဇီဝအားဆေးများ ငါးကန်အတွင်းထည့်သွင်းပေးသင့်ပါကြောင့် အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Weather Source: CIAT
-----------------------
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download